ရေး – ၂၀၂၂ မတ် ၂၂ (မော်ကွန်း)
မွန်ပြည်နယ်ရေးမြို့က ဝယ်ပေါင်ကျေးရွာ မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ အလောင်းပြန်မပေးဘဲ မီးသဂြိုလ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝယ်ပေါင်ကျေးရွာ မှာ မတ်လ ၁၈ရက်နေ့က ဒေသတော်လှန်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားနေစဥ်မှာ ဓာတ်ဆီဆိုင်ထဲကို ဓာတ်ဆီလာဖြည့်တဲ့ လူငယ်ကိုပါ PDF တွေနဲ့ရောနှော ပစ်ခတ်တာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူ လူငယ်က ရေးမြို့ အဏ္ဏဝါရပ်ကွက်မှာနေထိုင်သူဖြစ်ပြီးအသက် ၁၅နှစ်သာရှိသေးပါတယ်။
ဝယ်ပေါင်ကျေးရွာ ပစ်ခတ်မှုအတွင်း အသက် ၂၀ အရွယ် ဒေသတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးဖြစ်သူ ကိုကျော်ဇင်ထက်လဲ ကျဆုံးခဲ့တယ်လို့ ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ (YSTF) က ဆိုပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ရွာထဲ ရွာပြင် လမ်းသွားလမ်းလာတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာမျိုးတွေရှိတယ် “လို့ ဒေသခံတွေကဆိုပါတယ်။
မွန်ပြည်နယ်ရေးမြို့မှာ အာဏာသိမ်းစစ်တပ်အဖွဲ့တွေက PDF တွေရှိနိုင်တဲ့နေရာတွေကို အင်အားအလူံးအရင်းနဲ့ ဝင်ရောက်စီးနင်းပီး မဆိုင်တဲ့ပြည်သူတွေကိုပါ ဖမ်းဆီးတာမျိုးတွေကိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

