အရာတော် − ၂၀၂၃ မေ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ဟာ ဒီကနေ့မှာ မုံရွာမြို့အဝင်၊ မုံရွာ−အရာတော်လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မုံရွာ − အရာတော်လမ်းမပေါ်မှာရှိတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ အာဏာသိမ်းစစ်တပ်က အထိုင်ချနေပေမယ့် အဲဒီနေရာနဲ့ မီတာ၅၀လောက်နီးတဲ့နေရာထိ လာပြီးလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာလို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။
ဒီနေ့ သပိတ်မှာ ကိုင်စွဲခဲ့တဲ့ သပိတ်စာသားတွေကတော့ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ၊ “တော်လှန်ရေးသမားကိုသေမိန့်ချရုံနဲ့ တော်လှန်ရေးကသေမိန့်မကျဘူး”တို့ဖြစ်ပါတယ်။
ဓါတ်ပုံ − CJ
#Dailynews

