ဟိုပုံး – ၂၀၂၄ စက်တင်ဘာ ၁၅ (မော်ကွန်း)
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောက ကျေးရွာတွေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေတွေ အရှိန်ပြင်းစွာကျဆင်းလာပြီး ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားကာ လူသေဆုံးမှုတွေပါရှိနေတယ်လို့ ဒေသခံ ခွန်ချစ်ထွေးက မော်ကွန်းကိုပြောပါတယ်။
“မဲနယ်တောင်တကြောကတော့ အကုန်ပျက်စီးသွားတယ်”လို့ ခွန်ချစ်ထွေးကပြောပါတယ်။
မနေ့က ရတဲ့အချက်အလက်တွေအရ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တကြောက နောင်စုံ၊ ဗန်းစောက်၊ စံဖူး၊ လုဲင်းကင်တွေဟာ ဦးစွာရေကြီး၊ မြေပြိုကျတဲ့ရွာတွေဖြစ်ကာ သေဆုံးသူ ၁၄ ဦးရှိနေပါတယ်။
ဒီရွာတွေမှာ အခုလ ပထမသီတင်းပတ်ကတည်းက မိုးတွေသည်းထန်စွာရွာသွန်းနေတာဖြစ် တောင်ကျရေတွေ ကျရောက်လာကာ နေအိမ်တွေနဲ့ လူတွေပါ မျောပါခဲ့တာပါ။
ဒီလေးရွာပေါင်းရင် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိနိုင်ပြီး ထိခိုက်သွားတဲ့ ရွာစုစုပေါင်း ရွာရှစ်ရွာလောက်ရှိနိုင်ပြီး အိမ်ခြေပျက်စီးမှုများပြားကာ ကူညီကယ်ဆယ်ရေးတွေ လာရောက်တာမရှိသေးဘူးလို့ ခွန်ချစ်ထွေးကပြောပါတယ်။
“လောလောဆယ် လမ်းတွေက အကုန်ပျက်စီးတော့ သွားလို့မရတာများနေတယ်၊ အစားအသောက်ပြတ်နေတယ်၊ အိမ်အရေအတွက်တော့ မပြောတတ်တော့ဘူး၊ အများကြီးမို့ တချို့ရွာက ရွာလုံးကျွတ်ပါပဲ”လို့ သူကပြောပါတယ်။
မဲနယ်တောင်ဒေသမှာ အခုနှစ်ဆန်းပိုင်းက စစ်ကောင်စီလက်အောက်ခံ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ဌာနေအသွင်ပြောင်းပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နောင်စုံနဲ့ စံဖူးရွာတွေဆိုရင် စစ်ဘေးကနေ လွတ်တာမကြာသေးဘူးလို့ ခွန်ချစ်ထွေးကပြောပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးကတော့ ပအိုဝ်းဒေသ မဲနယ်တောင်တကြော ရေကြီး၊ မြေပြိုတာကြောင့် အခြေအနေဆိုးပေမယ့် မဲနယ်တောင်ဘက်မှာ ဖုန်းလိုင်းတွေမရတာကြောင့် ဆက်သွယ်လို့မရဘူးလို့ မော်ကွန်းကိုပြောပါတယ်။
မဲနယ်တောင်ဒေသက ရွာတွေဟာ ဘိန်းကို အဓိကစိုက်ပျိုးကြပြီး ဆင်းရဲနွမ်းပါးတဲ့ ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်ကြကာ ဌာနေအသွင်ပြောင်းပြည်သူ့စစ်ရဲ့ နယ်မြေလည်းဖြစ်ပါတယ်။
လတ်တလော မဲနယ်တောင်ဒေသက ပအိုဝ်းရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတည်ဆောက်ဖို့ အကူအညီတွေလိုအပ်နေတာဖြစ်ပြီး ပအိုဝ်းတက်ကြွသူတွေကလည်း ဝိုင်းဝန်းထောက်ပံ့ကြဖို့ ပြောဆိုနေကြပါတယ်။

မဲနယ်တောင်ဒေသကျေးရွာများမြင်ကွင်း – ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

