၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။
အသားကင်နှင့် ၎င်း၏အနံ့သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား
ဒေါက်တာစိုးခိုင် ရေးသည်။
၂ဝ၁၈ ဇွန်အတွင်း လွှင့်ထုတ်ခဲ့သော MNTV ၏ Today’s Talk အစီအစဉ်တစ်ခုတွင် တင်ဆက် သူက ‘အသားကင် Barbecued Meats များနှင့် ၎င်းမှ ထွက်ပေါ်လာသော အနံ့ Smell သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား’ အကြောင်းအရာ ဖြင့် ခေါင်း စဉ်တစ်ခုကို ဆွေးနွေးတင်ပြသွားသည်။ တင်ဆက်သူ Host ၏ အဖြေမှာ “Yes” ဖြစ်ပါ သည်။ အမေရိကန်သုတေသနဌာနတစ်ခု၏ လေ့ လာတွေ့ရှိချက်အရ တင်ပြခြင်း ဖြစ်သည်ဟု ကြားလိုက်မိပါသည်။ သိပ်မမှတ်မိတော့ပါ။
၁၉၉၆ ၏ နောက်ပိုင်းမှ အစပြု၍ အသားကင် Barbecued Meats များနှင့် အခြား အကင်မျိုးစုံကို စားသောက်ခြင်းသည် မြန်မာနိုင်ငံတွင် တစ်စတစ်စ ပျံ့နှံ့တွင်ကျယ်လာခဲ့သည်။
စားသောက်ဆိုင်များ၊ ဟိုတယ်များမှအစ Street Food လမ်းပေါ်တွင် တစ်ပိုင်တစ်နိုင် ရောင်းချနေသော ဈေး သည်များအထိ ရောင်းချလာရာ လက်လှမ်းမီသော ဈေးနှုန်း များဖြင့် လိုရာစားသုံးနိုင်သောကြောင့် ဝက်သားတုတ်ထိုးကဲ့သို့ အခြေခံ ဝင်ငွေနည်းသော လူတန်းစားများပင် အများအပြား စားသုံးလာကြသည်။
အသားကင်များသည် ပြုပြင်စီမံထားသော အသားများ Processed Meates တွင် ပါဝင်ပြီး Smoked မီးခိုးနှင့် အပူပေးစီမံသော အစားအစာ အမျိုးအစားထဲတွင် ပါဝင်ပါသည်။ အများဆုံးတွေ့ရမည်မှာ ကြက်အူချောင်း၊ ဝက်အူချောင်း (Sausages) ၊ ဝက်သားကြပ်တိုက် (Bacon) တို့ဖြစ်သည်။ ဟမ် ဘာဂါနှင့် ဟော့ဒေါ့တွင် ပါဝင်သော အသားများမှာလည်း Smoked Food နှင့် Processed Meat များ ဖြစ်ကြသည်။
ဟောလိဝုဒ် လူမည်းမင်းသားများ ဖြစ်ကြသော Martin Lawrance နှင့် Will Smith တို့ ပါဝင်သော ရဲစုံထောက် ရုပ်ရှင် ဇာတ်ကားတစ်ခုတွင် မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးကို ကာကွယ်ပေးရသော Witness Protection Program တွင် Martin Lawrance သည် မျက်မြင်သက်သေနှင့်အတူ လျှို့ဝှက် စွာ အိမ်ခန်းတစ်ခုတွင် ပုန်းအောင်းနေထိုင်ကြစဉ်အတွင်း နေ့ လယ်စာအဖြစ် အသားချောင်းပါဝင်သော Hot Dog တစ်ခုကို စားသုံးနေချိန် အမျိုးသမီးက ပြောလိုက်သည်မှာ ”ရှင် အခု စား နေတဲ့ အသားချောင်းထဲမှာ အဆိုးဆုံး တိရစ္ဆာန်ဆယ်မျိုးရဲ့ အမျိုးအမည်မသိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း သုံးဆယ်တွေ ပါ ဝင်နေကြတယ်။ ဥပမာပြောရရင် နှုတ်ခမ်း၊ အမြီး၊ နှာခေါင်း၊ ဝမ်း တွင်းကလီစာတွေ၊ မျက်ခွံ၊ ခြေဖဝါးနဲ့ ဦးခေါင်းအရေပြားတွေကို အသားကြိတ်စက်နဲ့ ရောကြိတ်ပြီး ဆိုးဆေးတွေ၊ တာရှည်ခံဆေး တွေနဲ့ စီမံထားတယ်ဆိုတာ ရှင် မသိဘူးလား”လို့ ပြောလိုက်ပါ သည်။ Martin Lawrance သည် အသားချောင်းကို ဆက်မစား တော့ဘဲ ကြက်ဥနှစ် ဆမ်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ စားပါတော့သည်။
#ဆက်ရန်…….