၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ပင်လုံညီလာခံများတွင် ဆွေးနွေးညှိနှိုင်းမရဘဲ တစ်ဆို့နေသောအချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရနှင့် NCA/SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်သည့် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည်။
ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပစ်ရပ်တိုင်း ရင်းသား ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့သည်။
အဓိက ဆွေးနွေးမည့်အချက်များမှာ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တပ်မတော် ဆိုင်ရာ ကိစ်္စရပ်များ၊ ၂၁ ရာစုပင်လုံ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ဆိုင်ရာ ကိစ်္စရပ်များ၊ လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် NCA မထိုးရသေးသည့် အဖွဲ့များ ညီလာခံတွင် အားလုံး ပါဝင်လာ အောင် ဆောင်ရွက်နိုင်ရေး စသည့် အချက်များ ပါဝင်သည်။
ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ““ကျွန်မတို့အားလုံး အတူတကွ လက် တွဲပူးပေါင်းပြီးတော့ ရှိနေတဲ့ အခက်အခဲတွေ၊ သဘောတူညီမှု မရနိုင်သေးလို့ ညှိနှိုင်းနေရဆဲဖြစ်တဲ့ ကိစ်္စရပ်တွေကို အရှိကို အရှိအတိုင်း လက်ခံကြဖို့၊ ဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်း ကျော်လွှားနိုင်မလဲဆိုတာ ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြဖို့၊ ဒီလို ဆွေးနွေးညှိနှိုင်း ကြရမှာ ကျွန်မတို့အားလုံးရဲ့ နှလုံးသားတင်မက ဦးနှောက်ကိုပါ ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ တာဝန်ခံကြရတဲ့၊ ကျွန်မတို့ မျက်နှာမူကြရမယ့် ကျွန်မတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျွန်မတို့အားလုံး သတ်္တိရှိကြဖို့ အလေးအနက်ထား တိုက်တွန်းပြော ကြားလိုပါတယ်””ဟု ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဖွင့်မိန့်ခွန်းတွင် ယခုဆွေးနွေးပွဲသည် ငြိမ်းချမ်း ရေးကို အဓိက ဦးတည်ကာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းဖို့ ဖြစ်ပြီး နိုင်ငံရေးအထုပ်ဖြေဖို့မဟုတ်ကြောင်း၊ ဆွေးနွေးပွဲကိုအကြောင်း ပြကာ မိမိတို့၏ တစ်ဖက်သတ် လိုလားချက်များအား အကောင်အထည်ဖော်ဖို့ ကြိုးစားပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဟန့် အတားဖြစ်စေမှာဖြစ်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း တကယ်လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ခြင်းကို မူအားဖြင့် သဘော တူညီကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် မသက်ဆိုင်ဘဲ ပြင်ဆင်ဖြည့်စွက်ခြင်းကိုတော့ သဘောတူညီဖို့ ခက်ခဲမည်ဟု ထည့်သွင်းပြောကြား ခဲ့သည်။
ယခုဆွေးနွေးပွဲအား မြန်မာနိုင်ငံမြောက်ပိုင်းက NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများ ကလည်း ကြိုဆိုအားပေးထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ကြပြီး အခြားတိုင်းရင်းသားအဖွဲ့များကလည်း ယခုဆွေးနွေးပွဲ၏ ရလဒ်မှာ လက်ရှိ တုံ့ဆိုင်းတစ်ဆို့နေသော ကိစ်္စရပ်များကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုရရှိရန် ခြေလှမ်းတစ်ရပ် ဖြစ်စေဖို့ မျှော်လင့်ကြကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com