ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ နှစ်လအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။
ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်ဟုဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခြင်းဖြစ်သည်ဟုပါရှိသည်။
မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူများ အယောင်ဆောင်ကာဝင်ရောက်လာကာ အရပ်သားများကိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အတွင်းရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟုဖော်ပြထားသည်။
ချင်းပြည်နယ်မဲဆန္ဒနယ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သတ်၍လည်း အာဏာရ ဒီချုပ်ပါတီက ၎င်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားသည်။
#mawkun #magazine #chronicle #dailynews #AA