ရန်ကုန် – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း)
အင်းစိန်ထောင်အရှေ့ပေါက်ကွဲမှုမှာ ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ)လင်းထက်နိုင်ရဲ့ မိခင်သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
“သတင်းကအတည်ဖြစ်တယ်။ ပြီးတော့ဒီနေ့က နိုင်ကျဉ်းအများစုရုံးထုတ်တဲ့နေ့” လို့ဗကသကျောင်းသားတစ်ဦးက ပြောပါတယ်။
ဗကသကျောင်းသားဟောင်းကိုဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ဇွန်လက ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အင်းစိန်ထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ တရားရင်ဆိုင်နေရပါတယ်။ ၎င်းရဲ့မိခင်ဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရ အင်းစိန်ထောင် ပါဆယ်လက်ခံတဲ့ အဆောက်အဦရဲ့ အတွင်းနဲ့အပြင်ဘက်မှာ ဒီကနေ့မနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်း သုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ ပြည်သူ ငါးဦးသေဆုံးကာ ၁၈ဦး မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ပုံ – အင်းစိန်ထောင်ရှေ့မြင်ကွင်း (ပုံဟောင်းဖြစ်သည်။)
Photo : Mawkun
#Dailynews

