အစိုးရ၊ တပ်မတော်နှင့် သတင်းမီဒီယာ နားလည်မှု ယူဖို့ လိုပါသလား

ဒီဇင်ဘာ၊ ၂၀၁၄

မြန်မာသတင်းမီဒီယာများအနေဖြင့် အုပ်ချုပ်သူ အစိုးရ ထံမှ သတင်းယူရသည်မှာ လွယ်ကူခဲ့သည်တော့ မဟုတ်ပါ။ အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်းမှာတော့ မဆို သလောက် ပွင့်လင်းလာခဲ့သည်။ ယနေ့အချိန်အထိ မီဒီယာကို ပြန်လည်ဖြေကြားရန် အခက်အခဲရှိသည့် အစိုးရဌာနများ ရှိနေ ဆဲဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ကပင် မီဒီယာသမားများ ကို တရားစွဲဆိုအရေးယူမှုများပင်ရှိနေသည်။

အုပ်ချုပ်သူ အစိုးရသည် ၎င်းတို့လုပ်သမျှသော စီမံကိန်း များ၊ သုံးစွဲသမျှသော ဘဏ္ဍာငွေများသည် ပြည်သူ့ဘဏ္ဍာ များဖြစ်သောကြောင့် မည်မျှရပြီး မည်မျှပြန်လည်သုံးစွဲခဲ့သည်ဆို ခြင်းကို ပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ရ မည်မှာ အစိုးရ၏တာဝန်သာဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူတို့၏ နား၊ မျက်စိများဖြစ်သော မီဒီယာမှ တစ်ဆင့် ထုတ်ပြန် ပေးရမည်သာဖြစ်၏။

သမ္မတဦးသိန်းစိန်လက်ထက်တွင် သတင်းမီဒီယာများတွင် လွတ်လပ်စွာရေးသားခွင့်တော့ ရလာခဲ့သော်လည်း ဝန်ကြီးဌာန များ၏ လာဘ်စားမှုနှင့် ပတ်သက်သည့် သတင်းကဲ့သို့သော အစိုးရကို ဝေဖန်သည့် သတင်းများဖော်ပြပါက အစိုးရကိုယ်တိုင် က မီဒီယာကို တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ဝန်မလေးခဲ့ပေ။ ယင်းသို့ မဖော်ပြရန် ခြိမ်းခြောက်သည့် သဘောများကိုပင် တွေ့ရ သေးသည်။

သမ္မတဦးသိန်းစိန် အစိုးရအုပ်ချုပ်ခဲ့သည့် သက်တမ်းတစ် လျှောက်တွင် တရားစွဲဆိုခံနေရသည့် သတင်းမီဒီယာများစွာ ရှိခဲ့ သလို ယခု ၂၀၁၄ ခုနှစ်အတွင်း၌ပင် သတင်းသမား ၁၀ဦး နှစ် ရှည်ထောင်ကျခံနေရသည်။

ထို့ကြောင့်လည်း နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (CPJ)က ထုတ်ပြန်သည့် ဂျာနယ်လစ်များ ကို ထောင်ဒဏ်ချမှတ်မှု အဆိုးဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာ နိုင်ငံက ပါဝင်နေဆဲဖြစ်သည်။

စစ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် ယိုယွင်းခဲ့ရသော သတင်းမီဒီယာလောက ကိုယ်တိုင်သည်လည်း ယခုလက်ရှိနိုင်ငံ ရေးအပြောင်းအလဲတွင် နည်းပညာပိုင်း၊ အတတ်ပညာပိုင်းဆိုင် ရာ ပြောင်းလဲမှုများ ပြုလုပ်နေဆဲကာလ ဖြစ်သည်။  သမ္မတဦးသိန်းစိန်ကိုယ်တိုင်က “တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာဆောင်ရွက်နိုင်မှုအား မထိခိုက်စေသော နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိ စေရန် ဥပဒေအကြောင်းအရ မျှတစွာဆောင်ရွက်ပေးသွားမည်”ဟု စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ဒုတိယအကြိမ် တွေ့ဆုံစဉ် က ပြောကြားခဲ့သည်။ ထိုသို့ပြောကြားပြီးသည့်နောက်တွင် Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်များကို နှစ်ရှည်ထောင် ချမှတ်ခဲ့လေသည်။

တဖန် အုပ်ချုပ်သူအစိုးရထက်ပင် မီဒီယာများနှင့် ပို၍ အဆက်အဆံ မလုပ်သော မြန်မာ့တပ်မတော်သည်လည်း ယခု နှစ်ပိုင်းတွင် မီဒီယာများနှင့် နားလည်မှုရရှိရန် ကြိုးစားလာပြန် သည်။ မီဒီယာများကိုယ်တိုင် တစ်နည်းအားဖြင့် စာနယ်ဇင်း ကောင်စီ(ယာယီ)က တပ်မတော်ဘက်မှ မီဒီယာများထံ သတင်း ထုတ်ပြန်ပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းသာဖြစ်သည်။

ထိုသို့တွေ့ဆုံခြင်းမှာလည်း ယူနတီသတင်းဂျာနယ်မှ ဓာတုလက်နက်စက်ရုံသတင်းဆောင်းပါး ဖော်ပြခဲ့ခြင်းကြောင့် သတင်းသမားများ အရေးယူခံခဲ့ရပြီးသည့် နောက်တွင်တွေ့ဆုံဖို့ ဖြစ်လာရခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီ (ယာယီ)တို့ ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ပေးမည့် ဗိုလ်ချုပ်သုံးဦး၏ ဖုန်းနံပါတ် များ ပေးခဲ့သည့်တိုင် မီဒီယာများဘက်မှ ဆက်သွယ် မေးမြန်းရာ တွင် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် နိုဝင်ဘာလအတွင်းမှာလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံ ခဲ့ကြပြန်သည်။ ယင်းတွေ့ဆုံမှုကိုတော့ တပ်မတော်ဘက်မှ တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)ဘက်ကလည်း တပ်မတော် မှ သတင်းများပွင့်ပွင့်လင်းလင်း ရယူနိုင်ရန်၊ အရာရှိများနှင့် သတင်းမီဒီယာသမားများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်အတွက်တို့ ဆွေးနွေးခဲ့သည်။ ထို့ကြောင့်လည်း ဒီဇင် ဘာ ၂၀ရက်တွင် မြဝတီစာပေတိုက်တွင် တပ်မတော်နှင့် သတင်း မီဒီယာများကြား သတင်းစီးဆင်းမှုချောမွေ့စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြသည်။

ဤနေရာတွင် စဉ်းစားစရာတစ်ခုက မီဒီယာသည် ကြား နေသာဖြစ်သည်။ ဟိုဘက် ဒီဘက် တစ်ဖက်ဖက်သို့ ဘက်လိုက်ရပ် တည်၍ မရ။ ဘက်လိုက်ရေးသားခြင်းက မဖြစ်နိုင်။ မီဒီယာကိုယ် တိုင်က အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်နေဖို့သာလိုအပ်ပြီး ချမှတ်ထားသည့် မီဒီယာဥပဒေများကို ချိုးဖောက်မည်ဆိုပါက ထိုက်သင့်သည့် အပြစ်ဒဏ်ခံရဖို့သာ ရှိသည်။

လွတ်လပ်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် အစိုးရက လည်း မီဒီယာ၏ မေးမြန်းမှုအတွက် ပြန်လည်ဖြေကြားရန် တာဝန်ရှိသည်။ မီဒီယာနှင့် မည်သည့်နားလည်မှုမှ ယူစရာမလို။ ထိုသို့ မီဒီယာနှင့် အစိုးရကြား သို့မဟုတ် တပ်မတော်ကြား နား လည်မှုယူထားသည် ဆိုသော သဘောသည် ပြည်သူလူထုကို လှည့်ဖြားဖို့ကြိုးစားခြင်းသာ ဖြစ်သည်ဆိုသော သဘောကို သက် ရောက်သွားနိုင်သည်။

ထို့ကြောင့် မြန်မာ့မီဒီယာသည် လွတ်လပ်သည့် အဖွဲ့ အစည်းဖြစ်အောင်သာ ရပ်တည်ရမည်ဖြစ်ပြီး မီဒီယာဥပဒေများ ကို ချိုးဖောက်ခဲ့ပါက အပြစ်ဒဏ်ခံရုံသာ ရှိသည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရနှင့် မြန်မာတပ်မတော်တို့မှ မီဒီယာနှင့် နားလည်မှုရရှိရန် တွေ့ဆုံနေခြင်းများ ပြုလုပ်နေကြရာ ယင်းလုပ် ရပ်တို့သည် တစ်စုံတစ်ရာသော အကျိုးရလိုမှုအတွက် တွေ့ဆုံနေ ခြင်းသာ ဖြစ်နိုင် သည်။

တစ်ဖက်နှင့် တစ်ဖက်နားလည်မှုရရှိရန် တွေ့ဆုံနေခြင်း သည် မီဒီယာများဘက်မှ အစိုးရနှင့် တပ်မတော်၏ အကြောင်းကို နားလည်ထားဖို့သာ လိုအပ်ပြီး လိုအပ်ချက်၊ အားနည်းချက်များ ကို နားလည်ပေးရန်အတွက်က မဖြစ်နိုင်ပေ။ မီဒီယာနှင့် ထိတွေ့ ဆက်ဆံမှုနည်းပါးခဲ့သော အုပ်ချုပ်သူအစိုးရနှင့် တပ်မတော်သည် သာ ပြည်သူလူထုသတင်းအချက်အလက် အမှန်များသိရှိနိုင်ရေး အတွက် မီဒီယာအပေါ်နားလည်ရန် ကြိုးစားဖို့သာ လိုအပ်နေ ခြင်းဖြစ်ကြောင်း မော်ကွန်းမဂ္ဂဇင်းက သုံးသပ်ပါသည်။ဒီဇင်ဘာ၊ ၂၀၁၄

မြန်မာသတင်းမီဒီယာများအနေဖြင့် အုပ်ချုပ်သူ အစိုးရ ထံမှ သတင်းယူရသည်မှာ လွယ်ကူခဲ့သည်တော့ မဟုတ်ပါ။ အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်းမှာတော့ မဆို သလောက် ပွင့်လင်းလာခဲ့သည်။ ယနေ့အချိန်အထိ မီဒီယာကို ပြန်လည်ဖြေကြားရန် အခက်အခဲရှိသည့် အစိုးရဌာနများ ရှိနေ ဆဲဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ကပင် မီဒီယာသမားများ ကို တရားစွဲဆိုအရေးယူမှုများပင်ရှိနေသည်။

အုပ်ချုပ်သူ အစိုးရသည် ၎င်းတို့လုပ်သမျှသော စီမံကိန်း များ၊ သုံးစွဲသမျှသော ဘဏ္ဍာငွေများသည် ပြည်သူ့ဘဏ္ဍာ များဖြစ်သောကြောင့် မည်မျှရပြီး မည်မျှပြန်လည်သုံးစွဲခဲ့သည်ဆို ခြင်းကို ပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ရ မည်မှာ အစိုးရ၏တာဝန်သာဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူတို့၏ နား၊ မျက်စိများဖြစ်သော မီဒီယာမှ တစ်ဆင့် ထုတ်ပြန် ပေးရမည်သာဖြစ်၏။

သမ္မတဦးသိန်းစိန်လက်ထက်တွင် သတင်းမီဒီယာများတွင် လွတ်လပ်စွာရေးသားခွင့်တော့ ရလာခဲ့သော်လည်း ဝန်ကြီးဌာန များ၏ လာဘ်စားမှုနှင့် ပတ်သက်သည့် သတင်းကဲ့သို့သော အစိုးရကို ဝေဖန်သည့် သတင်းများဖော်ပြပါက အစိုးရကိုယ်တိုင် က မီဒီယာကို တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ဝန်မလေးခဲ့ပေ။ ယင်းသို့ မဖော်ပြရန် ခြိမ်းခြောက်သည့် သဘောများကိုပင် တွေ့ရ သေးသည်။

သမ္မတဦးသိန်းစိန် အစိုးရအုပ်ချုပ်ခဲ့သည့် သက်တမ်းတစ် လျှောက်တွင် တရားစွဲဆိုခံနေရသည့် သတင်းမီဒီယာများစွာ ရှိခဲ့ သလို ယခု ၂၀၁၄ ခုနှစ်အတွင်း၌ပင် သတင်းသမား ၁၀ဦး နှစ် ရှည်ထောင်ကျခံနေရသည်။

ထို့ကြောင့်လည်း နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (CPJ)က ထုတ်ပြန်သည့် ဂျာနယ်လစ်များ ကို ထောင်ဒဏ်ချမှတ်မှု အဆိုးဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာ နိုင်ငံက ပါဝင်နေဆဲဖြစ်သည်။

စစ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် ယိုယွင်းခဲ့ရသော သတင်းမီဒီယာလောက ကိုယ်တိုင်သည်လည်း ယခုလက်ရှိနိုင်ငံ ရေးအပြောင်းအလဲတွင် နည်းပညာပိုင်း၊ အတတ်ပညာပိုင်းဆိုင် ရာ ပြောင်းလဲမှုများ ပြုလုပ်နေဆဲကာလ ဖြစ်သည်။  သမ္မတဦးသိန်းစိန်ကိုယ်တိုင်က “တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာဆောင်ရွက်နိုင်မှုအား မထိခိုက်စေသော နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိ စေရန် ဥပဒေအကြောင်းအရ မျှတစွာဆောင်ရွက်ပေးသွားမည်”ဟု စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ဒုတိယအကြိမ် တွေ့ဆုံစဉ် က ပြောကြားခဲ့သည်။ ထိုသို့ပြောကြားပြီးသည့်နောက်တွင် Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်များကို နှစ်ရှည်ထောင် ချမှတ်ခဲ့လေသည်။

တဖန် အုပ်ချုပ်သူအစိုးရထက်ပင် မီဒီယာများနှင့် ပို၍ အဆက်အဆံ မလုပ်သော မြန်မာ့တပ်မတော်သည်လည်း ယခု နှစ်ပိုင်းတွင် မီဒီယာများနှင့် နားလည်မှုရရှိရန် ကြိုးစားလာပြန် သည်။ မီဒီယာများကိုယ်တိုင် တစ်နည်းအားဖြင့် စာနယ်ဇင်း ကောင်စီ(ယာယီ)က တပ်မတော်ဘက်မှ မီဒီယာများထံ သတင်း ထုတ်ပြန်ပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းသာဖြစ်သည်။

ထိုသို့တွေ့ဆုံခြင်းမှာလည်း ယူနတီသတင်းဂျာနယ်မှ ဓာတုလက်နက်စက်ရုံသတင်းဆောင်းပါး ဖော်ပြခဲ့ခြင်းကြောင့် သတင်းသမားများ အရေးယူခံခဲ့ရပြီးသည့် နောက်တွင်တွေ့ဆုံဖို့ ဖြစ်လာရခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီ (ယာယီ)တို့ ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ပေးမည့် ဗိုလ်ချုပ်သုံးဦး၏ ဖုန်းနံပါတ် များ ပေးခဲ့သည့်တိုင် မီဒီယာများဘက်မှ ဆက်သွယ် မေးမြန်းရာ တွင် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် နိုဝင်ဘာလအတွင်းမှာလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံ ခဲ့ကြပြန်သည်။ ယင်းတွေ့ဆုံမှုကိုတော့ တပ်မတော်ဘက်မှ တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)ဘက်ကလည်း တပ်မတော် မှ သတင်းများပွင့်ပွင့်လင်းလင်း ရယူနိုင်ရန်၊ အရာရှိများနှင့် သတင်းမီဒီယာသမားများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်အတွက်တို့ ဆွေးနွေးခဲ့သည်။ ထို့ကြောင့်လည်း ဒီဇင် ဘာ ၂၀ရက်တွင် မြဝတီစာပေတိုက်တွင် တပ်မတော်နှင့် သတင်း မီဒီယာများကြား သတင်းစီးဆင်းမှုချောမွေ့စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြသည်။

ဤနေရာတွင် စဉ်းစားစရာတစ်ခုက မီဒီယာသည် ကြား နေသာဖြစ်သည်။ ဟိုဘက် ဒီဘက် တစ်ဖက်ဖက်သို့ ဘက်လိုက်ရပ် တည်၍ မရ။ ဘက်လိုက်ရေးသားခြင်းက မဖြစ်နိုင်။ မီဒီယာကိုယ် တိုင်က အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်နေဖို့သာလိုအပ်ပြီး ချမှတ်ထားသည့် မီဒီယာဥပဒေများကို ချိုးဖောက်မည်ဆိုပါက ထိုက်သင့်သည့် အပြစ်ဒဏ်ခံရဖို့သာ ရှိသည်။

လွတ်လပ်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် အစိုးရက လည်း မီဒီယာ၏ မေးမြန်းမှုအတွက် ပြန်လည်ဖြေကြားရန် တာဝန်ရှိသည်။ မီဒီယာနှင့် မည်သည့်နားလည်မှုမှ ယူစရာမလို။ ထိုသို့ မီဒီယာနှင့် အစိုးရကြား သို့မဟုတ် တပ်မတော်ကြား နား လည်မှုယူထားသည် ဆိုသော သဘောသည် ပြည်သူလူထုကို လှည့်ဖြားဖို့ကြိုးစားခြင်းသာ ဖြစ်သည်ဆိုသော သဘောကို သက် ရောက်သွားနိုင်သည်။

ထို့ကြောင့် မြန်မာ့မီဒီယာသည် လွတ်လပ်သည့် အဖွဲ့ အစည်းဖြစ်အောင်သာ ရပ်တည်ရမည်ဖြစ်ပြီး မီဒီယာဥပဒေများ ကို ချိုးဖောက်ခဲ့ပါက အပြစ်ဒဏ်ခံရုံသာ ရှိသည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရနှင့် မြန်မာတပ်မတော်တို့မှ မီဒီယာနှင့် နားလည်မှုရရှိရန် တွေ့ဆုံနေခြင်းများ ပြုလုပ်နေကြရာ ယင်းလုပ် ရပ်တို့သည် တစ်စုံတစ်ရာသော အကျိုးရလိုမှုအတွက် တွေ့ဆုံနေ ခြင်းသာ ဖြစ်နိုင် သည်။

တစ်ဖက်နှင့် တစ်ဖက်နားလည်မှုရရှိရန် တွေ့ဆုံနေခြင်း သည် မီဒီယာများဘက်မှ အစိုးရနှင့် တပ်မတော်၏ အကြောင်းကို နားလည်ထားဖို့သာ လိုအပ်ပြီး လိုအပ်ချက်၊ အားနည်းချက်များ ကို နားလည်ပေးရန်အတွက်က မဖြစ်နိုင်ပေ။ မီဒီယာနှင့် ထိတွေ့ ဆက်ဆံမှုနည်းပါးခဲ့သော အုပ်ချုပ်သူအစိုးရနှင့် တပ်မတော်သည် သာ ပြည်သူလူထုသတင်းအချက်အလက် အမှန်များသိရှိနိုင်ရေး အတွက် မီဒီယာအပေါ်နားလည်ရန် ကြိုးစားဖို့သာ လိုအပ်နေ ခြင်းဖြစ်ကြောင်း မော်ကွန်းမဂ္ဂဇင်းက သုံးသပ်ပါသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."