သမိုင်းနှင့်အတူ နေထိုင်ခြင်း

သမိုင်းနှင့်အတူ နေထိုင်ခြင်း

လူ့သမိုင်းမဟုတ်။ စကြဝဠာသမိုင်း မဟုတ်။ ကမ္ဘာမြေကြီးသမိုင်း မဟုတ်။ မြန်မာ့သမိုင်း မဟုတ်။ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဦး၏ သမိုင်း မဟုတ်။ခေတ်သမိုင်း၊ စနစ်သမိုင်း၊ စစ်သမိုင်း မဟုတ်။

သမိုင်းကို စာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချသည်။ တက္ကသိုလ်အဆင့်၌ သူ့ကို အဓိက ဘာသာတစ်ခုအဖြစ်ပြဋ္ဌာန်းသတ်မှတ်ပြီး သင်ယူတတ်မြောက်သူကိုဝိဇ္ဇာဘွဲ့ ချီးမြှင့်သည်။ သူ့တွင် ဘာသာရပ်ခွဲပေါင်းများစွာ ပါရှိသည်။ ယခင်က Histrory မှ တိုက်ရိုက်ပြန်ဆိုသည့် ရာဇဝင်ဟု အမည်သညာ တပ်ခဲ့ကြသည်။ ရာဇဝံသ။ ရှင်ဘုရင်တို့အကြောင်း သိကောင်းစရာ။ ထို့နောက် ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ပြီး သမိုင်းဟု အမည်သစ် ပြောင်းခဲ့ကြသည်။

သမိုင်းဘီးက အစဉ်လည်ပတ်လျက်ရှိသည်။ အဖြစ်အပျက်တိုင်းသည် သမိုင်းဖြစ်သည်။ အရာရာတိုင်း၌ သမိုင်းရှိသည်။ လူတစ်ဦးချင်းအတွက်လည်း သမိုင်းက အရေးပါသည်။ ‘ကိုယ့်သမိုင်းကိုယ်ရေးကြတာ’ ဟု ဆိုစမှတ်ပြုကြသည်။ သမိုင်းဟူသမျှသည်အဖိုးစားနားတစ်စုံတစ်ရာ ထိုက်တန်ပြီး ဖြစ်သည်။ ကမ္ဘာမြေကြီး၏ သမိုင်းကြောင်း။ လူသားတို့၏ သမိုင်းကြောင်း။ မြို့ ရွာဒေသတိုင်းနိုင်ငံတို့၏ သမိုင်းကြောင်း။ ယဉ်ကျေးမှုသမိုင်း။ တီထွင်မှုသမိုင်း။ လူနေမှုသမိုင်း။ ဓလေ့ထုံးတမ်း အစဉ်အလာသမိုင်း။ အနုပညာအမွေအနှစ်သမိုင်း။ အားလုံး သူ့အဆက်အစပ်နှင့်သူ တွဲစပ်ရောယှက်လျက်။ ပညာရှင်အသီးသီး၊ သုတေသီအသီးသီးပေါင်းစည်းလျက်။

သမိုင်းကို ကျောင်းသင်ဘာသာရပ်တစ်ခုအဖြစ် မယူဆဘဲဝါသနာသန်ရာ ကိစ္စတစ်ရပ်အနေဖြင့် ယနေ့ခေတ် ယနေ့အခါတွင် ချဉ်းကပ်လေ့လာကြသည့် ပုံစံက သူသူငါငါတို့၌ စွဲငြိလျက်ရှိနေပြီဖြစ်၏။ ကမ္ဘာအရပ်ရပ်၌ ဝါသနာဘာဂီဆက်တိုင်းမီတို့ တိုးပွားလျက် ရှိနေပြီဖြစ်၏။ သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးကြီးကြီးပေး၍ ဝယ်ယူစုဆောင်းကြသော အလေ့အထကလည်း ကြီးစွာ ထွန်းကားလျက်ရှိသည်။ပြတိုက်ကြီးငယ်များတည်ဆောက်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သမိုင်းဝင် ပစ္စည်းကြီးကြီးငယ်ငယ်တို့ကို တခမ်းတနား ခင်းကျင်းပြသ ဂုဏ်ယူထားရှိကြသည်။

ပန်းချီကားများ၊ ပန်းပုရုပ်တုများ၊ အဆင်တန်ဆာနှင့်အသုံးအဆောင်များ၊ ချပ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာ၊ ဆုတံဆိပ်၊ တူရိယာပစ္စည်း၊ ပန်းကန်ခွက်ယောက်၊ အဝတ်အထည်၊ယာဉ်ရထား၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ နှစ်ပေါင်းထောင်ချီ သောင်းချီကြာညောင်းခဲ့ပြီဖြစ်သော သက်တမ်းလွန်ပစ္စည်းများ။ သုံးစွဲခဲ့သူ၏ ဂုဏ်ဒြပ်အလျောက် အဖိုးထိုက်နေသည့် ပစ္စည်းများ၊ လူ့သမိုင်းအတွက် အရေးပါသော အထောက်အကူပြု ပစ္စည်းများတို့သည် ကမ္ဘာ့လေလံပွဲကြီးများ၌ အပြိုင်အဆိုင် အလုအယက် သူ့ထက်ငါ သာအောင် ကြေးမြှင့်ပေးကာ ဝယ်ယူစုဆောင်း သိမ်းဆည်းကြရသည့် အမြုတေရတနာများဖြစ်လာကြသည်။ သမိုင်း၏ တန်ဖိုးသည် အချိန်ကာလပင် ဖြစ်လျက်နေသည်။

မ္တနလေးသည် သမိုင်းထဲက မြို့။ သူ့သမိုင်းက နှစ်ကာလအားဖြင့် သက်တမ်း နှစ် ၁၆ဝ ခန့် ရှိခဲ့ပြီဖြစ်၏။ သို့သော် မ္တနလေးသည် မ္တနလေးဘဝ မရောက်မီကပင် သမိုင်းထဲ၌ သူ့ကို နေရာပေးထားခဲ့ရပြီး ဖြစ်သည်။ ရတနာပုံနေပြည်တော်ဟု မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးက မတည်မီကပင် ကုန်းဘောင်မင်းဆက်က မြန်မာနှစ် ၁၇၅၂ ခုနှစ်မှာပင် စတင်ခဲ့ပြီး ဖြစ်သည်။ထိုကုန်းဘောင်မင်းဆက်၏ နောက်ဆုံးစိုးစံသည့် မင်းတုန်းမင်းနှင့် သီပေါမင်းနှစ်ပါးတို့ကသာ မ္တနလေးတွင် နန်းစိုက်ခဲ့ကြသည်ဖြစ်ရာ သူတို့သူတို့ အရင်က အမရပူရ၊ စစ်ကိုင်း၊ အင်းဝနှင့် ရွှေဘိုတို့သည် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်၏ ပြည်ကြီးမဏ္ဍိုင်များဖြစ်ခဲ့ကြသည်။

ထိုစဉ်က မ္တနလေးသည် ကိုင်းဖျားကိုင်းနား။ သပြေလားရေလား တောကစားထွက်ရာဒေသ။ အောင်ပင်လယ်သည် ဆင်ဖြူရှင်တရဖျား နတ်သမီးနှင့် တွေ့ ခဲ့သော နေရာ။ ဥသြအော်မြည်ပြီးပါမှ အောင်ကျော်ချမ်းအေး။ ဦးအောင်ဇေယျ ပထမပြီးမှဦးကောင်းလိမ်ထုတ် သီပေါပြုတ်သည် ဧကဒသမဖြစ်သည်။ ထိုကုန်းဘောင်ဆယ့်တစ်ဆက်သော မင်းတို့ ဖြတ်သန်းခဲ့ရာအတိတ်မှ အကြောင်းခြင်းရာအဝဝသည် ယခုအခါ သူသူငါငါသမိုင်းဆိုင်ရာ ဝါသနာအလျောက် စွမ်းသလောက် ဝင်ရောက်ချဉ်းကပ်ခဲ့ကြသည်တွင်…

၂ဝ၁၇ မတ်။ ရန်ကုန် ပဉဂံစာအုပ်တိုက်ထုတ် ရန်နောင်စိုး(ထားဝယ်)၏ ‘မ္တနလေးဝန်းကျင်က သမိုင်းဝင်နေရာများ’ ကိုအမှတ်မထင် တွေ့လိုက်ရသည်။ သမိုင်းဆိုင်ရာ၊ သုတေသနဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ရှေးဟောင်းသုတေသနဆိုင်ရာနှင့် ဗိသုကာပညာဆိုင်ရာ ချဉ်းကပ်လေ့လာမှုတို့ကို စာရေးသူက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တင်ဆက်ခဲ့ရာမှ စာတစ်အုပ်ဘဝသို့ရောက်အောင် အားထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်။ အုပ်ရေ ၁ဝဝဝ။ တန်ဖိုး ၂၅ဝဝ ကျပ်။ ကာဗာဏကြီးတင်ထွဏ်း။ ၁၈၆ မျက်နှာ။ ၁၄ x ၂၁ စင်တီ။ CIP ၉၁ဝ.၄။ရန်နောင်စိုးကိုယ်တိုင် ကွင်းဆင်းခဲ့သည့် နေရာဌာနအဝဝကို စူးစမ်းထားသည့် ကိုယ်တွေ့ ခံစားထားသမျှ ဆောင်းပါး ၂၉ ပုဒ်။ သူတွေ့ သူမြင် သူခံစား သူဝေမျှထားသည့် ခရီးသွား သုတေသနစာစုများ။

‘…သမိုင်းသုတေသန ပညာရှင်တစ်ယောက်သာ ဖြစ်သည။် မနားတမ်းရှာဖွေလျက် သိသလောက်ကိုသာ ဝေမျှသွားပါမည်’ဟု သူ့ကိုယ်သူ ရန်နောင်စိုးက ခံယူထားသည်။ သို့သော်သူ့ကို…

‘…ရန်နောင်စိုးက စေ့စေ့စပ်စပ် သေသေချာချာ မှတ်တမ်းတင်တတ်သလို ဘယ်လောက်ခက်ခဲတဲ့ နေရာဖြစ်ဖြစ် သတင်းအစအနရတာနဲ့ ရောက်ဖြစ်အောင် ရောက်ဖို့ ကြိုးစားပါတော့တယ်။ ကုန်းတစ်တန်၊ ရေတစ်တန် တစ်ခါတလေ လမ်းကြမ်းတောင်စောင်းကနေ မော်တော်ဆိုင်ကယ်နဲ့ ချောင်းဖြတ် နွံကျော်ရောက်အောင် သွားတတ်ပါတယ်.

လူငယ်တိုင်း လူငယ်တိုင်းမှာ မရှိနိုင်တဲ့ သူရဲ့ဇွဲကြီးမားပုံကိုမချီးကျူးဘဲ မနေနိုင်ပါ’ဟု အမှာရေးသူ မသိင်္ဂီက မှတ်ချက်အခိုင်အမာပြုထားပြန်သည်။

‘… ဒီစာအုပ်ပါ စာစုတွေဟာ ဝါသနာရှင်တစ်ယောက်ရဲ့လက်တွေ့လေ့လာမှုတွေကို လက်လှမ်းမီသလောက် သက်ဆိုင်ရာသမိုင်းကြောင်းလေးတွေနဲ့ ပေါင်းစပ်ပြီး တြင်ပထားတာပါ’ဟုကာယကံရှင် ရန်နောင်စိုးက ပွင့်လင်းမှုအပြည့်ဖြင့် ရိုးသားစွာပြောသည်။ သူ့တင်ပြချက်အားလုံးသည် အပင်ပန်းခံ အားထုတ်ထားရမှန်း သိသာသည်။ သူ ရရှိထားသမျှ အရင်းအတိုင်း ဖောက်သည်ချထားခြင်းဖြစ်ပြီး ရှေးဟောင်းသမိုင်းတင် သမိုင်းဝင်ကိစ္စများအပေါ် ထားရှိသည့် သူ့စိတ်ဓာတ်နှင့် သံယောဇဉ်ကို အထင်အရှား မြင်ရသည်။

‘…သုတစာပေတစ်မျိုးဖြစ်သော ယဉ်ကျေးမှုသမိုင်းဆိုင်ရာ ခရီးသွားဆောင်းပါးဆိုသည်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံ၍ ခရီးထွက်သုတေသနပြုနိုင်မှ ရေးဖြစ်သော စာပေဖြစ်သည။် စာရေးသူ၏  ဗဟုသု တု အခြေခံရှိမှုပေါ်မူတည်၍ စာဖတ်သူများက သမိုင်းဆိုင်ရာ ဗဟုသုတများကို ဖတ်ရှုခွင့် ရရှိကြပေသည်’

 

‘တော်ဝင်သံတဲကျောင်း၊ ပင်းယဂူကြီး သုံးလုံး၊ တမုတ်ရွှေဂူကြီး၊ ရာဇဝင်ထဲက မ္တနလေးတံတားများ၊ ဆရာယုဒသန်အထိမ်းအမှတ်ကျောက်တုံး၊ မ္တနလေးတောင်ခြေက ဘုရားရှင်ရဲ့ဓာတ်တော် စသည့် လူသိနည်းသေးသော သမိုင်းဝင်ဒေသများကိုလည်း ကိုယ်တိုင်သွားရောက် လေ့လာမေးမြန်း၍ ဗဟုသုတရဖွယ်ရေးသားထားပေသည်…’ဟူသော ဦးဝင်းမောင်(တမ္ပဝတီ)၏ အမှာစာကလည်း ရန်နောင်စိုး၏ ကြိုးပမ်းမှုတို့ကို အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း တွေ့ရပေသည်။

‘မ္တနလေးဝန်းကျင်က သမိုင်းဝင်နေရာများ’သည် ဝါသနာတူသူ ရပ်ခံရွာခံ အများစုကို မျက်စိကျယ်စေ၊ နားကားစေသောစာအုပ်ဖြစ်သည်။ ရန်နောင်စိုး ပြောပြပါမှ သိကြရသော အဖြစ်။သတိမမူ ဂူမမြင်မိဘဲ သူ့ကျေးဇူးကြောင့်သာ ထိုထိုဤဤ အနှီနေရာထိုင်ခင်းများကို တွေ့ထိမိကြသည်။ အမှုမဲ့ အမှတ်မဲ့နှင့်ပင်သူပြမှ ကိုယ့်ပိုင်နက်ထဲက ကိစ္စများကို မြင်ကြရသည်။ ကျင်စက်နှင့် အတို့ခံလိုက်ကြရသည်။ ဟာခနဲ ဟင်ခနဲ ဖြစ်ကြရသည်။

စာတွေ့ဖြစ်သာ ငြိမ်သက်နေကြသူတို့အား ရန်နောင်စိုးကကွင်းဆင်းလေ့လာချဉ်းကပ်ကြစေရန် တပ်လှန့်လိုက်ခြင်းဖြစ်သည်။ ဤစာအုပ်မှာ တပ်လှန့်သံပေးသော စာအုပ်ဖြစ်သည်။ ရှေးဟောင်းကို စိတ်ဝင်စားသူတွေ၊ သမိုင်းကို တန်ဖိုးထားလိုသူတွေ၊အတိတ်ကို တူးဆွလိုသူတွေ မ္တနလေးနှင့် မ္တနလေးတခို၌ နေထိုင်လျက် ရှိနေကြသည်ဆိုပါက သင်တို့သည် ဤသို့သော စာအုပ်မျိုးကို Guide Book အဖြစ် မှတ်ယူကာ မိမိကိုယ်မိမိ ခွန်အားဖြည့်ခြင်းဖြင့် အဆိုပါ မိမိဝါသနာ ရှိရင်းစွဲလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ကြပေပြီဟူ၍သာ။       ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."