“ကျွန်တော် မြင်သလောက်တော့ အလုပ်အကိုင်အခွင့်အလမ်း ပိုများလာတယ်လို့ ယူဆပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရသက်တမ်း ပထမ ခြောက်လလောက်အတွင်းမှာ စီးပွားရေးနှေးကွေးသွားခဲ့ပေမယ့် ဒုတိယခြောက်လ လောက် မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာတယ်လေ။ အများစုကတော့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုများလာတယ်။ အဲဒီမှာ အထည်ချုပ်လုပ်ငန်းတွေ၊ ထုတ် လုပ်မှုလုပ်ငန်းတွေ ပါတယ်။ အဲဒါတွေက အလုပ်အကိုင် ပိုပေးလာတယ်။ ”
“အရင်တုန်းကတော့ ရင်းနှီးမြှုပ်နှံမှုတွေက စွမ်းအင်ကဏ္ဍလေ။ စွမ်းအင်ကကျတော့ အရင်းအနှီးပဲ ဖြစ်တာလေ၊ အလုပ်အကိုင်သိပ်မပါဘူး။ အခုနောက်ပိုင်းမှာ ပြည်တွင်း အလုပ်သမားတွေ ပိုရလာနိုင်တာပေ့ါ။ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ လှိုင်သာယာ အစ ရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ အလုပ်ဖြစ်လာတာ တွေ့ရတယ်။ ”
“အခြား ပြည်တွင်းအလုပ်အကိုင်ဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ခရီးသွားကတော့ ကြီးကြီးမားမား ပြောင်းလဲတာမရှိဘူး။ အရင်အတိုင်းပဲ ရှိနေတယ်။ အဲဒီကဏ္ဍတွေ ပြောင်းလဲဖို့ ဆိုတာ ကလည်း ပြည်တွင်းနိုင်ငံငြိမ်းချမ်းမှု၊ စည်းမျဉ်းစည်းကမ်းတွေ၊ အချုပ်အနှောင်တွေ ဖြေလျော့တာတွေနဲ့ ဆိုင်မယ်။ အဲဒါတွေ ဖြေလျော့နိုင်မယ်ဆို ယေဘုယျအားဖြင့် နောက်ပိုင်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုများလာနိုင်မယ်လို့ ပြောလို့ရတယ်။”
“ပြည်တွင်းအလုပ်အကိုင် ဖန်တီးနိုင်ဖို့ဆို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့လိုတယ်။ ပြီး တော့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေက အဆင့်သင့်ဖြစ်ဖို့လိုတယ်။ ရင်းနှီးမြှုပ် နှံမှုဥပဒေ ပြင်လိုက်ပြီး ပြဋ္ဌာန်းလိုက်သည့်တိုင် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲ တွေ ရှိတုန်းပဲ။ အဲဒါတွေကို မပြင်နိုင်သေးရင်တော့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေ မီဖို့ ဆိုတာ တော်တော်လုပ်ယူရဦးမယ်’ ”