ရန်ကုန်-၂၀၂၃ ဧပြီ ၁၇ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အကျဉ်းသူ၊အကျဉ်းသား သုံးထောင်ကျော်ကို ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ ပြန်လွှတ်ပေးမယ်လို့ထုတ်ပြန်ပါတယ်။
ပြန်လွှတ်ပေးမယ့်သူတွေအထဲမှာ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၉၈ဦးကိုလည်း ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ကြောင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ လာရောက်စောင့်မျှော်နေသူ အများအပြားရှိနေပါတယ်။
“၅၀၅တွေပါမယ်လို့တော့ ထင်တာပဲ၊ ရှေ့အခေါက်တွေတုန်းကလည်းလာစောင့်တယ်။ ပါမလာတာ လေးငါးခေါက်ရှိပြီဆိုတော့ ရင်တောင်မခုန်တော့ဘူး။ မျှော်တော့မျှော်မိတာပေါ့” လို့ ၅၀၅(က)နဲ့ ထောင်ကျနေတဲ့ သားဖြစ်သူကို လာစောင့်နေတဲ့ ဖခင်ဖြစ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူတွေ ပါဝင်မှုရှိမရှိကိုတော့ သေချာမသိရပါဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၂၁,၀၀၀ ကျော်ရှိပြီး ၁၇,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ ၁၂ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
#Dailynews

