ယင်းမာပင် – ၂၀၂၃ မတ် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့နံနက် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလို့ ရွာပေါင်း ၁၂ ရွာဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီကနေ့ နံနက် ၇း၀၀ နာရီအချိန်လောက်ကစလို့ ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာက ထွက်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စည်လောင်းချောင်း၊ ထန်းတောကြီး၊ ရေကြည်ပင်၊ မြရိပ်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီးလမ်းတလျှောက် မီးရှို့ဖျက်ဆီးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာတော့ ပုသိမ်-မုံရွာလမ်းပေါ်တက်ပြီး ရွာစဉ်အလိုက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေရတာပါ။
လတ်တလောထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေကတော့ ရွာသာ၊ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊ ဒုန်းတော၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရေကြည်ပင်၊ မြရိပ်၊ စည်လှောင်၊ အောင်ချမ်းအေးနဲ့ အောင်ချမ်းသာရွာတွေဖြစ်ပါတယ်။
ပုံစာ – ယင်းမာပင်မြို့နယ်တွင် ယနေ့ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ
ဓါတ်ပုံ – CJ
#Dailynews

