၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သရော်စာဆောင်းပါးဖြစ်ပါသည်။
ရန်လိုကျွှဲရေးသည်။
ရှေးသရောအခါ ပြည်ဗာရာဝယ် ဗြဟ္မဒတ်မင်းကြီးဆိုသူစိုးစံတော်မူလေ့ရှိ၏။ ယခုခေတ် ဒုက္ခသီရိနေပြည်တော်ကြီးတွင်သမ္မတ ဦးကုဋေစိန် စိုးစံတော်မူသည်။ဦးကုဋေစိန်က ယခင့်ယခင် မင်းတရားကြီးများကဲ့သို့ထောက် လှမ်းရေးအစီရင်ခံချက်များကိုသာ အားပြုသူမဟုတ်။ သိလိုသောအရာကို ကိုယ်တိုင်ကိုယ်ကျ ထောက်လှမ်းလိုသူဖြစ်၏။တိုင်းသူပြည်သားတို့၏အခြေအနေကို သိလိုသဖြင့် ယနေ့ တက္ကစီမောင်းသူ ယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်းမည်ဟု ဆုံးဖြတ်ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်သူဖြစ်၏။ယနေ့နံနက် သမ္မတ ဦးကုဋေစိန်၏တက္ကစီကို ပထမဆုံးတားစီး၊ ဈေးဦးဖောက်လိုက်သူကား ကျွနု်ပ်တို့၏သတင်းထောက်ရန်လိုကျွဲဖြစ်လေသည်။
ဦးကုဋေစိန်။ ။ ဘယ်သွားမလဲ ကောင်လေး။
ရန်လိုကွျွဲ။ ။ အမေရိကန်သံရုံးကို သွားမယ်။ ဘယ်လောက်ပေးရမလဲ။
စိန်။ ။ နှစ်ထောင်ပဲ ပေးပါ။
ကျွဲ။ ။ ဟုတ်ဗျာ၊ သွားမယ်။လေးငါးထောင်ပေးရသောခရီးကို ဒီဘဲကြီးက နှစ်ထောင်ပဲတောင်းသဖြင့် ရန်လိုကျွဲ အံ့သြသွားသည်။ တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ့ကားထဲ ဆီမထည့်၊ ဂက်စ်မထည့်ဘဲ ရေပဲ ထည့်မောင်းသလား မသိဘူးဟု တွေးလိုက်မိ၏။ကားထွက်သည်နှင့် ဦးကုဋေစိန်က မေးခွန်းများ အဆက်မပြတ်မေးလေသည်။
စိန်။ ။ သံရုံးကို ဘာသွားလုပ်မလို့လဲ ကောင်လေး။
ကျွဲ။ ။ ဗီဇာလျှောက်ထားတာ အင်တာဗျူးခေါ်ထားလို့ပါခင်ဗျ။
စိန်။ ။ သြော်…အမေရိကန်သွားတော့မယ်ပေါ့လေ၊ ဘာသွားလုပ်မှာလဲ၊ အလည်လား၊ အလုပ်လား၊ ကျောင်းတက်ဖို့လား။
ကျွဲ။ ။ ကျောင်းတက်မယ်လို့ပြောပြီး ဟိုရောက်ရင် ဆူရှီလိပ်မှာပါခင်ဗျ။ဦးကုဋေစိန်ထံမှ ဗီဇာ၊ အမေရိကန်၊ အလုပ်အကိုင်တို့နှင့်ပတ်သက်သော မေးခွန်းများ ထပ်ထွက်လာ၏။ ရန်လိုကွျွဲလည်းအဆက်မပြတ် ဖြေရလေ၏။
စိန်။ ။ အင်း…မင်းတို့အရွယ်တွေက အမေရိကန်သွားတာမျိုးကိုငါတော့ သိပ်အားမပေးချင်ဘူးကွာ။ ငါတို့က ငါတို့နိုင်ငံကို
တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြရတဲ့ အချိန် မဟုတ်လား။
ကျွဲ။ ။ ဟုတ်ပါတယ်ခင်ဗျ။ သို့သော်လည်း ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး တည်ဆောက်ဖို့ လိုနေပါသေးတယ်။ ဒါကြောင့် သွားဖို့ ကြိုးစားနေတာပါ။ဆယ့်ငါးမိနစ်ကျော်ကြာသောအခါမှ ဒီအန်ကယ်လ်ကြီးကို တစ်နေရာရာတွင် တွေ့ဖူးသလိုလိုပဲဟု စဉ်းစားမိသည်။လေယူလေသိမ်းနှင့် ဆံပင်ပုံစံကို အကဲခတ်လိုက်သည်။ဤတော့မှ အမေးအမြန်းထူ စပ်စုလွန်းသော တက္ကစီဒရိုင်ဘာကြီးသည် ၎င်းတို့၏ သမ္မတ ဦးကုဋေစိန်ဖြစ်မည်ဟု သတင်းထောက် ရန်လိုကျွဲ သဘောပေါက်သွားသည်။ နောက်ထပ် ငါးမိနစ်ခန့် စကားထပ်မံပြောကြည့်အပြီးတွင် သမ္မတ ဦးကုဋေစိန်က တက္ကစီသမားယောင်ဆောင်ပြီး လူအများအကြောင်းစနည်းနာနေခြင်းဖြစ်မည်ဟု ရန်လိုကျွဲ နားလည်သွားသည်။စိတ်ထဲတွင် ကြိတ်ပြီး ပြုံးလိုက်သည်။ ဦးကုဋေစိန်ကြီးကို တစ်နည်းနည်းဖြင့် ပညာပေးရန် လိုအပ်သည်ဟု သတင်းထောက်ရန်လိုကျွဲ တွေးလိုက်မိ၏။
ကွျွဲ။ ။ အန်ကယ်လ်ကြီးက မေးခွန်း အများကြီးမေးနေတယ်ဆိုတော့ ကြည့်ရတာ စာနယ်ဇင်းသမားဖြစ်ရမယ်။ဟုတ်တယ်မှုတ် လား။ သတင်းထောက်လား၊ အယ်ဒီတာလား။ထုတ်ဝေသူလား။
စိန်။ ။ ငါ့ရဲ့ ပြောခွင့်ရအရာရှိ အဲ…ဒီလိုကွ…ငါ့အသိအကျွမ်းတစ်ယောက်က Facebook တို့၊ ဘာတို့မှာ ရေးတဲ့ အချိန်ပိုင်းစာနယ်ဇင်းသမား ဆိုပါတော့ကွာ။ ဒါကြောင့် ထူးခြားတာရှိရင်သူတို့ Facebook ဖြစ်ဖြစ်၊ ဂျာနယ်ထဲမှာဖြစ်ဖြစ် ထည့်ရေးသင့်ရေးရတာပေါ့ကွ။
ကွျဲ။ ။ ကောင်းဗျာ။ ကျွန်တော်သိတဲ့ ထူးခြားဖြစ်ရပ်တစ်ခုရှိတယ်။
စိန်။ ။ အင်း….ပြောပါဦးကွ၊ ဘယ်လောက်အထိ ထူးခြားသလဲသိရအောင်။
ကျွဲ။ ။ ဒီလိုဗျ၊ တော်တော်လေး ထူးခြားတဲ့ ဖြစ်ရပ်ပါ၊ ပြောရင်တော့ ယုံချင်မှ ယုံကြလိမ့်မယ်။ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ပါ။အခုတလော နိုင်ငံတော်မှာ လူပြောများနေတဲ့ တန်ဖိုးနည်းတယ်လီဖုန်းနဲ့ ပတ်သက်တယ်ဗျ။
စိန် ။ ။ အင်း… စိတ်ဝင်စားစရာဖြစ်မယ်ထင်တယ်။
ကွျဲ ။ ။ ဟုတ်တယ်၊ စိတ်ဝင်စားစရာပဲ၊ အဲ…ဖြစ်ရပ်က ဒီလို…တယ်လီဖုန်းထဲ ကျွဲတစ်ကောင် ဝင်သွားတဲ့အကြောင်းပါ။
စိန်။ ။ ဟ…မင်းတယ်လီဖုန်းက ဘယ်လောက်ကြီးလို့ ကျွဲဝင်သွားရတာလဲ။ ဟုတ်မှလည်း လုပ်ပါ ကောင်လေးရာ။
ကျွဲ။ ။ ဟုတ်ပါတယ်ဆို…။ အဲဒါ တကယ်ဝင်သွားတာပါ။ အန်ကယ်လ်ကြီးတို့ မဂ္ဂဇင်းထဲ ထည့်လို့ရမှာပါ။ မျက်နှာဖုံးသတင်း
တောင် ဖြစ်နိုင်ပါတယ်။ ဒီလိုဗျ…ကျွဲက ပုံမှန်အရွယ်၊ ဖုန်းကလည်း ပုံမှန်အရွယ်ပါပဲ။ အဲ…ဖုန်းက စမတ်ဖုန်း အမျိုးအစားပါ။
‘ဒီအရွယ်ဖုန်းခင်ဗျ’ ဟု ပြောပြောဆိုဆိုနှင့် ရန်လိုကျွဲအိတ်ထဲမှ စမတ်ဖုန်းကို ထုတ်ပြပြီး ပြောလိုက်သေးသည်။
စိန်။ ။ ကဲ… တကယ်ဝင်သွားတယ်ဆိုတာတော့ ဟုတ်ပါပြီကွာ၊ဆိုစမ်း…ဘယ်လိုဝင်တာလဲ၊ ကွျွဲကို ပိစိကွေးဖြစ်အောင် ပြုစားပြီး ဝင်ခိုင်းလိုက်တာလား။ ဂမ္ဘီရအတတ်၊ မှော်အတတ်တွေ သုံးလိုက်တာများလား။
ကျွဲ။ ။ ကဲ…အန်ကယ်လ်ကြီး စိတ်ဝင်စားလာပြီမဟုတ်လား။ ဒါကြောင့် ထူးခြားဖြစ်ရပ်လို့ ကျွန်တော် ပြောတာပေါ့ဗျ။ ကျွန်တော်သာ သတင်းသမား ဆိုရင် ဒီအကြောင်း ရေးမှာပဲ။
စိန်။ ။ ကဲ… ရေးတာတွေ၊ မရေးတာတွေ ထားလိုက်ပါဦး။ အဲဒီကျွဲက အဲဒီဖုန်းထဲ ဘယ်လိုရောက်သွားလဲ ပြောစမ်းကွာ။
ကျွဲ။ ။ ဒီလိုဗျာ၊ ဒီလို…ဒီလို။ အခုခေတ်မှာဗျာ၊ အတော်များများမိုဘိုင်းလ်ဖုန်းကိုင်ကြတယ်ဆိုတော့ တောင်သူကြီးတစ်ယောက်ကလည်း မိုဘိုင်းလ်ဖုန်း ကိုင်ချင်လာတယ်၊ ဆက်သွယ်ရေးကောင်းရင် လုပ်ငန်းကိုင်ငန်း အဆင်ပြေမယ်၊ ရပ်နီးရပ်ဝေး မိတ်ဆွေများကို ဆက်သွယ် ပြောဆိုနိုင်မယ်ပေါ့ဗျာ။
စိန်။ ။ အင်း…အဲဒီတော့ ဘာဖြစ်သလဲ။
ကွျဲ။ ။ တောင်သူကြီးက လက်ထဲ ပိုက်ဆံ မရှိဘူးဗျာ။ သူ့ကျွဲ တစ်ကောင်ကို ရောင်းလိုက်တာပေါ။့ ရောင်း လို့ရတဲ့ငွေနဲ့တယ်လီဖုန်း ဝယ်သုံးလိုက်တယ်ပေါ့ဗျာ။ ကဲ…အန်ကယ်လ်ကြီး ရှင်းပြီမဟုတ်လား။ ကျွဲတစ်ကောင် တယ်လီဖုန်းထဲဝင်သွားတယ်ဆိုတာ အဲဒါပါပဲဗျာ။တက္ကစီမောင်းနေသော ဦးကုဋေစိန် ခေတ္တတွေဝေသွားသည်။ ယင်းနောက်…
စိန်။ ။ ကောင်လေးရာ… မင်းရဲ့သတင်းက အတိဿယဝုတ္တိအလင်္ကာမြောက်လွန်းနေပြီ။ ကျွဲတစ်ကောင်ရဲ့ တန်ဖိုးက သုံး၊လေး၊ ငါးသိန်းတန်ပါတယ်ကွ။ တယ်လီဖုန်းအတွက်နဲ့တော့ ကျွဲရောင်းစရာ မလိုပါဘူးကွာ။ ဖုန်းဆင်းမ်ကတ်(Sim Card)တစ်ခုက ထောင့်ငါးရာပဲ ပေးရတာ။
ကွျွဲ။ ။ ထောင့်ငါးရာဆိုပေမယ့် ဈေးကွက်ထဲမှာက အဲဒီ ဆင်းမ်ကတ်က တစ်သိန်းဝန်းကျင် ဖြစ်နေတယ်မဟုတ်လား အန်ကယ်လ် ကြီး။
စိန်။ ။ အေးပါကွာ… ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွဲရောင်းလို့ရတဲ့ငွေကသုံး၊ လေးသိန်း ဆိုတော့ ပိုတဲ့ပိုက်ဆံ ဘာလုပ်လိုက်သလဲ။
ကျွဲ။ ။ ပိုက်ဆံက ပိုတယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်းကိုင်တယ်ဆိုတော့ ဟန်းဆက်ကောင်းကောင်းတစ်ခု ဝယ်ရမယ်လေ။အများတကာ စမတ်ဖုန်းနဲ့ ဂိမ်းဆော့ကြ၊ အင်တာနက်သုံးကြ၊ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကြ၊ ဖုန်းမျက်နှာပြင်ကို ပွတ်ကြဆိုတော့ တစ်သိန်းကျော်တန် စမတ်ဖုန်းတစ်ခု ကိုင်ချင်ပြီမဟုတ်လား။ ဖုန်းဝယ်၊ ဘာဝယ်ဖို့ မြို့တက်ပြီဆိုတော့ ပိုက်ဆံက ပိုတယ်ရယ်လို့ မရှိဘူးလေ။ ကဲ…ဘာပဲပြောပြောဗျာ၊ ကျွဲကြီးတစ်ကောင်လုံး တယ်လီဖုန်းထဲ ဝင်သွားတယ်ဆိုတာ ယုံပြီ မဟုတ်လား။ခရးီ ဆးုံ သဖြင့် ရန်လိုကျွှဲလည်း ကားပေါ်မှဆင်း လိုက်သည်။ရန်လိုကျွဲဆင်းသွားသော်လည်း တက္ကစီဒရိုင်ဘာ အသွင်ယူထားသူ ဦးကုဋေစိန်ကြီးက သူ့အတွေးနှင့်သူ ငြိမ်သက်နေမိ၏။သတင်းထောက် အသေးစိတ်ရှင်းပြသွားချက်ကို ပြန်စဉ်းစားနေမိ၏ ။ ‘ကျွြဲကးီ တစ်ကောင်လုံး တယ်လီဖုန်းထဲဝင်သွားတယ်ဆိုတာ ယုံပြီမဟုတ်လား’ဟူသော ပြောဆိုချက်က သူ့နားထဲ ပဲ့တင်ထပ်နေ၏။ မြန်မာပြည်တွင် တယ်လီဖုန်းထဲသို့ ဝင်သွားသော ကျွဲ၊နွား အကောင်ရေ မည်မျှရှိမည်နည်းဟု ဆက်လက်ပြီး အတွေးနယ်ချဲ့ နေလေသတည်း။
[ ပြီးပါပြီ။ ]

