၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး
ရေးသည်။
အညာတစ်ခွင်ကိုသွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မပျင်းရိခဲ့ဘူး။ အဖော်ကောင်းသည် ဖြစ်စေ၊
အဖော်မပါဘဲ တစ်ကိုယ်တည်း ဖြစ်စေ အညာခရီးတွေကို ကျွန်တော် မကြာခဏ သွားဖြစ်တယ်။
အခုတစ်ခေါက်လည်း ချောင်းဦး၊ ရေစကြို၊ မြိုင်နယ်တစ်ကြောကို သွားဖို့
အကြောင်းဖန်လာတယ်။ ဇူလိုင်အတွင်းမှာ အညာတစ်ခွင် ခရီးနှင်ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ကူးတံတား
(ဆင်ဖြူရှင်)ကို ကျော်လိုက်တာ နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို ရောက်တယ်။
ချင်း တွင်းမြစ်က မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို နယ်နိမိတ်အဖြစ်
ပိုင်းဖြတ်ထားတယ်။ ချင်းတွင်းမြစ်ကို ဖြတ်လိုက်တာနဲ့ မြင်ကွင်း တွေက အညာဆန်လာတယ်။
တမာ၊ ထနောင်း၊ ဆူးရစ်ပင်တွေက အညာရဲ့ သင်္ကေတအဖြစ် လမ်းဘေးဝဲယာမှာ တန်းစီနေတယ်။ မိုးနှံချုံပုတ်တွေ၊
နာနတ်ရိုင်းပင်တွေ၊ ရှားစောင်းလက်ပပ်ပင်တွေ၊ က္တာရပင်တွေက အညာနေကို အန်တုနေကြတယ်။
ရေစကြို နယ်မှာ မအူရွာတွေက အများကြီး။ မအူအလယ်ရွာမှာ မအူ တံတား ရှိပြီး
အပြန်ခရီးမှာ ဝင်လည်ဖြစ်တယ်။

Photo-Than Naing Oo ရေစကြိုမြို့နယ် မအူအလယ်ရွာက မအူအလယ်တံတား
မအူရွာတွေ
ကျော်ပြီး မကြာမီမှာပဲ အောင်မိုးလမ်းခွဲကို ရောက်ပါတယ်။ အောင်မိုးလမ်းခွဲက
ပခုက္ကူ-မြိုင်လမ်းနဲ့ ချင်း တွင်းမြစ်ကူးတံတား အဆင်းလမ်းတို့ ဆုံတဲ့နေရာ ဖြစ်တယ်။
အင်္ဂလိပ်အက္ခရာ တီပုံသ္ဌာန် ဆုံနေပြီး ခရီးသွားတွေ ခရီးတစ် ထောက်နားတဲ့ နေရာလည်း
ဖြစ်တယ်။ အောင်မိုးလမ်းခွဲမှာ စား သောက်ဆိုင်၊ ရေစကြိုထန်းသီးမုန့်ဆိုင်၊
ကွမ်းယာဆိုင်တွေ ရှိ တယ်။ အောင်မိုးလမ်းခွဲမှာ ရွာ ရှိမနေပါဘူး။ အနီးအနား ရေစကြို
မြို့နယ်ထဲက ရွာတွေက ဆိုင်လာဖွင့်ကြတာ များတယ်။
အောင်မိုးလမ်းခွဲအမည်တွင်ရတာက ဦးအောင်မိုးဆိုတဲ့ အမျိုးသားကြီးတစ်ယောက်က ခရီးသွားတွေ နားခိုဖို့လမ်းခွဲမှာ ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းရာကနေ အောင်မိုးလမ်းခွဲ
အမည်တွင်ခဲ့ရတာပါ။ ယခုအထိ ဇရပ်ကြီး ရှိနေသေးပြီး လမ်းဦး တိုက်အနေအထားနဲ့
ဆောက်လုပ်ထားတာပါ။ ဇရပ် ရှေ့မျက်နှာ စာမှာ အဖီလေးချထားပြီး သုံးပင်နှစ်ခန်း
မြေစိုက် အဆောက် အအုံ ဖြစ်တယ်။ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း ဇရပ်ကြီးဖြစ်ပြီး သက်
တမ်းရင့် မန်ကျည်းပင်ကြီးရဲ့ အနီးမှာ ဆောက်လုပ်ထားတာပါ။ အလှူရှင်
ကမ္ပည်းရေးထိုးမထားပေမယ့် ဒီလမ်းကို အသုံးပြုသူ တိုင်းက အောင်မိုးလမ်းခွဲလို့ပဲ
ခေါ်ကြတယ်။ ဒီလမ်းခရီးကို သုံး ကြိမ် ကျွန်တော် ရောက်ဖူးတယ်။ ရောက်တဲ့ အခေါက်တိုင်း
ဦးအောင်မိုးရဲ့ ဇရပ်ကုသိုလ်ကို သာဓုမခေါ်ဘဲ မနေနိုင်ဘူး။
အောင်မိုးလမ်းခွဲမှာ
ကျွန်တော်တို့ ဒေသထွက်အစာ ရေ စကြိုထန်းသီးမုန့် ဝယ်ကြတယ်။ ကျွန်တော်တို့ ဝယ်တဲ့
ရေစကြို ထန်းသီးမုန့်ဆိုင်အမည်က စူပါမိုးတဲ့။ ဆိုင်ရှင်က ရေစကြိုထန်းသီး မုန့်တွေ
အမြည်းစားဖို့ ထမင်းစားပန်းကန်ထဲ ထည့်ပေးတယ်။ ထန်းသီးမုန့်ပေါ် ဆမ်းထားတဲ့
ပဲဆီနံ့မွှေးမွှေးက ကျွန်တော်တို့ လက်တွေကို ထန်းသီးမုန့်တွေပေါ် ရောက်အောင်
မြှူဆွယ်နိုင်စွမ်း ရှိတယ်။ ပူပူနွေးနွေး ထန်းသီးမုန့်တုံးလေးတွေကြောင့် ကျွန်တော်
တို့အားလုံး ထန်းသီးမုန့်ပန်းကန်မှာ လက်ချင်းဆုံကြတယ်။ ဒီ အနီးအနားရွာက
ဖြစ်ကြောင်း၊ အိမ်သားဖြစ်သူက ရန်ကုန်ဆင်း အလုပ်လုပ်ပေမယ့် မနှစ်က ပြန်လာကြောင်း၊
ရွာက ထွက်တဲ့ ပဲ ဆီသန့်ကိုသာ အသုံးပြုကြောင်း ကျွန်တော်တို့ကို ရှင်းပြတယ်။
ဆိုင်ရှင်ရဲ့ ရင်သွေးလေးက ဆိုင်အတွင်းက သင်ဖြူးခင်းထားတဲ့ ကွပ်ပျစ်ပေါ်မှာ
အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေတယ်။
အောင်မိုးလမ်းခွဲက
မ္တလေးနဲ့ မိုင် ၁ဝဝ အကွာမှာ ရှိတယ်။ အောင်မိုးလမ်းခွဲကနေ လက်ယာဘက် ဆက်သွားရင် လင်း
ကတောလမ်းဆုံ၊ ကျားတက်ရွာတွေအပြင် မြိုင်၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး စတဲ့
မြို့နယ်တွေကိုလည်း ရောက်တယ်။ မုံရွာနဲ့ အောင်မိုးလမ်းခွဲက မိုင် ၄ဝ ကွာဝေးတယ်။
အောင်မိုးလမ်း ခွဲကနေ မုံရွာကို ပုလဲ၊ ယင်းမာပင်ဘက်ကနေ ဖြတ်ပြီး ချင်းတွင်း
တံတား(မုံရွာ)က သွားရင်လည်း ရသလို ရေစကြိုမြို့နယ်ထဲက ဖြတ်ပြီး
ချင်းတွင်းတံတား(ဆင်ဖြူရှင်)က သွားရင်လည်း ရောက် ပါတယ်။ အောင်မိုးလမ်းခွဲက
လက်ဝဲဘက် ချိုးသွားရင် ရေစကြို နဲ့ ပခုက္ကူမြို့အထိ ရောက်ပြီး ပခုက္ကူမြို့အထိ ၂၈
မိုင် ၂ ဖာလုံ ကွာ ဝေးတယ်။
အောင်မိုးလမ်းခွဲက
ရေစကြိုနယ်ထဲမှာ ရှိပြီး လင်းကတော လမ်းဆုံက မြိုင်မြို့နယ်ထဲမှာ ပါဝင်တယ်။
အောင်မိုးလမ်းခွဲနဲ့ လင်းကတောလမ်းဆုံ ၁ဝ မိုင်ပျော့ပျော့ ဝေးတယ်။ ရေစကြိုမြို့
နယ်ထဲက ကြက်ဆူကျင်း၊ ကျောက်ဖူး၊ မြေဖြူကျင်း၊ ကုက္ကိုစု စတဲ့ ရွာတွေကို လွန်ရင်
မြိုင်နယ်ထဲက လင်းကတောရွာကြီးကို ရောက်ပါပြီ။ လင်းကတောလမ်းဆုံက လမ်းဆုံရွာကြီး
ဖြစ်ပြီး စည်ကားတယ်။ မ္တလေးနဲ့ နေ့စဉ် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ လည်း ရှိတယ်။
ရဲစခန်း၊ အထက်တန်းကျောင်း၊ ရွှေဆိုင်၊ ကျေး လက်ကျန်းမာရေးဌာန၊ လက်ဖက်ရည်ဆိုင်၊
အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ ရွှေပန်းတိမ်၊ ဆိုင်ကယ်ဝပ်ရှော့၊ အပ်ချုပ်ဆိုင်၊ စား
သောက်ဆိုင်၊ ကွမ်းယာဆိုင်တွေအပြင် နိုင်ငံရေးပါတီတွေလည်း ရှိတယ်။
လင်းကတောသားတွေကတော့
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နိုင်ငံရေးကိစ္စနဲ့ လာရောက်ခဲ့ဖူးတယ်လို့
ပြောကြတယ်။ လင်းကတောမှာ ကျွန်တော်တို့ လက်ဖက်ရည် သောက်ကြတယ်။
လက်ဖက်ရည်ဆိုင်အတွင်းက အမျိုးသမီး အချို့က 7DAY ဂျာနယ်မှာ ပါတဲ့ သူတို့နယ်ဘက်က
လော်စပီ ကာပြိုင်ပွဲအကြောင်း အာပေါင်အာရင်းသန်သန် ပြောနေကြ တယ်။
ကျွန်တော်တို့အဖွဲ့ထဲမှာ အဲဒီဆောင်းပါးရေးတဲ့ သတင်း ထောက် ကိုညီညီဇော် ပါတယ်။
နယ်ခံ ကိုအောင်ရှင်က အဲဒီ ဆောင်းပါးရေးတာ သူပါပဲဗျာဆိုပြီး ကိုညီညီဇော်ကို
လက်ညှိုး ထိုးပြပြီး ဖော်ကောင်လုပ်တယ်။
သူတို့နယ်ဘက်က
လော်စပီကာပြိုင်ပွဲက စိတ်ဝင်စားစရာ ကောင်းတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လော်စပီကာတွေ
အစွမ်းကုန်ဖွင့် ပြီး ပြိုင်ကြတာပါ။ လော်စပီကာပြိုင်ပွဲ အနိုင်အရှုံးကို အချက်သုံး
ချက်နဲ့ သတ်မှတ်တယ်။ အချိန်ကြာကြာ ဖွင့်နိုင်ရမယ်။ အသံ ကျယ်ကျယ် မြည်ရမယ်။
ရှင်းလင်းပီသ ကြည်မြရမယ်။ ပြိုင်ပွဲ စည်းမျဉ်းက ပွင့်လင်းမြင်သာမှုရှိတော့
အနိုင်အရှုံးက စောဒက တက်စရာ မလိုတော့ဘူး။ ပြိုင်ပွဲဆောင်းပါးရေးတဲ့ ကိုညီညီဇော် က
ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တာ ဖြစ်လို့ လော်စပီကာ ပြိုင်ပွဲတွေက
ပျော်စရာ အလွန်ကောင်းကြောင်း ကျွန်တော်တို့ကို ဖောက်သည်ချတယ်။
လော်စပီကာပြိုင်ပွဲကို ကိုယ်တိုင် မကြုံပေ မယ့် တွေးကြည့်ရုံနဲ့တင် ပျော်စရာကြီး။
လင်းကတောလမ်းဆုံက
အင်္ဂလိပ်အက္ခရာ ဝိုင်ပုံသ္ဌာန် လမ်းဆုံ ဖြစ်တယ်။ အောင်မိုးလမ်းခွဲက လာပြီး
လင်းကတောလမ်း ဆုံအရောက် ဘယ်ဘက်ကို ချိုးဝင်ရင် မြိုင်မြို့ကို ရောက်မှာ ဖြစ် တယ်။
မြိုင်မြို့နဲ့ လင်းကတောလမ်းဆုံက ၁၆ မိုင် ၁ ဖာလုံ ဝေး တယ်။
ယင်းမာပင်-ဆားလင်းကြီးလမ်းအတိုင်း မုံရွာကို ဆက် သွားရင် ၃၇ မိုင် ၆ ဖာလုံ ဝေးတယ်။
လင်းကတောနဲ့ ပခုက္ကူက ၃၉ မိုင် ၆ ဖာလုံ ဝေးပါတယ်။ နယ်ခံတွေကတော့ လင်းကတော ကနေ
ပခုက္ကူသွားရင် မြိုင်မြို့က တစ်ဆင့် သွားကြတာများတယ်။ လင်းကတောက
လမ်းဆုံရွာဖြစ်လို့ စည်ကားတဲ့အပြင် တယ်လီ ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မိပါတယ်။
စီးပွားရေးကောင်း မွန်ပုံရပြီး တိုက်တာအိမ်ခြေ သစ်သစ်လွင်လွင်တွေနဲ့မို့ လေပြည်
ထဲမှာ ငယ်ရုပ်ဆင်နေသလိုပဲ။ လျှပ်စစ်ဓာတ်အားလိုင်းတွေ သွယ် တန်းထားပြီး လင်းကတောမှာ
လျှပ်စစ်မီး ထိန်ထိန်ညီးပါတယ်။

Photo-Than Naing Oo မအူအလယ်အင်းရေပြင်ထဲက ဘုရား
ကျွန်တော်တို့အဖွဲ့ထဲမှာပါတဲ့
ကိုအောင်ရှင်က မြိုင်နယ် သား။ ကိုအောင်ရှင်က သူ့ဇာတိကို အခုလို òန်းတယ်။ ”ကျွန်
တော်တို့က မြစ်မနီး ကမ်းဝေး ကျည်းတောအရပ်၊ မြေဆူ လူဖျင်း ဆိုတဲ့ စကား ရှိတယ်။
ကျွန်တော်တို့ဒေသက မြေမဆူတော့ ငယ် ငယ်ကတည်းက အခြားအရပ်ဒေသတွေကို သွားကြလာကြရ တယ်။
ကျွန်တော်တို့ဘက်မှာ ဘာပေါသလဲဆိုရင် ဖုန်ထူ၊ နေပူ၊ ယာစိုက်၊ လူချောထွက်တယ်လို့
အမြဲပြောတယ်။ ကျွန်တော် တောင် မချောလို့ ရွာမှာ နေရတာ ရှက်လာတာနဲ့ မြို့မှာတော့
နေလို့ရကောင်းရဲ့ ဆိုပြီး ရန်ကုန် ထွက်လာလိုက်တာပဲ”
လင်းကတောလမ်းဆုံက
လက်ဖက်ရည်ဆိုင်မှာ တမေ့ တမော ထိုင်ပြီး ရေစကြိုမြို့နယ်ထဲက မအူအလယ်တံတားဆီ
ခရီးဆက်ခဲ့ကြတယ်။ ရေစကြိုမြို့နယ်ထဲမှာ မအူရွာတွေက အများကြီး။
ချင်းတွင်းမြစ်ကူးတံတား(ဆင်ဖြူရှင်)နဲ့ အောင်မိုး လမ်းခွဲကြားမှာ မအူရွာတွေ
ရှိပါတယ်။ မအူအလယ်၊ မအူတောင်၊ မအူကျောက်ဖူး၊ မအူခုနစ်ပင်၊ မအူကတိုးစု စတဲ့ ရွာတွေ
ဖြစ် တယ်။ ရေစကြိုနယ်ထဲက မအူရွာတွေက ကားလမ်းနံဘေးက ရွာ တွေ ဖြစ်လို့
ခေါင်လွန်းတယ်လို့ မဆိုနိုင်ဘူး။ ချင်းတွင်းမြစ်အနီး က ရွာတွေ ဖြစ်ပြီး
နုန်းတင်မြေနုတွေ ဖြစ်လို့ စိုက်ပျိုးရေး ဖြစ် ထွန်းတယ်။ မအူတံတားကို
ဖေ့စ်ဘွတ်ခ်မှာ တွေ့လို့သာ သွား လည်ကြမှာ။ တစ်ခါမှ မရောက်ဖူးကြဘူး။ ပါးစပ်ပါ
ရွာရောက်မှာပဲ ဆိုတဲ့ ထုံး နှလုံးမူပြီး မအူတံတားရှိရာ ခရီးဆက်ခဲ့ကြတာ ဖြစ်တယ်။
မအူအလယ်ရွာရောက်တော့
ကားရပ်ပြီး မအူတံတားကို ဘယ်လိုသွားရသလဲလို့ မေးကြည့်မိတယ်။ မအူရွာသားက ကျွန်
တော်တို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ တံတားလမ်းòန်ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြတယ်။
တံတားတည်နေရာကို မေးမယ့်သာ မေးခဲ့ ကြတာ။ တံတားလမ်းòန်ဆိုင်းဘုတ်ကြီးက အကြီးကြီးပဲ။
မအူ တံတားက မအူအလယ်ရွာရဲ့ အရှေ့ဘက် မအူအင်းထဲမှာ ရှိတာ ပါ။ ကျွန်တော်တို့ စီးလာတဲ့
ကားလေး လမ်းòန်ဆိုင်းဘုတ်အတိုင်း ဖြည်းဖြည်းမှန်မှန် ဝင်လာခဲ့ကြတယ်။
ရွာလယ်လမ်းအတိုင်း အရှေ့ စူးစူးကို မောင်းဝင်လာခဲ့ရုံပါပဲ။
မအူတံတားကို
သွားရာ လမ်းတစ်လျှောက်မှာ သစ်ပင်ကြီး တွေ အုပ်ဆိုင်းနေတယ်။ သက်တမ်းရင့်
သစ်ပင်ကြီးတွေက လမ်း ကို ထီးသဖွယ် အုပ်မိုးပေးထားတယ်။ မအူအလယ်ရွာမှာ ကုက္ကို
ပင်တွေ၊ တမာပင်တွေ၊ မန်ကျည်းပင်တွေက အညာဒေသရဲ့ သင်္ကေတတွေအဖြစ် တွေ့နိုင်တယ်။
တံတားမရောက်မီ ကားကို နေရာလွတ်မှာ ရပ်ခဲ့ကြတယ်။ ကျွန်တော်တို့အဖွဲ့
တံတားရှိရာ သွားနေကြတုန်းမှာပဲ ဒိုးပတ်သီချင်းတစ်ပုဒ်ကို ပါးစပ်ဆိုင်းတီးပြီး
သီဆိုနေကြတဲ့ ကာလသားတစ်သိုက်ရဲ့ အသံကို မြိုင်မြိုင်ဆိုင်ဆိုင် ကြားလိုက်ရတယ်။
ကပေါက်တိကပေါက်ချာ အော်နေကြတာ မဟုတ်ဘဲ မြိုင်မြိုင်ဆိုင်ဆိုင် စည်းဝါးကျကျ
သီဆိုနေကြတာပါ။ သူတို့အပျော်ဓာတ်က ကျွန်တော်တို့ကိုပါ ကူးစက်ကုန်တယ်။ မအူတံတားက
မအူအင်းပြင်ကျယ်ကို ဖြတ်ကူးနိုင်ဖို့ ဆောက် ထားတဲ့ သစ်သားတံတား ဖြစ်တယ်။
သစ်သားလက်ရန်း ရှိတဲ့ ခန်းဖွင့်တွေ ရှိသလို လက်ရန်း မရှိတော့တဲ့ ခန်းဖွင့်တွေလည်း
မနည်းဘူး။ မအူတံတားအကျယ်က ခြောက်ပေ ခုနစ်ပေလောက် ရှိပြီး အရှည်ကတော့ ပေ ၁,ဝဝဝ
ဝန်းကျင် ရှိတယ်။ အမရပူရက နာမည်ကျော် ဦးပိန်တံတားနဲ့ ပုံသ္ဌာန်တူတယ်။ တံတား အလယ်မှာ
နားနေဆောင်ဇရပ်တွေ ဆောက်လုပ်ပေးထားတယ်။ မိုးတွင်းမို့ အင်းရေပြင်က ဧက
သုံးလေးဆယ်အောက် မလျော့ ဘူး။ ရေပြန်ကျချိန်မှာတော့ အင်းရေပြင်က လယ်ယာတွေအဖြစ်
ပြောင်းလဲသွားရတယ်။ အင်းရေအနက်က ဝါးတစ်ပြန်စာလောက် ရှိတယ်။
ကျွန်တော်တို့
တံတားပေါ် ဖြတ်လျှောက်ကြတယ်။ တံတား အရှေ့ထိပ်က ဆိုင်းသံ၊ ဗုံသံတွေ တံတားပေါ်အထိ
ရောက်လာ တယ်။ တံတားဟိုဘက်ထိပ်က မအူရွာမှာလည်း ဘုရားပွဲ ရှိနေပါ သတဲ့။ အင်းစပ်ကနေ
ပေ ၅ဝ လောက်ကို ကွန်ကရစ် ခင်းထား တယ်။ တံတားနဲ့ မလှမ်းမကမ်းက အင်းစပ်မှာ
တံတားမော်ကွန်း ကျောက်တိုင် ရှိပြီး လက်ခုပ်တစ်ဖောင်ကျော် မြင့်တယ်။ တံတား နဲ့
ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေ မှိန်နေပြီ။ မော်ကွန်း အနီးက အင်းရေပြင်ထဲမှာ
Óဏ်တော် ပေ ၃ဝ လောက် မြင့်တဲ့ ရွှေရောင်စေတီ သုံးဆူကို တစ်စုတစ်ဝေးတည်း
ဖူးတွေ့နိုင်ပါ တယ်။ အင်းရေပြင်ထဲမှာ ရေချိုးနေကြတဲ့ ဘုရားပွဲလာ ဧည့်သည် တွေလည်း
တွေ့ရတယ်။
တံတားအလယ်က
ဇရပ်မှာ ကျွန်တော် ခဏတဖြုတ် နား တယ်။ ခရီးဖော်တွေ ဖြစ်တဲ့ 7DAY က ကိုညီညီဇော်နဲ့ MANDALAY
JOURNALISM SCHOOL က ကိုစန်းယုတို့ကတော့ ဘုရားပွဲရှိ ရာ တံတားဟိုဘက်ခြမ်းကို
ခပ်သုတ်သုတ် သွားကြတယ်။ ကျွန် တော်က မအူတံတားရဲ့ ဗျူပ္ပတ်ကို သိချင်လို့ တံတားအလယ်က
နားနေဆောင်ဇရပ်မှာ နေခဲ့တာပါ။ ဇရပ်မှာ ရွာခံလူငယ်နှစ် ယောက်နဲ့ အဘွားအိုတစ်ယောက်
ရှိတယ်။ လူငယ်တစ်ယောက် က ခုံတန်းလျားပေါ်မှာ လဲလျောင်းနေပြီး လူငယ်တစ်ယောက်
ထိုင်နေတယ်။ အဘွားအိုက အသက် ၇ဝ သီသီစွန်းပြီ။ ကျွန်တော် က တံတားနဲ့ ပတ်သက်ပြီး
သိချင်တာတွေ မေးတယ်။
မအူတံတားက
ဦးပိန်တံတားနဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်ပြီး တံ တားသက်တမ်းက နှစ်ပေါင်း ၁၆၈ နှစ်
ရှိပြီ။ ဦးပိန်တံတားလိုပဲ တဖြောင့်တည်း မဟုတ်ဘဲ တံတောင်ဆစ်ကွေးပုံစံ ဖြစ်တယ်။
တချို့နေရာတွေမှာ ကြမ်းခင်းတွေကို ပျဉ်အသစ်လဲလှယ်ထား တယ်။ အနယ်နယ်အရပ်ရပ်က
တံတားပြုပြင်တဲ့ အလှူရှင်တွေကို ကမ္ပည်းထိုးပေးထားတယ်။ သီပေါ၊ မ္တလေး၊ မိတ္ထီလာ၊
ရန်ကုန် စတဲ့ နယ်စုံက အလှူရှင်တွေရဲ့ အလှူကမ္ပည်းတွေ ရေးထိုးမှတ် တမ်းတင်ထားတယ်။
တံတားပေါ် ဆိုင်ကယ်၊ စက်ဘီး စီးနင်းခွင့် ကို ကန့်သတ်ထားတယ်။ အရှေ့ ရွာနဲ့
အနောက်ရွာ ဆိုင်ကယ်၊ စက်ဘီးစီးပြီး ကူးချင်ရင် အင်းပတ်လမ်း(တာပေါင်)ကနေ သွား
ကြရပါတယ်။
”ဒီတံတားအကြောင်း
နည်းနည်း ပြောပြပါလား အဘွား”
”ဒီတံတားက
ကျုပ်တို့ အဘိုးအဘွားလက်ထက်က တံ တား။ တံတားသက်တမ်းက ဘယ်နည်းလိမ့်မလဲ”
”တံတားတိုင်ပေါင်း
ဘယ်နှတိုင်လောက် ရှိမလဲဗျ”
”တံတားတိုင်ပေါင်း
ညောင်ရေလောင်း၊ အောင်နေလင်း အခန်းပေါင်းတဲ့။ ညောင်ရေလောင်းဆိုတော့ တံတားတိုင်က ၃၄၄
တိုင်ပေါ့။ အောင်နေလင်း အခန်းပေါင်းဆိုတော့ အခန်း ၁၇၄ ခန်းပေါ့”
”တံတားကြမ်းခင်းတွေ
ရေမြုပ်တဲ့အထိ အင်း ရေကြီးဖူး သလား” (ကျွန်တော်တို့ မအူတံတားရောက်ချိန်က အင်းရေပြင်
တံတားကြမ်းခင်းရောက်ဖို့ နှစ်ပေလောက် လိုပါသေးတယ်။)
”တစ်နှစ်ကများဆို
တံတားကြမ်းခင်းတွေပါ ရေမြုပ်ကုန် တာပေါ့။ အင်း၊ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်မယ်၊
ရွာထဲလည်း ရေတွေ ဝင်တာပဲ။ ကျုပ်ဆို ရွာထဲမှာ နေရာ လေးနေရာ ပြောင်းနေခဲ့ရ တယ်။
ကိုယ်ပြောင်းတိုင်း ရေက လိုက်ကြီးနေလို့ ကြာတော့ ပြောင်းရမှာ နောက်အိမ်ရှင်ကို
အားနာလာတယ်။ တာလမ်းမပေါ် ရေကျော်တဲ့ နှစ်ပေါ့”
ရွာခံအဘွားအိုက
သူ့ရွာတံတားအတွက် သူ ဂုဏ်ယူပုံ ရ တယ်။ ညနေ နေဝင်ရီတရောအချိန်တွေမှာ ဒီတံတားပေါ်က
ဓာတ်ပုံရိုက်ရင် အလွန်လှကြောင်း၊ သူတို့ရွာသားတစ်ယောက် ဒီ တံတားကြီးကို ဓာတ်ပုံရိုက်ပြီး
အင်တာနက်မှာ တင်လိုက်တော့ တစ်နယ်တစ်ကျေးက လူတွေလည်း လာကြည့်ကြကြောင်း၊ ရုပ်
ရှင်မင်းသား အောင်ရဲလင်းနဲ့ မင်းသမီး ကြည်လဲ့လဲ့ဦးတို့လည်း ဒီ တံတားဝန်းကျင်မှာပဲ
မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက် သွားကြောင်း စီကာပတ်ကုံး ပြောပြတယ်။
တစ်ဆင့်စကား တစ် ဆင့်နားနဲ့ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ တံတားရာဇဝင် တွေလည်း
ပြောပြတယ်။
တံတားပေါ်က
ပြန်အဆင်းမှာ ဝမ်းဟာပြီမို့ တံတားခြေက အကြော်ဆိုင်မှာ အကြော်ဝင်စားကြတယ်။
အကြော်တွေက ပူပူ နွေးနွေးမို့ စားလို့ ကောင်းလှတယ်။ အကြော်သည်နဲ့ မလှမ်း မကမ်းမှာ
အဖျော်ယမကာမျိုးစုံ စားပွဲလေးပေါ်တင်ပြီး ရောင်းချ နေတဲ့သူလည်း ရှိတယ်။
ထမင်းစားပန်းကန်ပြားနဲ့ အကြော်စုံတစ် ပွဲက ကျပ် ၅ဝဝ ဖြစ်ပါတယ်။ လာတဲ့ ဧည့်သည်
ဂျင်းထည့်မယ် ဆို တဲ့ စိတ်ကူးမရှိတဲ့ အကြော်သည်ကို လေးစားမိတယ်။
ကျွန်တော်
ခရီးတွေ သွားပေါင်းများလှပြီ။ အထူးသဖြင့် ခရီးသွားတွေ ဝင်ရောက်လည်ပတ်လေ့ရှိတဲ့
နေရာစုံက ဆိုင်တွေ မှာ အစားအသောက်တွေက ဈေးကြီးတာ များတယ်။ လာသမျှ ဧည့်သည်ကို
လာတုန်းလည်း အပြတ်ဆော်မယ်ဆိုတဲ့ ဆိုင်တွေက များတယ်။ ပုံမှန်ဈေးနဲ့ ရောင်းတဲ့
စားသောက်ဆိုင်အချို့ ရှိပေမယ့် လည်း ဈေးကြီးတဲ့ ဆိုင်မှာ စားသောက်မိတဲ့
ဧည့်သည်တွေအဖို့ မအီမလည် ဖြစ်ကြရတယ်။
အမှန်အကန် ရောင်းချတဲ့ စား သောက်ဆိုင်ရှင်တွေလည်း နစ်နာရတယ်။
တံတားက
ပြန်အထွက်မှာ လာရာလမ်းအတိုင်း မဟုတ်ဘဲ ရွာလယ်လမ်းက ပြန်ထွက်ခဲ့ကြတယ်။ မအူအလယ်ရွာက
ရှေး မြန်မာရွာကြီးပါ။ ချင်းတွင်းမြစ်ကမ်းအနီးမှာ ရှိပြီး ဇက်ဆိပ်လည်း ရှိတယ်။
ချင်းတွင်းမြစ် တစ်ဖက်ကမ်းမှာ မြောင်မြို့နယ် ရှိတယ်။ ကျန်စစ်သားဇာတိ ပရိမ္မနဲ့
ဓားလွယ်ခုတ်မှာ ရှိတယ်။ အိမ်ကြီး အိမ်ကောင်းတွေ များတဲ့အပြင် ကျေးလက်ကျန်းမာရေးဌာန
လည်း မအူအလယ်ရွာမှာ ရှိတယ်။ လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်၊ ဆိုင်ကယ်ဝပ်ရှော့၊
အလှပြင်ဆိုင်တွေလည်း မအူ အလယ်ရွာမှာ ရှိပါတယ်။ ဇက်ဆိပ်ကို သွားတဲ့လမ်းက ကျောက်
ချောလမ်း ဖြစ်ပြီး လမ်းက ဖြူးနေပါတယ်။
မအူအလယ်ရွာက
ထွက်တော့ ညနေစောင်းပြီ။ ကျွန်တော် တို့ စီးလာတဲ့ ကားလေး ချင်းတွင်းတံတားကို
ဖြတ်ကျော်ပြီး စစ် ကိုင်းတိုင်းထဲကို ရောက်သွားတယ်။ ကျွန်တော်တို့ စီးလာတဲ့ ကား
လေး မြင်းမူ မရောက်မီမှာ ကျောင်းဝတ်စုံနဲ့ ဆရာမလေးတစ် ယောက် လမ်းကြုံတားလို့
ကားရပ်ပေးခဲ့ကြတယ်။ ဆရာမကို လက်ရှိ ပညာရေးလောက အခြေအနေ တီးခေါက်မေးစမ်းကြည့် တော့
ဝဲဂယက်ထဲ လှေလှော်နေရသလိုပါပဲတဲ့။ အညာကျေးလက် ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့
ပညာရေးနယ်ပယ်က ဆရာမတစ်ယောက်ရဲ့ လက်ရှိ ပညာရေးလောက အခြေအနေကို သုံးသပ်ချက်ပါ။
ဟုတ်တယ်၊ မဟုတ်ဘူး အငြင်းပွားဖို့ မဟုတ်ပါ ဘူး။ မိတ်ဆွေတို့အတွက် ဝေဖန်ဖို့နဲ့
ဆင်ခြင်ဖို့ ဝေငှလိုက်တယ်လို့ ဆိုပါရစေ။
- #Than_Naing_Oo
- #mawkun
- #magazine
- #chronicle