ယင်းမာပင် – ၂၀၂၂ ဩဂုတ် ၂၇ (မော်ကွန်း)
ပြီးခဲ့တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးအစပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က လူထုသပိတ်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပစ်သတ်ခဲ့တာကြောင့် သပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုချမ်းမြေ့ကျော်ကျဆုံးခဲ့ရပြီး ဒီကနေ့ဟာ တစ်နှစ်နဲ့ငါးလပြည့်တဲ့နေ့ဖြစ်ပါတယ်။
သပိတ်တိုက်ပွဲတွေ မရပ်မနားလုပ်ဆောင်နေတဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ကိုချမ်းမြေ့ကျော်ရဲ့ အုတ်ဂူရှေ့မှာ အလေးပြုဦးညွတ်ကြကာ စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကိုချမ်းမြေ့ကျော်ဟာ ကျဆုံးချိန်မှာ အသက် ၃၀ အရွယ်ရှိပြီး မြန်မာဝမ်ပေါင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက တူးဖော်ရေးဌာနမှာ မိုင်းလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူပါ။
ကိုချမ်းမြေ့ကျော် ကျဆုံးခဲ့တဲ့နေရာကတော့ ပုသိမ် – မုံရွာ – ယာကြီးလမ်းဆုံဖြစ်ပြီး စစ်တပ်က အကြမ်းဖက်ပစ်သတ်ခဲ့တာလို့ သပိတ်ခေါင်းဆောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ဆိုရင် ဆန္ဒထုတ်ဖော်လာတာ ရက်ပေါင်း ၅၃၄ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

