ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၉ (မော်ကွန်း)
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို လာရောက်ဖူးမြော်သူတွေနဲ့စည်ကားနေပါတယ်။
ဒီနေ့အရုဏ်တက်ချိန်ကတည်းက ရွှေတိဂုံစေတီတော်ရဲ့ အရပ်လေးမျက်နှာစောင်းတန်းတွေမှာလည်း တိုးမပေါက်ဖြစ်နေပါတယ်။
ဖိနပ်အိတ်ပေးပြီး ပိုက်ဆံတောင်းရမ်းသူတွေကအစ အနီးအနားက စျေးဆိုင်တွေအထိ ဒီနေ့သီတင်းကျွတ်လပြည့်နေ့မှာ ပုံမှန်နေ့တွေကထက် ပိုရောင်းရတယ်လို့ပြောကြပါတယ်။
စစ်ကောင်စီက သီတင်းကျွတ်အခါသမယမှာ ရန်ကုန်မြို့အနှံ့ မီးအလှဆင်ထားပြီး ပြည်သူ့ရင်ပြင်မှာလည်း ဆိုင်ခန်းပေါင်း ရာနဲ့ချီတဲ့ စျေးရောင်းပွဲပြုလုပ်နေပါတယ်။
ပုံစာ- သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားလာရောက်ဖူးမြော်ကြသူများအားမြင်တွေ့ရစဉ်
ဓာတ်ပုံ- Mawkun

