မတ်လထုတ်-မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။
ကောင်းမြတ်မိုး တွေ့မေးသည်။
ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံခဲ့ရသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာ နိုင်ငံများပြီးလျှင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တတိယအများဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင် ရာ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီရေးလှုပ်ရှားမှု (International Campaign To Ban Landmines-ICBL)က နောက်ဆုံးထုတ် ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်အချို့တွင် နေထိုင်ကြသူများသည် မြေမြှုပ်မိုင်းအ္တနရာယ် နှင့် ရင်ဆိုင်နေရကြောင်းလည်း ICBL ဆိုပါသည်။ ထိုမျှ လောက် အန္တရာယ်များသော မြေမြှုပ်မိုင်းများကို ရှင်းလင်းရေး အတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့အချို့က မူအားဖြင့် သဘောတူကြသော်လည်း ယနေ့အချိန်အထိ လက်တွေ့အကောင် အထည်မဖော်နိုင်ကြသေးပါ။ ထိုသို့ဖြစ်နေရသည်မှာ ဘာကြောင့် ပါလဲ။ တကယ်တမ်း မိုင်းရှင်းလင်းရေးလုပ်ကြလျှင်ရော မည်သို့ သော စိန်ခေါ်မှုများနှင့်ကြုံရမည်နည်း။ အစရှိသည်တို့နှင့် ပတ်သက်ပြီး မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန် အသင့်ဖြစ်နေ သည့် နော်ဝေပြည်သူများ ကူညီစောင့်ရှောက်ပေးရေးအဖွဲ့ (Norwegian People’s Aid – NPA) မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာအက်ဆယ်စတီးနယ်လ်ဆင် (Aksel Steen-Nilsen) ကို မော်ကွန်းက မေးမြန်းထားပါသည်။
မော်ကွန်း။ ။ မြေမြှုပ်မိုင်းတွေရှင်းလင်းဖို့အတွက် အစိုးရနဲ့ တိုင်း ရင်းသားလက်နက်ကိုင်တွေရဲ့ သဘောတူညီချက်တွေက ဘယ် အဆင့်အထိရောက်နေပြီလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်ခင်အချိန်အထိတော့ အစိုးရရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေကရော မိုင်းရှင်းလင်းရေးလုပ် ငန်းတွေကို စခွင့်မပြုသေးတဲ့ အခြေအနေပေါ့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရင်တော့ မိုင်းရှင်းလင်း ရေးလုပ်ငန်းတွေကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအချိန် ကျရင်တော့ သူတို့တွေက လုပ်ခွင့်တွေ ပေးမှာပေါ့။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာ မိုင်းရှင်းလင်းရေးတွေ စတင်နိုင်ဖို့က အဓိကစိန်ခေါ်မှုတွေက ဘာတွေများလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ပထမဆုံးလိုတာကတော့ နှစ်ဦး နှစ်ဖက်၊ အစိုးရဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်ဘက် ကရော ခွင့်ပြုချက်၊ သဘောတူညီချက်တွေ ရတဲ့အခါမှ ဒီလုပ်ငန်း တွေကို စလို့ရမယ်။ စတဲ့အခါကျရင်လည်း တစ်နိုင်ငံလုံးမှာ မြေ မြှုပ်မိုင်းတွေက ရှိနိုင်ပေမယ့် လူသားချင်းစာနာထောက်ထားမှု မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စလုပ်မယ်။ တစ်နိုင်ငံလုံးမှာ တော့ အများကြီးရှိတယ်။ ဒါပေမဲ့ လူတွေနဲ့ အနီးဆုံးနေရာတွေက နေ စလုပ်ဖို့ လိုအပ်တယ်။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းပြမြေပုံ ရေးဆွဲမှုတွေက ဘယ်အဆင့်အထိရောက်နေပါပြီလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ မြေပုံဆွဲတဲ့ကိစ္စက မိုင်းတွေရှင်းလင်းရေးမလုပ်ခင်မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ မိုင်းတွေရှိတယ်ဆိုတာ တွေကို စနစ်တကျ မြေပုံဆွဲဖို့လိုပါတယ်။ အဲဒီမြေပုံဆွဲဖို့ လုပ်ငန်း စဉ်တချို့ကို မွန်ပြည်နယ်မှာ စပြီးသွားပြီ။ မွန်ပြည်နယ်မှာ စတယ် ဆိုပေမယ့် တချို့နေရာတွေမှာ နှစ်ဖက်ကန့်သတ်ချက်တွေနဲ့ ရင် ဆိုင်နေရသေးတယ်။
ဥပမာ-ဒီနေရာတွေမှာ မိုင်းရှိနေတယ်ဆိုတာကို သိရပေ မယ့်လည်း နှစ်ဖက်တပ်တွေ လုံခြုံရေးအတွက် ချထားတာတွေ ရှိတဲ့အတွက်ကြောင့် ထိခိုက်လွယ်တဲ့ အခြေအနေဖြစ်တဲ့အတွက် နှစ်ဖက်စလုံးရဲ့ ခွင့်ပြုတဲ့ အတိုင်းအတာအထိပဲ လုပ်လို့ရသေး တယ်။ လောလောဆယ်တော့ မွန်ပြည်နယ်မှာ စလုပ်ထားပါ တယ်။
မော်ကွန်း။ ။ မြေမြှုပ်မိုင်းပြမြေပုံ မဆွဲသေးဘဲနဲ့ ပညာပေးလုပ်ငန်း စဉ်တွေကိုပဲ လုပ်ဆောင်နေတာက မှန်ကန်တဲ့ လုပ်ဆောင်ချက် လား။ ဒီအပေါ်မှာ ဘာများပြောချင်ပါလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေတာတွေက လုပ်ဖို့ လိုအပ်ပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ ဒါပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးလုပ်ငန်းတစ်ခုတည်းနဲ့ တကယ်တမ်းမှာတော့ မလုံ လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ရဲ့ စားဝတ် နေရေးအတွက် တောတွေ၊ တောင်တွေထဲကို သွားမယ်၊ အစား အစာတွေရှာမယ်။ အဲဒါတွေကြောင့်လည်း မိုင်းတွေကို နင်းမိပြီး တော့ အခုအချိန်အထိ ထိခိုက်အန္တရာယ်ဖြစ်နေတာတွေ ရှိနေပါ တယ်။ ဒီလိုပညာပေးလုပ်ငန်းတွေအနေနဲ့တော့ မလုံလောက်ပါဘူး။
အဓိကလုပ်ရမှာကတော့ မိုင်းတွေကို အမြန်ဆုံးရှင်းပစ်နိုင်ဖို့ ပါပဲ။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအမျိုးအစားက ဘယ်နှခု လောက်ရှိနေပါသလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ နံပါတ်အတိအကျတော့ ကျွန် တော့်အနေနဲ့ ပြောဖို့ခက်ပါတယ်။ ကျွန်တော် ခန့်မှန်းပြီး ပြောရ မယ်ဆိုရင်တော့ အမျိုး ၂ဝ ဝန်းကျင်လောက် ရှိမယ်ထင်ပါတယ်။
မော်ကွန်း။ ။ လက်လုပ်မိုင်းအရေအတွက်နဲ့ စက်ရုံမိုင်းအရေ အတွက်က ဘယ်ဟာက ပိုများနိုင်ပါသလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဥပမာတစ်ခုပြမယ်။ မြေမြှုပ်မိုင်း တွေမှာ ပေါက်ကွဲစေတဲ့ဟာရှိတယ်။ သူရှေ့မှာ ကျည်တွေကို ထား ထားတယ်။ မိုင်းပေါက်ကွဲသွားရင် ကျည်တွေက ရှေ့ကိုထွက်သွား မယ်။ အဲဒီလိုဟာတွေက ပုံမှန်ဆိုရင် စက်ရုံက ထုတ်နိုင်တယ် ပြောပေမယ့် လက်လုပ်မိုင်းတွေကလည်း ဒါတွေကို လုပ်နိုင်နေပြီ ဖြစ်တဲ့အတွက် ဘယ်ဟာက အရေအတွက်ပိုများတယ်ဆိုတာ ပြောရခက်ပါတယ်။ လက်လုပ်မိုင်းလုပ်တဲ့သူတွေကလည်း နည်း ပညာတွေ မြင့်လာကြပါပြီ။ အစိုးရကတော့ မိုင်းထုတ်လုပ်တဲ့ စက်ရုံတွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အစိုးရသုံးတဲ့မိုင်းတွေကို နမူနာယူပြီး အဲဒီအတိုင်း ပြန်ပြီး ထုတ် ကြတယ်။ အဲဒီတော့ နှစ်ဖက်မိုင်းအင်အားက များလာတယ်။ တစ်ဖက်က လုပ်လာနိုင်တာနဲ့အမျှ တစ်ဖက်ကလည်း လိုက်လုပ် နိုင်တဲ့ အခြေအနေပေါ့။
မော်ကွန်း။ ။ စက်ရုံထုတ်မိုင်းတွေထက်စာရင် လက်လုပ်မိုင်းတွေ ကို ရှင်းလင်းဖို့ကရော ဘယ်လို အခက်အခဲတွေရှိလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဒေသခံတွေသုံးတဲ့ လက်လုပ်မိုင်း တွေကတော့ ဘယ်ထရီတွေသုံးတယ်၊ သံတိုသံစတွေကိုလည်း သုံးပါတယ်။ ဒါကြောင့် မိုင်းရှာတဲ့ ကိရိယာနဲ့ ရှာလိုက်ရင် အလွယ် တကူရှာတွေ့နိုင်သလို ဒီလက်လုပ်မိုင်းတွေကို ရှာတဲ့ အတွေ့ အကြုံတွေကလည်း ရှိပြီးသားမို့လို့ ရှာရတာလွယ်ကူပါတယ်။
မော်ကွန်း။ ။ လက်လုပ်မိုင်းအန္တရာယ်နဲ့ စက်ရုံထုတ်မိုင်းတွေရဲ့ အန္တရာယ်ကရော ဘယ်လိုကွာခြားပါသလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဒေသခံတွေလုပ်တဲ့ လက်လုပ်မိုင်း တွေကတော့ ယေဘုယျအားဖြင့်ဆိုရင်တော့ စက်ရုံတွေက ထုတ် တဲ့ မိုင်းတွေထက်စာရင် အ္တနရာယ်နည်းတယ်လို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ လူတစ်ဦးချင်းက သေးသေးလေး လုပ်တဲ့သူရှိမယ်။ အကြီးကြီးလုပ်တဲ့သူတွေ ရှိမယ်။ ဒီအပေါ်မှာပေါက်ကွဲမှုအားတွေ လည်း ကွာသွားမယ်။ အကြီးကြီးလုပ်ရင်တော့လည်း အန္တရာယ် ရှိနိုင်တာပါပဲ။ ယေဘုယျအားဖြင့်ပြောမယ်ဆိုရင်တော့ လက် လုပ်မိုင်းတွေက ထိခိုက်မှုအ္တနရာယ်လျော့နည်းမယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့လည်း ဒါက ၁ဝဝ ရာခိုင်နှုန်းတော့ မမှန်နိုင်ပါဘူး။
မော်ကွန်း။ ။ လက်လုပ်မိုင်းတွေက နေရာအတည်တကျမရှိဘူး။ ထောင်ချင်သလိုထောင်ထားကြတော့ ပိုပြီးတော့ အန္တရာယ် မရှိ နိုင်ဘူးလား။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဒီလိုပြောတာကို လက်ခံပါတယ်။ လက်လုပ်မိုင်းတွေဆိုရင် လူတွေက ထောင်ချင်တဲ့နေရာတွေမှာ ထောင်ကြတယ်။ ဒီတောအုပ်မှာတော့ ထောင်ထားတယ်ဆိုပြီး သတိတော့ ပေးတယ်။ လူတွေကလည်း စားဝတ်နေရေးအတွက် ဒီတောအုပ်ကို သွားကိုသွားရမယ်။ တောအုပ်က အကျယ်ကြီး၊ ဘယ်နေရာမှာရှိတယ်ဆိုတာ မသိဘူး။ နင်းမိကြတယ်ဆိုတာ တွေလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လူတွေက မိုင်းကို ကျွမ်းကျွမ်းကျင်ကျင်မရှိဘဲ လုပ်လိုက်တယ်။ ကျွမ်းကျွမ်းကျင် ကျင်မရှိဘဲ လုပ်လိုက်တဲ့မိုင်းက ပိုပြီးတော့ ပေါက်ကွဲဖို့လွယ်စေ တယ်။ ထိလိုက်တာနဲ့ ပေါက်ကွဲတာတွေလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့်လည်း လက်လုပ်မိုင်းတွေက ပိုပြီးတော့ အန္တရာယ်ရှိ တယ်ဆိုတဲ့အချက်ကိုလည်း လက်ခံပါတယ်။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာဆိုရင်တော့ ကရင်ပြည်နယ်နဲ့ ပဲခူး တိုင်းမှာ မြေမြှုပ်မိုင်းတွေ ပိုများနိုင်တယ်လို့ ဆိုကြတယ်။ အဲဒီ အပေါ်မှာ ဘယ်လိုမှတ်ချက်ပြုမလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဒါတွေက အရင်နှစ်တွေကဆိုတော့ ဒီနှစ်နဲ့တော့ မတူနိုင်ပါဘူး။ လက်ရှိအချိန်မှာဆိုရင်တော့ ရှမ်း ပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ပေါ့။ လောလောဆယ်အချိန် အထိ မြေမြှုပ်မိုင်းတွေကို သုံးနေသေးတယ်။ အဲဒီဘက်တွေက လည်း အ္တနရာယ်ရှိနေပါသေးတယ်။ နောက် ကယားပြည်နယ်နဲ့ တနင်္သာရီတို့မှာလည်း ရှိနေပါတယ်။ တစ်ပြည်နယ်လုံး မဟုတ်ပေ မယ့် အဲဒီနေရာတွေမှာလည်း ရှိပါတယ်။
မော်ကွန်း။ ။ ကမ္ဘောဒီယားနိုင်ငံဆိုရင် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ ဒါပေမဲ့ အလုံးစုံ မရှင်း လင်းနိုင်သေးဘူး။ လက်ရှိမြန်မာနိုင်ငံက တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကလည်း မရသေးတဲ့ အခြေအနေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း ဘယ်တော့စနိုင်မလဲ။ နောက် မြန်မာမှာ မြေမြှုပ်မိုင်း အ္တနရာယ်က ဘယ်တော့မှ ကင်းရှင်းနိုင်မလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ မိုင်းရှင်းဖို့ကို သဘောတူလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ဘက်က နှစ်လကနေ သုံးလအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စပြီးလုပ်မှာပါ။ ဘယ်လောက်ကြာမှ မိုင်းတွေရှင်းသွားမလဲ ဆိုတာကိုတော့ ဖြေ မယ်ဆိုရင် အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ မိုင်းကို စရှင်းတဲ့အချိန်မှာ မိုင်းမြေပုံတွေ ဆွဲပြီးမှပဲ ရှင်းလင်းချိန် ဘယ်လောက်ကြာမလဲဆိုတာ ပြောနိုင်မှာပါ။ ဒုတိယတစ်ချက်က တော့ ပိုက်ဆံပေါ့။ ဥပမာ- မိုင်းရှင်းလင်းရေးလုပ်သား ဆယ် ယောက်အတွက်ပဲ ပိုက်ဆံရှိတယ်ဆိုရင် တစ်နိုင်ငံလုံး ဧရိယာကို ရှင်းဖို့ အချိန်တွေအများကြီးလိုတယ်။ မိုင်းရှင်းလင်းရေး လုပ် သား အယောက်တစ်ထောင်ကို ပေးနိုင်တဲ့ ပိုက်ဆံရှိရင်တော့ အဆတစ်ရာလောက်မြန်သွားမယ်။ အဲဒီမေးခွန်းကိုတော့ အဲဒီလို ပဲ ဖြေပေးလို့ရမှာပါ။
မော်ကွန်း။ ။ NPA အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေကို မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဘာတွေများ ပြောချင်ပါ သလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ NPA အနေနဲ့ ပြောချင်တာက တော့ ဖြစ်နိုင်မယ်ဆိုရင် ဒီမိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို စချင်ပါတယ်။ စချင်တဲ့ နေရာတွေက အစိုးရစစ်တပ်၊ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေ အရင်တုန်းက တပ်စခန်းချခဲ့တဲ့ နေ ရာတွေရှိတယ်။ အခု အဲဒီနေရာတွေကနေ တပ်တွေက ပြောင်း သွားပြီ၊ အဲဒီနေရာတွေကို ရွာသားတွေက ပြန်လာနေဖို့အတွက် ရှိနေတယ်။ သူတို့နှစ်ဖက်စလုံးက အသုံးမလိုတော့တဲ့ အဲဒီနေရာ တွေကို ကျွန်တော်တို့ စလုပ်ချင်ပါတယ်။
မော်ကွန်း။ ။ ဒုတိယကမ္ဘာစစ် လက်ကျန်မိုင်းတွေကလည်း ရှိနေ သေးတော့ အဲဒါတွေက ဘယ်လောက်အထိ အန္တရာယ်ရှိနိုင် သလဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်ဖို့ရှိပါသလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ ဒုတိယကမ္ဘာစစ်တုန်းက အသုံး များခဲ့တဲ့ နေရာကတော့ အိန္ဒိယနယ်စပ်ပေါ့။ ဂျပန်တွေ စစ်ရှုံးလို့ ထွက်ပြေးတဲ့အခါကျတော့ သူတို့လုံခြုံရေးအတွက် တခြားစစ် တပ်တွေကို တားဆီးဖို့ သုံးခဲ့တာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ နှစ် ပေါင်း ၇ဝ ကြာပြီဖြစ်တဲ့အတွက် ဒုတိယကမ္ဘာစစ်က မိုင်းအသုံးပြု မှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေက ကျွန်တော်တို့ဆီ မှာ မရှိသလောက်ကို ဖြစ်နေပြီ။ တကယ်လို့ သူတို့သုံးခဲ့မယ်ဆိုရင် တောင် အဲဒီနေရာမှာ သုံးခဲ့မယ်လို့ သမိုင်းအကြောင်းအရ ခန့် မှန်းရတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇ဝ ကြာခဲ့တာကြောင့် ဒီမိုင်းတွေ က အလုပ်ဖြစ်သေးလား၊ ရှာဖို့လွယ်ကူလားဆိုတာ ပြောဖို့ တော် တော်ခက်ပါတယ်။
မော်ကွန်း။ ။ ထပ်ပြီးဖြည့်စွက်ပြောချင်တာ ဘာများရှိဦးမလဲ။
အက်ဆယ်စတီးနယ်လ်ဆင်။ ။ မိုင်းနဲ့ ပတ်သက်ရင်တော့ ပြော စရာတွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ အခုပြောတာတွေက တော့ ပြည့်စုံပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ ကမ္ဘောဒီယားမှာဆို ရင် နှစ်ပေါင်း ၂ဝ ကျော်အထိ မိုင်းအလုပ်တွေကို ဆက်လုပ်နေရ တုန်းပဲ။ နှစ်ဖက်ခေါင်းဆောင်တွေကို ကျွန်တော်တို့ ပြောချင်တာ ကတော့ အခုစမယ်ဆိုရင်တောင် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ က နောက်ကျတယ်ဆိုတာ မရှိဘူး။ စောစောစနိုင်ရင် ဒေသခံတွေ မိုင်းအန္တရာယ်ကို စောစောလျော့နိုင်မယ်။ ဒီတစ်နေရာကို ရှင်းပြီး ရင် ဒီတစ်နေရာက လူတွေ ထိခိုက်မှုလျော့နိုင်တာပေါ့။ အဲဒါ ကြောင့် စောစာစလုပ်ဖို့ တိုက်တွန်းပါတယ်။ ။

