Photo – Mawkun
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှဆရာဝန်များယနေ့မနက်ပိုင်းတွင် ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်ကာ အာဏာသိမ်းတပ်မတော်အစိုးရကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း။
ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
ဆူပူသောင်းကျန်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် လူနာများနှင့် အာဏာသိမ်းတပ်မတော်ကို ထောက်ခံသည့်လူနာများကို လက်ခံကုသပေးမည်မဟုတ်ကြောင်း ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များက ယနေ့ထုတ်ပြန်သည်။
အများပြည်သူရွေးချယ်တင်မြှောက်ထားသည့်အစိုးရအား ဖမ်းဆီးပြီး အာဏာရယူမှု အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
Civil Disobedence Campaign နှင့် ဖဲကြိုးနီလှုပ်ရှားမှု Red Ribbon Movement တွင် ပါဝင်လှုပ်ရှားသည့် နိုင်ငံအနှံ့မှ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တစ်သားတည်း ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် အရေးပေါ်ဌာနဖြစ်သည့်အတွက် အများပြည်သူအား ဆေးကုသမှု ဆက်ပေးမည်ဖြစ်ပြီး မနိုင်းနင်းသည့် ဆရာဝန်အင်အားဖြင့် ကုသပေးနေရသည့်အတွက် ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေမှသာ ဆေးရုံသို့ လာရောက်ရန် ဆရာဝန်များက ပန်ကြားသည်။
#Dailynews

