ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဒီဇင်ဘာ လလယ်မှ စတင်၍ ဖြစ်ပွားနေသော မြန်မာ့တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) လက်နက်ကိုင်အဖွဲ့ နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်ကိုင်အဖွဲ့တို့ အကြားရှိ ပဋိပက္ခ၏ အကျိုးဆက်ကို ဒေသခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရင်ဆိုင်ခံစား နေကြရပြီး လူဦးရေ ၃,၀၀၀ ခန့်သည် စစ်မက်ဘေးမှ လွတ်ကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။
သီပေါမြို့နယ်၊ ဘော်ကြိုဘုရားဝန်း အတွင်း နေစာလှုံနေသော စစ်ဘေးရှောင် ပလောင်လူမျိုး မိသားစုများ။ တပ်မတော်နှင့် ပလောင် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဤ ကယ်ဆယ်ရေး စခန်းတွင် ရှမ်းလူမျိုးနှင့် ပလောင်လူမျိုး စစ်ဘေးရှောင် (၅၀၀) ကျော် ခိုလှုံနေကြသည်။
ရန်ကုန်မြို့မှ စေတနာရှင်များ လှူဒါန်းလိုက်သည့် ပူဖောင်းနှင့် ဘောလုံး လက်ဆောင်များကိုရယူရန် စောင့်ဆိုင်း တိုးဝှေ့နေသော ပလောင်လူမျိုး ကလေးငယ်များ။

