#ဓါတ်ပုံသတင်း
စည်သူ
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂ (မော်ကွန်း)




နိုင်ငံတော်အကြည်ညိုပျက်စေတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ဒီနေ့ ညနေပိုင်းမှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။
ဦးဝီရသူကို လက်ရှိအနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရူံးမှာ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ လုံခြုံရေး ရယူထားတာကို တွေ့ရပါတယ်။
သူလာရောက်အဖမ်းခံတဲ့အချိန်မှာ အမျိုးသားရေး ဆရာတော်တွေနဲ့ ဒကာ၊ဒကာမ ၅၀ ခန့် လာရောက် ဝန်းရံခဲ့ကြပါတယ်။
၂၀၁၉ ဧပြီနဲ့မေလမှာ မြိတ်မြို့နဲ့ ရန်ကုန်မြိုတွေမှာ ကျင်းပတဲ့ လူထုဟောပြောပွဲ တွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ် ဟောပြောခဲ့တာကြောင့် သူ့ကို ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ၂၀၁၉ မေလနှောင်းပိုင်းမှာ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
တရားရုံးကလည်း လျှောက်ထားမှုကို လက်ခံပြီး ဦးဝီရသူကို ရုံးတော်ကို ဆင့်ခေါ်ခဲ့ပေမယ့် မလာရောက်တဲ့အတွက် ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲခန့်အကြာမှာ ကိုယ်တိုင်လာရောက်အဖမ်းခံတာလည်း ဖြစ်ပါတယ်။
သူ့ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
#Dailynews

