ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁ ရက် (မော်ကွန်း)
စစ်တပ်ကအာဏာသိမ်းထားတာနှစ်နှစ်ပြည့်တဲ့အနေနဲ့ အသံတိတ်သပိတ်ပြုလုပ်တဲ့နေ့မှာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့ထဲလမ်းမပေါ်တွေမှာလူသူမရှိသလောက်ရှင်းလင်းနေပါတယ်။
ရန်ကုန်မြို့ရှိကုမ္ပဏီတော်တ်ောများများနဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေလည်း ဝန်ထမ်းတွေကို အိမ်မှာပဲနေဖို့ နဲ့ ရုံးတက်တဲ့သူတွေလည်းအပြင်မထွက်ကြဖ်ို့မှာထားတယ်လို့ ဝန်ထမ်းတစ်ချို့က မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ရုံးက ဒီနေ့မာကတ်တင်းသမားတွေအကုန်လုံးကို work from home လုပ်ထားတာ၊ ရုံးပိတ်တယ်တော့လုပ်လို့မရဘူးပေါ့၊ ဒီနေ့အတွက်တော့ဝန်ထမ်းအကုန်လုံးကို အိမ်မှာပဲနေခိုင်းထားတာ” လို့ အရောင်းဝန်ထမ်းတစ်ရာကျော်ရှိတဲ့ ဖြန့်ချီရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ပလတ်စတစ်ဖြန့်ချိရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကလည်း “ကျွန်မတို့ရုံးက ဖြန့်ချိရေးသမားတွေကို ဒီနေ့ဘယ်မှမသွားခိုင်းဘူး၊ရုံးတော့ဖွင့်တယ်၊ ဒါမယ့် ရုံးထဲပဲနေခိုင်းတာ၊ ရုံးပိုင်းကလူတွေကိုလည်း ဖြစ်နိုင်ရင်အပြင်မထွက်ဖို့နဲ့ နေ့လည်စာထမင်းရောကျွေးတာဒီနေ့အတွက်။” လို့ပြောပါတယ်။
လက်ရှိရန်ကုန်မြို့အတွင်းရှိ စားသောက်ဆ်ိုင်၊ကော်ဖီဆိုင်၊ နဲ့ အရက်ဆိုင်တွေမှာဆိုရင်လည်း ခုံတွေသာခင်းထားပြီး လူသူမရှိရှင်းလင်းနေပါတယ်။
ဆူးလေအနီးတစ်ဝိုက်မှာ လုံခြုံရေးတင်းကြပ်ထားပြီး အာဏာသိမ်းစစ်တပ်ကိုထောက်ခံဆန္ဒပြပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လူတစ်စုကိုလည်းမြင်တွေ့ခဲ့ရပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့နှစ်နှစ်တာအတွင်း စက်သုံးဆီစျေး၊ဒေါ်လာစျေး၊ရွှေစျေးနဲ့ အခြေခံကုန်စျေးနှုန်းတွေ ကြီးမြင့်လာသလို စီးပွါးရေးကဏ္ဍအသီးသီးမှာ အဘက်ဘက်ကကျဆင်းလာနေတယ်လို့ သက်ဆိုင်ရာနယ်ပယ်အသီးသီးကပညာရှင်တစ်ချို့ကသုံးသပ်ကြပါတယ်။
ဒီနှစ်နှစ်တာအတွင်း နိုင်ငံ့စီးပွါးရေးကျဆင်းလာရုံတင်မက အာဏာသိမ်းထားတဲ့စစ်တပ်ဟာ အခုဆ်ို အပြစ်မဲ့ ပြည်သူ ၂,၉၄၀ ဦး ကိုပါမတရားသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။
– သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်တွေက silent strike မြင်ကွင်းများ
Photo: Mawkun
#Dailynews

