ပခုက္ကူ – ၂၀၂၃ မေ ၈ (မော်ကွန်း)
မကွေးတိုင်း၊ပခုက္ကူမြို့ထဲကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာတင်ကား သုံးစီးကို သာတောင်ကြီးအနီးမှာ မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပ.က.ဖဆီကသိရပါတယ်။
ပခုက္ကူမြို့ထဲကထွက်လာတဲ့ ရိက္ခာတင်ကားသုံးစီးကို ပဒေသာမိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တပ်ကူလာတဲ့စစ်ကား ငါးစီးကိုလည်း ဒရုန်းနဲ့အီနာဂါဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူကိုအတီးက ပြောပါတယ်။
“သူတို့ကားထွက်လာတယ်လို့ကျွန်တော်တို့သတင်းရတာနဲ့ ကြိုစောင့်နေပြီးမိုင်း ၁၂လုံးခွဲခဲ့တာပါ၊တပ်ကူထပ်လာတဲ့ကားကို အီနာဂါနဲ့ ဗုံးချတော့ကားပေါ်တည့်တည့်ကျတယ်”လ်ို့ကိုအတီးကပြောပါတယ်။
အီနာဂါချတိုက်ခိုက်မှုနဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး စစ်ကားပျက်စီးသွားတယ်လို့ သူကပြောပါတယ်။
ပျက်စီးသွားတဲ့ကားကို သာတောင်ကြီးအနီးက ကားပြင်ဆိုင်မှာဝင်ပြင်ခဲ့တယ်လို့ သူကပြောပါတယ်။
ရုပ်သံဖိုင် – စစ်ကားတွေကို ဒရုန်းဗုံးသီးချတိုက်ခိုက်စဉ်
YouTube – https://youtu.be/mVXfJwtxIs8
#Dailynews

