မိုဘိုင်းလ်ဖုန်း အသုံးပြုဘေးအန္တရယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ်

မိုဘိုင်းလ်ဖုန်း အသုံးပြုဘေးအန္တရယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ်

  1. ၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉) မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

    မောင်ကျပ်ခိုး ရေးသည်။

    မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ထူပြောသည့် နိုင်ငံဖြစ်သော်လည်း ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကို ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဆုံးရှုံးခဲ့ရသော အသက်အိုးအိမ် စည်း စိမ်ပေါင်းမြောက်မြားစွာတို့က သက်သေထူခဲ့ပြီး ဖြစ်ပါသည်။ အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် နိုင်ငံတော် အဆင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ အစည်းများကို နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး သုံးနှစ်နီးပါးခန့် ကြာမြင့်ပြီးမှ စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခုအခါတွင် ထို အဖွဲ့အစည်းများသည် ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ကို အာရှ-ပစိဖိတ်ဒေသအတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသော် လည်း မြန်မာနိုင်ငံဘေးအန္တရာယ်ကာကွယ်ရေးကဏ္ဍတွင် စိန် ခေါ်မှုများ ရှိနေဆဲပင် ဖြစ်သည်။

    အထူးသဖြင့် မြန်မာနိုင်ငံ ဘေးအ္တနရာယ်ကာကွယ်ရေး ကဏ္ဍတွင် ကြိုတင်သတိပေးချက်ထုတ်ပြန်ရေးမှာ အားနည်းနေ ဆဲပင်ဖြစ်သည်။ ကြိုတင်သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ကာကွယ်ပြင်ဆင်ရေးဆိုင်ရာ အသိပညာနည်းစနစ်များ ဖြန့်ဖြူးခြင်း သည် ဘေးအ္တနရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်တွင် အဓိက အကျဆုံးသော လုပ်ဆောင်ချက် ဖြစ်ပေသည်။ သို့ဖြစ်၍ နိုင်ငံ တော်အစိုးရအနေဖြင့် ပြည်သူတို့ထံသို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ အချိန်မီရောက်ရှိအောင် ဖြန့်ချိရေးကို အပူတပြင်း ဆောင်ရွက် သင့်ပါသည်။ ဤလုပ်ငန်းစဉ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်မှ သာလျှင် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာ ကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာ၌ သမားရိုးကျနည်းစနစ်များကို အသုံးပြုရုံမျှသာမက တိုးတက် ပြောင်းလဲနေသော ဆက်သွယ်ရေးနည်းပညာများကိုပါ ပေါင်း စပ်ထည့်သွင်း၍ ထိရောက်စွာ အသုံးချရန် လိုအပ်နေပြီဖြစ် ကြောင်း ယူဆမိပါသည်။

    ၂ဝ၁၃ နှစ် နှစ်လယ်တွင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍသို့ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများ ဖြစ်သည့် တယ်လီနော (Telenor) နှင့် အော်ရီဒူး (Ooredoo) တို့ ဝင်ရောက်လာပြီး နောက် ဆက်သွယ်ရေးကဏ္ဍတွင် အပြောင်းအလဲများ အတန် အသင့် ပေါ်ထွန်းလာသည်ကို တွေ့မြင်ရပါသည်။ ထိုကုမ္ပဏီများ ၏ သတင်းထုတ်ပြန်ချက်အရ လာမည့် ငါးနှစ်တာကာလအတွင်း၌ မြန်မာနိုင်ငံလူဦးရေ ၉ဝ ရာခိုင်နှုန်းခန့်သည် တယ်လီဖုန်းဆက် သွယ်ရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ တစ်ချိန်တည်းမှာပင် မူလလက်ဟောင်း ခွေးတံဆိပ် ဓာတ်ပြားဟောင်းဖြစ်သည့် နိုင်ငံတော်ပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်လည်း ၎င်း၏ အားနည်းချက်များကို ပြုပြင် ပြောင်းလဲရန် ကြိုးစားနေကြောင်း သိရှိရပြန်ပါသည်။ သို့ဖြစ်၍ မကြာမီကာလအတွင်း မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးစနစ်များ ဖွံ့ဖြိုးလာပြီး ကျေးလက်ဒေသနေ ပြည်သူတို့အနေဖြင့် တယ်လီ ဖုန်းများကို တွင်ကျယ်စွာ အသုံးပြုနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိ ပါသည်။

    အဆိုပါ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အပြောင်း အလဲများကို အခွင့်အလမ်းကောင်းအဖြစ် ဖန်တီးနိုင်လျှင် ဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင် ရွက်နိုင်မည်ဟု ယူဆမိပါသည်။ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများတွင် ဖွံ့ဖြိုးစပြုလာသော ဆက် သွယ်ရေးနည်းပညာတိုးတက်မှုကို ထိရောက်စွာ ထည့်သွင်း အသုံးပြုနိုင်လျှင် နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်များ နှင့် နိုင်ငံတော်၏ အရင်းအမြစ် သယံဇာတများကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်ဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ညှိနှိုင်း၍ မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ် (Mobile Disaster Alerts System) ကို စတင်ဆောင်ရွက်သင့်ပြီး ဖြစ်ကြောင်း ထင်မြင်မိပါသည်။

    စင်စစ် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်ပါ တိုးတက်ပြောင်းလဲနေသော ဆက်သွယ်ရေးနည်းပညာ များကို အသုံးပြု၍  ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်မှာ ကာလအတန်ငယ် ကြာမြင့်နေပြီ ဖြစ်ပါ သည်။ စစ်တမ်းတစ်ခု၏ လေ့လာတွေ့ရှိချက်များအရ သဘာဝ ဘေးအန္တရာယ်သတင်းထုတ်ပြန်ချက်များကို ရေဒီယို၊ ရုပ်မြင်သံ ကြား၊FM ရေဒီယို၊ တယ်လီဖုန်း၊ မိုဘိုင်းလ်တယ်လီဖုန်း၊ SMS စာတိုစနစ်၊ ဝက်ဘ်နည်းပညာ (Web) ၊ အီးမေးလ် အစရှိသည့် နည်းစနစ်များကို အသုံးပြု၍ ဖြန့်ချိနေကြသော်လည်း SMS စာတိုစနစ်နှင့် မိုဘိုင်းလ်တယ်လီဖုန်း အသုံးပြုသတင်း ထုတ်ပြန် ကြေညာချက်များသည် ထိရောက်မှုအရှိဆုံးဖြစ်ကြောင်း သိရှိရ ပါသည်။ ထို့အပြင် ၂ဝဝ၈၊ သြဂုတ် မဲခေါင်မြစ်ရေလွှမ်းမိုးမှုတွင် ဗီယက်နမ်အစိုးရအနေဖြင့် ကျေးလက်ဒေသများတွင် မိုဘိုင်းလ် ဖုန်း (Mobile Phone) များကို အသုံးပြု၍ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီမံပေးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

    စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင်သတိပေးချက်ထုတ် ပြန်ရေး (SMS Disaster Alerts System) စနစ်၏ အားသာ ချက်မှာ သတိပေးချက်များကို အသုံးပြုသူ မြောက်မြားစွာထံသို့ တစ်ပြိုက်နက်တည်း ပေးပို့နိုင်ခြင်းဖြင့် ဘေးအန္တရာယ်နှင့် ပတ် သက်သည့် တိကျသော သတင်းအချက်အလက်များကို ပြည်သူတို့ အချိန်နှင့် တစ်ပြေးတည်း အခမဲ့ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ဤ စနစ်ကို ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ထည့်သွင်း အသုံးချနိုင်ခြင်းကြောင့်၂ဝဝ၈ ခုနှစ် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည် နယ် ရေကြီးလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့ပါ သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ တွင်လည်း မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအ္တရာယ်ကြိုတင်သတိ ပေးချက် အခမဲ့ ထုတ်ပြန်ရေးဥပဒေ (The Free Mobile Disaster Alerts Act) ကို မကြာမီက ပြဋ္ဌာန်း၍ အလားတူစနစ်ကို စတင်ဆောင်ရွက်လျက် ရှိပါသည်။

    မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီများဖြင့် ညှိနှိုင်း၍ မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ်ကို ၎င်းတို့၏ လူမှုရေးဝတ္တရား (Corporate Social Responsibility) တစ်ရပ်အနေဖြင့် ပြည်သူများကို အခမဲ့ဝန်ဆောင်မှုပေးနိုင်ရန် ဥပဒေလုပ်ထုံးနည်းနာများ ထုတ် ပြန်၍ ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။ ဤစနစ်ကို ဆောင်ရွက်နိုင်ပါက ပြည်သူတို့အတွက် အထူးပင် အကျိုးရှိမည် မှာ မုချပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသူနိုင်ငံသားတို့၏ လုံခြုံရေးကို ကောင်းမွန်စွာ ကာကွယ် နိုင်မည် ဖြစ်ပါသည်။

    မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေး ချက်ထုတ်ပြန်ရေးစနစ်ကို ဆောင်ရွက်ရာ၌ သဘာဝ ဘေး အ္တနရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီများ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကာ ကွယ်ရေးဝန်ကြီးဌာန အစရှိသည့် တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်နိုင်လျှင် ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများသာမက အခြားအရေးပေါ် အခြေအနေများတွင် လည်း ထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့် ရောဂါကပ်ဆိုးများ ဖြစ်ပေါ်မှု ပိုမို များပြားလာသည့် ခေတ်ကာလတွင် ဤကဲ့သို့သောစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်မှ နိုင်ငံသူနိုင်ငံသားတို့နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။

    ဤစနစ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် အခွင့်အလမ်း များ ရှိနေသကဲ့သို့ စိန်ခေါ်မှု၊ ကန့်သတ်မှုများလည်း ရှိလိမ့်မည် မလွဲပင် ဖြစ်၏။ အထူးသဖြင့် နည်းပညာအခက်အခဲများ ဖြစ်လိမ့် မည်ဟု မှန်းဆမိပါသည်။ မိုဘိုင်းလ်ဖုန်းအသုံးပြု ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ်တွင် အခရာကျသည် မှာ ဆက်သွယ်ရေးကုမ္ပဏီများ မဟုတ်ချေ။ သတင်းအချက် အလက် ပြုစုထုတ်ပြန်ရမည့် သုတေသနအဖွဲ့အစည်း ဖြစ်ပါ သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဘေးအန္တရာယ် ကာကွယ် ရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု စွမ်းရည်ကို မြှင့်တင်ခြင်း၊ လုပ်ပိုင်ခွင့်များ တိုးမြှင့်ပေးခြင်းတို့ကို မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်သည်။

    အထူးသဖြင့် သတင်းအချက်အလက်များ စုဆောင်း၍ စိစစ်ထုတ်ပြန်ခြင်း၊ အချိန်မီဖြန့်ဖြူးခြင်း၊ လူထု၏ တုံ့ပြန်မှုကို ဆန်းစစ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ကျွမ်းကျင်သူများ၊ နည်းပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ကူညီမှုကို ရယူပြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အရပ်ဘက် အဖွဲ့အစည်းများ၊ အပျော်တမ်း မိုးလေဝသ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုလည်း ရယူရန်လည်း အရေးကြီးလှပါသည်။ မှန်ကန်တိကျသော ဘေးအန္တရာယ် ကာ ကွယ်ရေး သတင်းအချက်အလက်များကို ပြည်သူတို့ထံသို့ ပေးပို့ နိုင်မှသာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။

    ဘေးအန္တရာယ် ကြိုတင်သတိပေးချက်ထုတ်ပြန်ရေး အခမဲ့ ဝန်ဆောင်မှုစနစ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ပါက ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် အခပေး မိုးလေဝသ ခန့် မှန်းချက်စနစ်များ (Mobile Weather Application) ထုတ် လုပ်ရောင်းချခြင်း၊ မိုးလေဝသခန့်မှန်းချက် လမ်းညွှန်မြေပုံစနစ် များ၊ မိုးလေဝသနှင့် ဇလဗေဒ အချက်အလက်များ ရောင်းချခြင်း စသည့် လုပ်ငန်းများကို ထပ်မံ ချဲ့ထွင်ပြီး ဆောင်ရွက်နိုင်မည့် အလားအလာများ ရှိနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ်သည် အတ္တဟိတ၊ ပရဟိတအကျိုးနှစ်ဖြာ ဖြစ် ထွန်းစေနိုင်မည့် စနစ်ကောင်းတစ်ခု ဖြစ်လာပြီး ပြည်တွင်းနည်း ပညာ ကျွမ်းကျင်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ နှင့် တီထွင်ဆန်းသစ်မှု အခွင့်အရေးများ ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆမိပါသည်။

    အချုပ်အားဖြင့်ဆိုရလျှင် ဘေးအန္တရာယ် ကြိုတင်သတိ ပေးချက်ထုတ်ပြန်ရေးစနစ်သည် နိုင်ငံသူနိုင်ငံသားတို့နှင့် နိုင်ငံ တော်၏ အကျိုးစီးပွားကို ကာကွယ်ရာတွင် အရေးပါသည့် ဘေး အန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ များစွာ အထောက်အကူပြုလိမ့်မည်ဟု ယူဆမိပါသည်။ သို့ဖြစ်၍ ကျွမ်း ကျင်ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဘေးအန္တရာယ် ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးစနစ် ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ရန် အချိန်အခါ ကျရောက်ပြီ ဖြစ် သည်ဟု ထင်မြင်ယူဆမိပါသည်။    ။

    References

    1. Disaster Management,Developing Country Communities & Climate Change: The Role of ICTs,NONITA T. YAP
    2. Myanmar Action Plan on Disaster Risk Reduction (MAPDRR) 2012, Ministry of Social Welfare, Relief and Resettlement
    3. Republic Act No. 10639, Senate of the Philippines, 6th Congress
    4. http://www.ooredoo.com.mm/
    5. http://www.telenor.com.mm/

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."