ပြင်ဦးလွင် – ၂၀၂၃ မေ ၁၄ (မော်ကွန်း)
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့နားမှာ ဒီနေ့မနက် ၈:၀၀ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြီး လူတစ်ဦးပေါ်ပိမိသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မနေ့ကတည်းကမိုးတွေရွာ၊ လေပြင်းတွေတိုက်နေတာ၊ သစ်ပင်ပိတာတော့ကြားတယ်၊ပြင်စာကရဲတဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သစ်ပင်ပိသေဆုံးသူဟာ အနီးစခန်းက အာဏာသိမ်းစစ်တပ် လက်အောက်ခံရဲတစ်ဦးလို့သိရပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
သေဆုံးသူကို ပြင်ဦးလွင်နာရေးကူညီမှုအသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့မှာ မနေ့ကစတင်ပြီး မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ဓာတ်တိုင်တွေလဲတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – သစ်ပင်ပိပြီး သေဆုံးသူအလောင်းအား သယ်ဆောင်နေစဉ်။
ဓာတ်ပုံ – တုသိတာလူမှုကူညီရေးအသင်း
#Daillynews

