စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
အကြမ်းဖက်စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို လုယူထားတာ နှစ်နှစ်ပြည့်မြောက်တဲ့ ဒီနေ့မှာပြုလုပ်တဲ့ အသံတိတ်သပိတ်ကို မြို့ပြကြီးတွေနည်းတူ အညာဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ၊ စစ်ကိုင်းစတဲ့ ကျေးလတ်ဒေသတွေကပါ အတူပါဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်အင်အားစုတွေက ဒီနေ့မှာတိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ် ပြည်သူတွေကို ပါဝင်တော်လှန်ကြဖို့ နှိုးဆော်ခဲ့ကြတာပါ။
နိုင်ငံတဝန်းကမြို့ပြတွေမှာတော့ စစ်အာဏာရှင်ကို ဒီကနေ့မှာ တိတ်ဆိတ်ငြိမ်သက်မှုတွေနဲ့ ဆန္ဒပြခဲ့ကြသလို လမ်းပေါ်တက်သပိတ်တိုက်ပွဲတွေဆင်နွှဲနေတဲ့ အညာက ပြည်သူတွေကလည်း အတူပါဝင်ခဲ့ကြတာပါ။
ပုံစာ – ယင်းမာပင်၊ ဆားလင်းကြီး၊ ပုသိမ်-မုံရွာလမ်း၊ မုံရွာ၊ စစ်ကိုင်း၊ မြို့ပြကျေးလတ် ယနေ့မြင်ကွင်းများ
ဓာတ်ပုံ – CJ
#Dailynews