မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း)
အာဏာသိမ်းစစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုကြဖို့ မန္တလေးမြို့က ရဟန်းသံဃာတွေနဲ့
ကျောင်းသားပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့တွင်း လူစည်ကားရာနေရာတစ်ခုမှာ မန္တလေးသပိတ်အင်အားစုသပိတ်စစ်ကြောင်းနဲ့ အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်းတို့က ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေတဲ့ကုန်ပစ္စည်းတွေရဲ့ပုံတွေကိုကိုင်ဆောင်ပြီး အသုံးမပြုကြဖို့ ဆန္ဒပြခဲ့ကြပါတယ်။
မကြာခင်ကျရောက်လာတော့မယ့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် “စစ်ကျွန်မခံဘူး ငြင်းဆန် အမျိုးသားနေ့အဓိဌာန်”ဆိုတဲ့စာသားကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့လက်အောက်ခံတွေက အဖွဲ့စုံပူးပေါင်းစစ်ဆေးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ နေရာအနှံ့မှာ ရှိနေဆဲဖြစ်ပါတယ်။
ဓါတ်ပုံ-Black
#Dailynews

