ဦးမြတ်သူ
ဥက္ကဋ္ဌ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း
၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။
သန်းထိုက် မေးမြန်းသည်။
မော်ကွန်း။ ။ လွှတ်တော်အသစ်မှာ အတိုက်အခံတွေဘယ်လိုပုံစံ နဲ့ဖြစ်လာမလဲ။
ဦးမြတ်သူ။ ။ ကျွန်တော်တို့မြင်တာကတော့ အတိုက်အခံတွေ အရမ်းအင်အားနည်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အနိုင်ရ တဲ့ အမတ်တွေကြည့်မယ်ဆိုလည်း တချို့ဒီမိုကရက်တစ်ဖြစ်တဲ့ အမတ်တွေလည်းရှိတယ်။USDP က အမတ်တွေလည်း ရှိတယ်။ သူတို့တွေဆိုတာကလည်း Controversial( အငြင်းပွားဖွယ်) ဗျ။ တချို့ တချို့ ၊ စိုင်းမောက်ခမ်းတို့ဘာတို့ဆိုလည်း ကြိုတင်မဲတွေ ရောက်လာတယ်ပေါ့။ နောက်တစ်ခုက အတိုက်အခံဘက်က အမတ်တွေရဲ့ Quality (အရည်အချင်း)က ဘယ်လောက်ရှိမလဲ ပေါ့။ အဲဒါက လူနည်းတာ၊ များတာနဲ့ မဆိုင်ဘူး။ ကျွန်တော်ထင် တာက လူဦးရေအရေအတွက်အရရော Quality အရရော အား နည်းမယ်လို့ထင်တယ်။
မော်ကွန်း။ ။ လူဦးရေနည်းလို့ အတိုက်အခံလုပ်လို့မရဘူးလို့ ပြောတာမျိုးကိုရော ဘယ်လိုသုံးသပ်ပါသလဲ။
ဦးမြတ်သူ။ ။ အဲဒီစကားကတော့ အပြည့်အဝ မမှန်ဘူးဗျ။ မမှန် ဘူးဆိုတာ နိုင်ငံရေးမှာက အတိုက်အခံဆိုတဲ့နေရာမှာ နိုင်ငံရေး ဝေါဟာရကို သုံးမယ်ဆိုရင်တော့ ှုညျအငအကအငသညေူ ဠနအသ ဏူပေနမ ပေါ့။ သူ့မှာ ှုညျအငအကအငသည အလိုက် ပေါ်လစီတွေကို အဟန့်အတား ပြုနိုင်မှု၊ ဝေဖန်ပြီးတော့ ကန့်ကွက်နိုင်မယ့် အနေအထားကတော့ အားနည်းတာ မှန်တယ်။
သို့သော် လွှတ်တော်တွင်းဆွေးနွေးချက်တွေမှာ အစိုးရ ဘက်က လွှတ်တော်အမတ်တွေက သဘာဝမကျတဲ့ အဆိုတွေ၊ ဆွေးနွေးချက်တွေကို ပိုပြီးသဘာဝကျတဲ့ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ ဆွေးနွေးချက်တွေနဲ့ တုံ့ပြန်နိုင်ရင်ရတယ်။ ပါတီတွေဆို တာက ငါတို့ကလွှတ်တော်ထဲမှာ အားကြီးတာပဲ ငါတို့ လုပ်ချင် တိုင်း လုပ်မယ်ဆိုတဲ့ဟာမျိုး လုပ်လို့မရဘူးဗျ။ နောက်ထပ် လွှတ် တော်သက်တမ်းတစ်ခုရှိတယ်ဆိုတာကို အကုန်လုံးက ခေါင်းထဲ မှာ ရှိတယ်။
ပြည်သူလူထုရဲ့အမြင်မှာ သူတို့က အရည်အချင်းမရှိဘူး၊ သူတို့ကအဓိပ္ပာယ်မရှိတဲ့ဟာတွေကို လျှောက်ဆွေးနွေးနေတယ် ဆိုတာမျိုးကို ဘယ်သူမှ အမြင်မခံဘူးဗျ။ အဲဒီလိုအရည်အချင်းနဲ့ ချက်ကျလက်ကျ အတိုက်အခံလုပ်နိုင်မယ့် လူရှိခဲ့လို့ရှိရင် ဒါက အတိုင်းအတာတစ်ခုအထိ ထိရောက်မှာပဲလေ။ အဆိုတွေက လည်း ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်။ ဒါအနိမ့်ဆုံး အဆင့်ပေါ့။
မော်ကွန်း။ ။ အတိုက်အခံဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ ရမလဲ။
ဦးမြတ်သူ။ ။ အတိုက်အခံဆိုတာ နိုင်ငံရေးအရစဉ်းစားကြည့်ရင် ရွေးကောက်ပွဲလုပ်တယ်။ တချို့က ဆယ်ရာခိုင်နှုန်း ရတယ်။ တချို့က ၉ဝ ရာခိုင်နှုန်းရတယ်။ အဲဒီမှာ အတိုက်အခံဆိုတဲ့လူတွေ ကလည်း သူတို့လည်း နောက်ထပ် လွှတ်တော် သက်တမ်းရွေး ကောက်ပွဲတစ်ခုရှိတာပဲ။ အဲဒီတော့ အစိုးရကို အဓိပ္ပာယ်မရှိဘဲ ထိုင်ဆဲနေတဲ့အလုပ်က တကယ်တမ်းတော့ အဲဒီလိုကြီးလုပ်ဖို့ လည်း မလွယ်ဘူး။
ပြည်သူလူထုရဲ့အမြင်မှာ သူတို့ပုံရိပ်တွေ ထိခိုက်သွားနိုင် တယ်။ အဲဒီတော့ သူတို့ကလည်း ပုံမှန်အားဖြင့်ပြောမယ်ဆိုရင် အစိုးရကို ဝေဖန်တာထက်စာရင် အစိုးရရဲ့ ပေါ်လစီတွေ၊ အချက် တွေကတော့ အများကြီးရှိတယ်။ သူတို့ မဲဆန္ဒနယ်ကို သူတို့ ကတိ ပေးထားတဲ့ဟာတွေ ရှိတယ်။ အဲဒီကတိတွေနဲ့ လွဲနေတာတွေ ကိုလည်း အစိုးရက ဘာလို့လုပ်မပေးနိုင်ရတာလဲဆိုတာကို သူတို့ ချက်ကျလက်ကျ ပြောနိုင်ဖို့လိုတယ်။
အတိုက်အခံဆိုတာ အစိုးရကို အမြဲတမ်းဆန့်ကျင်နေဖို့ မလိုပါဘူး။ အမေရိကန်မှာ ၉/၁၁ ဖြစ်တယ်။ ဒါ Bipartisan လို့ ခေါ်တာပေါ့။ ဘယ်ပါတီကမှ ငြင်းလို့မရဘူး။ ဒီလိုအကြမ်းဖက်မှု မျိုးက ဘာအကြောင်းနဲ့မှ လက်ခံနိုင်စရာမရှိဘူး။ အဲဒီတော့ အား လုံးက တညီတညွတ်တည်းထောက်ခံမှုနဲ့ စစ်တိုက်ခဲ့ကြတယ်။ သမိုင်းမှာကြည့်မယ်ဆိုလည်း အများကြီးပါ။ အတိုက်အခံဆိုတာ က အမြဲတမ်းအစိုးရကို ဆန့်ကျင်လို့တော့ မရဘူး။
မော်ကွန်း။ ။ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုရင် အတိုက်အခံရဲ့ကဏ္ဍက ဘယ်လောက်အထိ အရေးပါလဲ။
ဦးမြတ်သူ။ ။ အတိုက်အခံရဲ့ကဏ္ဍဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ အာဏာအထိသွားမယ်၊ နောက်တစ်ပိုင်းက ပေါ်လစီအထိသွားမယ်။ အဓိပ္ပာယ်မရှိတဲ့ ပေါ်လစီတွေကို လွှတ် တော်ထဲမှာတင်မယ်ဆိုရင် ဒါပြည်သူလူထုအတွက် အကျိုးမရှိနိုင် ဘူး။ အကျိုးမဲ့မယ်ဆိုတာကို ချက်ကျလက်ကျနဲ့ ဝေဖန်ထောက်ပြ ပြီးတော့ ပြည်သူလူထုအတွက် အကျိုးရှိအောင် ပေါ်လစီတွေကို Shape လုပ်တဲ့အပိုင်း။
နောက်ပြီး ဒီလွှတ်တော်မှာ အတိုက်အခံက နောက်လွှတ် တော်သက်တမ်းမှာ အစိုးရဖြစ်သွားနိုင်တယ်။ နိုင်ငံရေးသိပ္ပံ စကားနဲ့ပြောမယ်ဆိုရင် ဒီမိုကရေစီတိုင်းတာတဲ့ အတိုင်းအတာ တွေ ရှိတယ်။
အဲဒီမှာ ဂုဏ်အင်တစ်ရပ်က Alternation in Power အာဏာဟာ အလှည့်အပြောင်းတွေ ရှိရမယ်။ အာဏာဟာ လက် လွှဲ၊ လက်ပြောင်းရှိရမယ်။ ဂျပန်ဆိုလည်း လစ်ဘရယ်ဒီမိုကရက် တစ်ပါတီက သက်တမ်းအကြာကြီးအုပ်စိုးပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က ပါတီတစ်ခုကို ပြောင်းမှ ဒီမိုကရေစီလို့ ပြောလို့ရ တယ်။ ဒါမှမဟုတ်ရင် စိတ်မချရဘူး။ အဲဒီတော့ Alternation in Power ရှိဖို့ဆိုရင် အတိုက်အခံက အာဏာပြန်ရအောင် လုပ်ဖို့ တာဝန်ရှိတယ်။ ဒီမိုကရေစီစနစ်မှာဆိုရင် ဒီမိုကရေစီရဲ့ အရေး ကြီးတဲ့ ဂုဏ်အင်တစ်ရပ်ပေါ့။ အာဏာဟာတစ်ယောက် လက်ထဲ မှာ မဟုတ်ဘဲ အလှည့်အပြောင်းတွေ ရှိနေရမယ်။
မော်ကွန်း။ ။ အတိုက်အခံအားနည်းလို့ တိုင်းပြည်ဒုက္ခရောက် သွားတဲ့ နမူနာတွေ ရှိလား။
ဦးမြတ်သူ။ ။ အဖြစ်အပျက်တွေတော့ရှိတယ်။ Case Study အနေနဲ့တော့ သေချာမပြောနိုင်ဘူး။ ခုနကပြောသလို ပေါ်လစီ တစ်ခုတင်တယ်ဆိုတာ တခြားရှုထောင့်ဆိုတာ အမြဲတမ်းရှိတယ်။ ကိုယ့်ရှုထောင့်ကို ခိုင်ခိုင်မာမာပြောနိုင်ပြီးတော့ ဒီဟာကို သူဟာ ပိုပြီးသာပါတယ်ဆိုတာကို ပြည်သူကို ပြထားနိုင်မှ သူဟာ နောက်သက်တမ်းမှာ အခြေအနေကောင်းမှာကိုး။
မော်ကွန်း။ ။ NLD ကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အား တွေနဲ့ ဘယ်လိုထိန်းညှိသင့်လဲ။
ဦးမြတ်သူ။ ။ ဒီလိုအချိန်မျိုးမှာ လွှတ်တော်ပြင်ပရဲ့ အသံတွေက တော့ အရမ်းကိုအားနည်းသွားပြီပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးရဲ့ အဓိကကျတဲ့ Institution တွေ အပေါ်မှာပဲ မူတည်ပြီး အလုပ်လုပ်ရတာ။ အဲဒီတော့ အပြင်က Voice (အသံ)တွေဆို တာကလည်း ကောင်းတာရှိသလို မကောင်းတာလည်းရှိတယ်။
ပြည်သူလူထုကို လူပြိန်းကြိုက်စကားလုံးတွေနဲ့ သိမ်းသွင်းပြီး လွှတ်တော်ကို ဖိအားပေးတာမျိုးဆို ကောင်းမှာ မဟုတ်ဘူး။ လွှတ်တော်ရဲ့ အတိုက်အခံအားနည်းလို့ ဒီဘက်က အချက် အလက်တွေနဲ့ ဝေဖန်ပြီး ထောက်ပြတဲ့အပိုင်းတွေ။ ဒါပေမဲ့ ဘာပဲ ပြောပြော လောလောဆယ်မှာဆိုရင် ရွေးကောက်ပွဲဖြစ်လာ တယ်။ အတိုက်အခံဖြစ်တဲ့ NLD ကို အာဏာပေးလိုက်ပြီလို့ဆို ရင် ဒီလွှတ်တော်ရဲ့ Legitimacy (တရားဝင်ဖြစ်မှု)က အရမ်းမြင့် သွားပြီ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဒီလွှတ်တော်ပြင်ပရဲ့အသံက နည်းနည်းတော့ အားပျော့သွားမယ်ဗျ။ သိပ်အားကောင်းလှမယ် လို့တော့ မထင်ဘူး။
မော်ကွန်း။ ။ လက်ရှိရှုံးသွားတဲ့အမတ်တွေက တတိယအင်အားစု ဆိုပြီး အဖွဲ့တွေ ဖွဲ့ဖို့ လုပ်နေကြတော့ နိုင်ငံတကာအတွေ့အကြုံ အရ သူတို့လိုအဖွဲ့တွေကရော ပြန်ထိန်းကျောင်းတာမျိုးလုပ်နိုင် ကြလား။
ဦးမြတ်သူ။ ။ အဲဒါလည်း လွှတ်တော်ကို ပြန်အားကိုးရမှာပဲ။ လွှတ်တော်ထဲမှာပဲ သူတို့နဲ့ နီးစပ်တဲ့လူတစ်ယောက်ယောက်ကို ပြန်အားကိုးရမှာပဲ။ အပြင်ကနေတော့ သူတို့အဲဒီလောက်လုပ် နိုင်မယ်မထင်ဘူး။ အင်္ဂလန်မှာလည်း Shadow Government ခေါ်တာပေါ့။ သူ့သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တန်ပြန်ထား တဲ့လူတွေရှိတယ်။ အဲဒီဟာကလည်း သူတို့ အတိုက်အခံက လူ တွေအများဆုံးရှိတာပေါ့။ သူတို့လည်းလုပ်မယ်ဆိုရင် လွှတ်တော် ထဲက သူတို့နဲ့ နီးစပ်တဲ့လူတွေက တစ်ဆင့်ပဲလုပ်နိုင်မယ်။ အပြင် ကနေလုပ်တာကတော့ သိပ်ပြီး အားကောင်းလိမ့်မယ် မထင်ဘူး။
မော်ကွန်း။ ။ Shadow Government ဆိုတာ လွှတ်တော်ထဲ ရောက်နေတဲ့ အတိုက်အခံတွေပဲလား။
ဦးမြတ်သူ။ ။ အတိုက်အခံတွေပဲပေါ့။
မော်ကွန်း။ ။ ပြည်ခိုင်ဖြိုးအနေနဲ့ အဲဒီလိုလမ်းကြောင်းမျိုးလိုက်လုပ်သင့်လား။
ဦးမြတ်သူ။ ။ သူတို့လုပ်နိုင်ရင်လုပ်ပေါ့။ တကယ်လို့ ပြည်သူလူထု က သူတို့ကို သဘောကျတယ်ဆိုလည်း ဒီမိုကရေစီဆိုတာ ပြည် သူ့ရဲ့ဆန္ဒပဲလေ။
မော်ကွန်း။ Shadow government ဆိုတာ နည်းနည်းလောက် ရှင်းပြပါလား။
ဦးမြတ်သူ။ ။ ဒီဘက်မှာ ဝန်ကြီး။ ဟိုဘက်မှာလည်း ဒီဝန်ကြီးဌာန နဲ့ ပတ်သက်တဲ့အချက်အလက် အစုံရှိတယ်။ ဥပမာ-သတ္တုတွင်း ဝန်ကြီးဆို သတ္တုတွင်းဝန်ကြီးနဲ့ပတ်သက်တာကို သေချာကိုင် ထားတဲ့လူ ရှိတယ်။ အဲဒီ Team ကပဲ ဟိုဘက်က အစိုးရရဲ့ အား နည်းချက်တွေရှိရင် အဲဒါကို ကိုင်ပြီးတော့မှ ပြန်ထောက်ပြတာ တွေ ဘာတွေ အဲဒါမျိုးတွေ ရှိတာပေါ့။
မော်ကွန်း။ ။ Shadow Government က ဥပဒေအရ တောင်း ခွင့်ရှိတာလား။
ဦးမြတ်သူ။ ။ အဲဒါက Shadow Government ဖြစ်စရာ မလို ပါဘူး။ သူတို့က တကယ့်ဒီမိုကရေစီတိုင်းပြည်ပဲ။ တချို့ဟာတွေက လွှတ်တော်ထဲက တော်တော်များများက Public တွေပဲလေ။ ဘာမှ လျှို့လျှို့ဝှက်ဝှက် လုပ်စရာမှမလိုတာ။ အစိုးရအနေနဲ့ လျှို့ ဝှက်ထားတဲ့ဟာတွေ ရှိကောင်းရှိနိုင်တယ်ဗျာ။ အဲဒါကို ဘယ် လောက်သိလဲ၊ မသိလဲတော့ ကျွန်တော် အသေးစိတ်မသိဘူး။ ကျွန်တော်ထင်တယ်၊ Shadow Government အနေနဲ့ တော် တော်များများတော့ သိခွင့်ရှိလိမ့်မယ်။
မော်ကွန်း။ ။ Shadow Government ဆိုတာ ဥပဒေအရ ဖွဲ့ တာလား။ ပါတီက ဖွဲ့ချင်လို့ ဖွဲ့တာလား။
ဦးမြတ်သူ။ ။ ဒါကတော့ ကိုယ့်ပါတီ အကျိုးစီးပွားအတွက် ဒီလို လုပ်ကြတာပဲလေ။ ဒါမှမဟုတ်ရင် သူတို့ လွှတ်တော်ထဲမှာ ဘာ ထိုင်လုပ်မှာလဲ။ လွှတ်တော်ထဲမှာ ဟိုဘက်ကဟာကို အတိုက်အခံ လုပ်ရမှာပဲလေ။ အဲဒီလို ပြည်သူတွေ စိတ်ဝင်စားအောင်၊ ပြည်သူ တွေ သဘောကျနှစ်ခြိုက်အောင် လုပ်ပြရမှာပဲလေ။
မော်ကွန်း။ ။ လက်ရှိလွှတ်တော်မှာ NLD ကရော အတိုက်အခံ ကောင်းလို့ ပြောလို့ရလား။
ဦးမြတ်သူ။ ။ အတိုင်းအတာတစ်ခုအထိတော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ လုံးဝ Perfect (ပြည့်စုံတာ)တော့ မဟုတ်ဘူး။ နိုင်ငံရေးရဲ့ Reality တွေရှိတာကို ဒီမိုကရက်တိုက်ဇေးရှင်းဆိုတဲ့ ဖြစ်စဉ်ကို ခေါင်းထဲထည့်ပြီး လုပ်ရတဲ့အတွက် တချို့နေရာတွေမှာ ပြည်သူလူထုသဘောကျချင်မှ ကျလိမ့်မယ်။ သို့သော် လုံးဝ ဒီမို ကရက်တစ်မဆန်တဲ့ ဥပေဒတွေမှာဆိုရင် သူတို့ကန့်ကွက်ခဲ့တာ ပဲလေ။ သူတို့ ညီညီညွတ်ညွတ်ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။ နောက်ပြီးတော့ အရေးကြီးတဲ့ အခြေခံဥပဒေပြောင်းလဲဖို့ သူတို့ လှုပ်ရှားခဲ့တာတွေရှိတယ်။
မော်ကွန်း။ ။ NLD အတိုက်အခံလုပ်တဲ့ ပုံစံကနေ ဘာတွေများ သင်ခန်းစာယူနိုင်မလဲ။
ဦးမြတ်သူ။ ။ NLD အတိုက်အခံလုပ်သွားတဲ့ တချို့အရာတွေမှာ ကျွန်တော်နည်းနည်းလေး သဘောကျတဲ့ အချက်က သူက ပြည် သူလူထုကို တိုက်ရိုက်နိုင်ငံရေးအရ အပြင်အားတွေနဲ့ သူတို့ အတိုက်အခံလုပ်ခဲ့တဲ့ဟာမှာ နိုင်ငံရေးအောက်လမ်းတွေ သိပ် မသုံးဘူးပေါ့။ ပြည်ခိုင်ဖြိုးတို့၊ ဘာတို့မှာလည်း နောက်လာမယ့် သက်တမ်းမှာ အောက်လမ်းနည်း မဟုတ်တဲ့ ဒီမိုကရက်တစ်ကျတဲ့အတိုက်အခံမျိုးလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။
ဥပမာ-၄၃၆ ကို အတိုက်အခံလုပ်တာမှန်တယ်။ ဒါပေမဲ့ ပြည်သူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ အကြမ်းဖက်မှုတွေ ဘာ တွေဖြစ်အောင် သွေးထိုးလှုံ့ဆော်တာမဟုတ်ဘဲနဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ အပြင်အားကို ယူပြီး လုပ်သွားတာတွေရှိတယ်။ အဲဒီလို ဟာတွေကတော့ နောက်အတိုက်အခံတွေ အဲဒီလိုဟာတွေ လုပ် နိုင်ရင်ကောင်းမယ်။
မော်ကွန်း။ ။ လာမယ့်လွှတ်တော်ကြီးက ဘယ်လိုပုံစံ ဖြစ်လာ နိုင်လဲ။
ဦးမြတ်သူ။ ။ လက်ရှိအခြေခံဥပေဒအရ မြန်မာပြည်ရဲ့စနစ်မှာ အားနည်းချက်တွေရှိတယ်။ အားနည်းချက်တွေက ဘယ်လိုမျိုး လဲဆိုရင် သမ္မတစနစ်ဆိုလည်း ပီပီပြင်ပြင်မဟုတ်ဘူး။ အမေရိ ကန်မှာဆိုရင် သမ္မတက သပ်သပ်၊ လွှတ်တော်က သပ်သပ်။ လွှတ် တော်မှာ အများဆုံးနိုင်တဲ့ပါတီနဲ့ သမ္မတရဲ့ ပါတီကလည်း တူချင် မှ တူမယ်။ အဲဒီတော့ Check and Balance တွေက အမျိုးမျိုး ဖြစ်နိုင်တယ်။ လွှတ်တော်တို့၊ ဘာတို့ဆိုတာကလည်း အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းကျောင်းပေးဖို့ ဥပဒေ ပြဋ္ဌာန်းရ တာကိုး။
အစိုးရရဲ့လုပ်ဆောင်တာတွေကို ထိန်းသိမ်းပြီးတော့ ကြပ် မတ်ပေးရတဲ့အဖွဲ့ပေါ့။ အဲဒီမှာတော့ လက်ရှိအခြေအနေကတော့ ပါလီမန်စနစ်မှာ ညွှန့်ပေါင်းတွေ ဘာတွေရှိမယ်။ အစိုးရအဖွဲ့ရှိ မယ်။ အဲဒီအစိုးရအဖွဲ့ကို သဘောမကျရင် ဖြုတ်ချနိုင်တာတွေရှိ တယ်။ မြန်မာပြည်က ပါလီမန်ပုံစံနဲ့ ရွေးကောက်တင်မြှောက်ထား တဲ့ သမ္မတကို Legislative Responsibility မရှိဘူး။ လွှတ်တော်က သမ္မတကို ပြန်ပြီး ဖြုတ်ချလို့မရဘူး။
အဲဒီတော့ Check and Balance ပိုင်းမှာတော့ အားနည်း ချက်တွေ ရှိတယ်။ တစ်ပါတီတည်းက အများကြီးနိုင်သွားတော့ အတိုက်အခံ နည်းနည်းလေးအားနည်းတယ်။ ဒါပေမဲ့ ပြည်သူ တွေကလည်း ဘယ်လိုပြန်ပြောနိုင်လဲဆိုတော့ ဒါက သူတို့ ယုံ ကြည်တဲ့ လူထုခေါင်းဆောင်နဲ့သွားတာဖြစ်လို့ သူတို့ ယုံယုံကြည် ကြည်ပဲ အပ်နှင်းထားတော့ ဒါက သိမ်မွေ့တယ်။
မော်ကွန်း။ ။ တခြားဖြည့်ပြောချင်တာလေးတွေ ရှိပါသေးလား။
ဦးမြတ်သူ။ ။ မရှိပါဘူး။
ရှေ့ အပိုင်း(၁)တွင် ဦးခင်မောင်ဆွေ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ (NDF) ဥက္ကဌနှင့် တွေ့ဆုံ မေးမြန်းထားသော အင်တာဗျူး းဆောင်းပါး နှင့်
နောက်ထပ်လာမည့် အပိုင်း(၃)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ ပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း နှင့် တွေ့ဆုံ မေးမြန်းထားသော အင်တာဗျူး းဆောင်းပါးကို အောက်ပါ Link တို့ကိုနှိပ် ၍ဖတ်ရှုနိုင်ပါသည်။

