စစ်ကိုင်းတိုင်း – ၂၀၂၂ စက်တင်ဘာ ၉ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေအတွင်း စောင့်ကြည့်တင်းကျပ်မှုတွေကြားက ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ ၅၄၇ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ပံတောင်းတောင်က ကြေးနီတွေသယ်ယူနေတဲ့ ကားတွေကို ပုသိမ်-မုံရွာလမ်းပိုင်း ချင်းတွင်းတံတားကနေ လက်ပံတောင်းတောင်အထိ အာဏာသိမ်းတပ်တွေက လုံခြုံရေးတင်းကြပ်စွာချထားရင်း လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ရမ်းသမ်းပစ်ခတ်နေတာကြောင့် လမ်းမပေါ်ရွာတွေကဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ဒီကနေ့သပိတ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်အသိအမှတ်ပြုပါဝင်နိုင်ဖို့၊ NUG ကို တရားဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

