ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်- ၂၀၂၁ ဇွန် ၂၆ (မော်ကွန်း)
စစ်ကောင်စီက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု လူမှုကွန်ယက်တွင် ယမန်နေ့ညပိုင်းက သတင်းများ ပျံ့နှံ့လာပြီးနောက် ယနေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်အများအပြား လာရောက် စောင့်ဆိုင်းနေကြသည်။
မနက် ၇ နာရီ ဝန်းကျင်ကတည်းက ရာနှင့်ချီသော မိသားစုဝင်များသည့် ထောင်ရှေ့ပတ်ဝန်းကျင်နှင့် အနီးရှိ စားသောက်ဆိုင်များတွင် လွတ်မြောက်လာနိုင်သည့် မိသားစုဝင်များကို စောင့်ဆိုင်းနေကြသော်လည်း နေ့လည် ၁၂ နာရီ ၄၀ မိနစ်အထိ တစုံတရာ ထူးခြားမှု မရှိသေးပေ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၅ အထိ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးလှုပ်ရှားသူ ၅,၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ ထိုအထဲက အများစုသည် အင်းစိန်အကျဉ်းထောင်တွင် ရှိနေသည်။ ထို့အပြင် လူပေါင်း ၉၀၀ နီးပါးကို ရဲနှင့်စစ်သားများက ပစ်သတ်ထားပြီး ၂,၀၀၀ ဝန်းကျင်ကို ဖမ်းဝရမ်းထုတ်ထားသည်ဟု AAPP က ဖော်ပြသည်။
Edited- ယနေ့ ညနေ ၃ နာရီ အထိ လွှတ်ပေးခြင်းမရှိပါ။ ထို့နောက် မနက်ခင်းကတည်းက စောင့်ဆိုင်းနေသည့် မိသားစုဝင်များလည်း အသီးသီး ထောင်ရှေ့မှ ပြန်လည်ထွက်ခွာသွားကြသည်။
#Dailynews

