ဖားကန့် – ၂၀၂၂ မတ် ၁၈ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေဟာ ဒီကနေ့မှာ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
ဖားကန့်ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပေမယ့်လည်း ပြည်သူလူထုကတော့ အင်အားကောင်းကောင်းနဲ့ ဆက်လက်ဆန္ဒပြနေဆဲပါ။
ဒီကနေ့မှာလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
#Dailynews

