မော်ကွန်းမဂ္ဂဇင်းမှ နေ့စဉ် သတင်းဖြစ်ပါသည်။
အိရွှေဖြူ
ဖေဖော်ဝါရီ ၆
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်း ရန်ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ယနေ့ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေး ခွင့်ရှိသူ သုံးပုံနှစ်ပုံ၏ ထောက်ခံမဲဖြင့် အဆိုအောင်မြင်ခဲ့ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း မယ့် အစီအစဉ်ကို မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွှန့်က ဇန်နဝါရီ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၅ မှာတော့ ထိုအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၃၀ က အခြေအတင်ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့မှာ တော့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၆၂၁ ရှိသည့်အနက် ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲနှင့် ကြားနေမဲ ၆ မဲဖြင့် အောင်မြင်ခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပါတယ်။
အဆိုအတည်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေတူညီမျှတစွာ သင့်လျော်သောအရေအတွက်နဲ့ ဖွဲ့စည်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကပြောပါတယ်။
အဆိုပါကော်မတီရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကကို တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး လွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ် အရေ အတွက် အချိုးကျပါဝင်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကော်မတီဖွဲ့စည်းရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို သင့်လျော်တဲ့နေ့ရက်တွင် ဖိတ်ခေါ်ဆွေးနွေးမှာဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များရဲ့ပါဝင်မှု၊ ဖွဲ့စည်းမယ့်ပူးပေါင်းကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း တို့ကိုလည်း အဆိုပါအစည်းအဝေးမှာ ညှိုနှိုင်းသတ်မှတ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ကဆိုပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ် တစ်ခု ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အရေအတွက် ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မှာဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေတဲ့အတွက် တပ်မ တော်က သဘောတူညီချက်ရမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ် ။
#mawkun
#magazine
#chronicle
#dailynews