လူရည်ချွန်၊စစ်သံမှူး၊ကုမ္ပဏီပိုင်ရှင်၊စာရေးဆရာ

လူရည်ချွန်၊စစ်သံမှူး၊ကုမ္ပဏီပိုင်ရှင်၊စာရေးဆရာ

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Book Review ဖြစ်ပါသည်။

သင့်နော်ရေးသည်

(၁)

စိုးမိုးအောင်မြင်စာပေ။ စာစဉ် ၂။ ၂၀၁၇ ဒီဇင်ဘာ။ ပထမအကြိမ်။ အုပ်ရေ ၁,၅၀၀။ တန်ဖိုး ၃,၀၀၀ ကျပ်။ စာအုပ်အမည် “မတူညီကြသူများနှင့် အတူတူနေထိုင်ခြင်း”။ စာရေးသူအမည် “မောင်တင်စိုး (လူရည်ချွန်၊ ရန်ကုန်)”။ ကာဗာအမည် – ကျော်သီဟ။ ကာဗာ ဒီဇိုင်း-စမုံဦး။ ၁၁၃ မျက်နှာ။ စာကြည့် တိုက် ကတ်တလောက် အဩန်း-၃၂၇။

 

(၂)

၁၉၆၄ မှာ လူရည်ချွန်စီမံကိန်းကို အကောင် အထည် စဖော်တယ်။ ရန်ကုန်မြို့က သတ်္တမတန်း ကျောင်းသား မောင်တင်စိုး ပွဲဦးထွက် အရွေးခံရ တယ်။ ဆယ်တန်းအောင်တော့ D.S.A တက်တယ်။ ၁၉၇၁ မှာ ဒု-ဗိုလ်။ ၁၉၉၄ မှာ ဗိုလ်မှူးကြီး။ ၁၉၉၉-၂၀၀၇ အထိ စစ်သံမှူး။ ၂၀၀၈-၂၀၁၂ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဩန် ချုပ်။ အဲဒီက အငြိမ်း စားယူပြီး Sky & Star Construction Co., Ltd. ထူ ထောင်။ အခု စာရေး ဆရာ၊ ထုတ်ဝေသူ။

သူ့ရည်ရွယ် ချက်ကို “….. မြန်မာ နိုင်ငံတွင် မြန်မာတို့ ၏ ဓလေ့ထုံးစံနှင့် လည်းကောင်း၊ ဗုဒ်္ဓ၏ အဆုံးအမများနှင့် လည်းကောင်း၊ ညီ ညွတ်မျှတပြီး နိုင်ငံ တကာ စံနှုန်းများနှင့် လည်း ကိုက်ညီသည့် ခေတ်မီယဉ်ကျေးသော လူမှုဆက်ဆံရေး ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး ဤ စာအုပ်ကို ရေးသားပါသည်”လို့ အတိအလင်း ပုံနှိပ်ထည့်သွင်း ဖော်ပြထားတယ်။ တစ်ဆက်တည်းမှာပဲ သူက “ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် စာဖတ်သူသည် ပိုမို ယဉ်ကျေးပျော့ပျောင်း လာ ဖွယ်ရာရှိပြီး လူ့ပြည် လူ့ရွာ လူ့က်္ဘာတွင် မိမိနှင့် မတူမညီ ကွဲပြား ခြားနေကြသော လူသားများနှင့်အတူတကွ ပူးပေါင်းယှဉ်တွဲနေ ထိုင်ရသည်မှာ ပိုမိုနှစ်လို ပျော်ရွှင်ဖွယ် ကောင်းလာလိမ့်မည်ဟု မျှော်လင့်ရပါကြောင်း”ဆိုပြီး သူ့စာအုပ် အမှာစာမှာ သူကိုယ်တိုင် အတိအကျ ဖော်ပြပါတယ်။

 

(၃)

ပညာရေး။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းက နိုင်ငံ့အာဏာကို အလုံးစုံသိမ်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင် တယ်။ ဆိုရှယ်လစ်လူ့ဘောင်ကို တည်ဆောက်တယ်။ ကျောင်းတွေ ကို ပြည်သူပိုင် သိမ်းတယ်။ ဆိုရှယ်လစ်ပညာရေးစနစ်ကို အကောင် အထည် ဖော်တယ်။ တက်္ကသိုလ်ကောင်စီဥပဒေကို ဖျက်သိမ်းတယ်။ တက်္ကသိုလ်တွေကို ပညာရေးတာဝန်ခံလက်အောက်ကို သွတ် သွင်းတယ်။ တကသ တွေကို  ဖြိုခွဲတယ်။ ရန်ကုန်တက်္ကသိုလ် ပရဝဏ်ထဲက တကသ အဆောက် အအုံကိုပါ ချမ်း သာ မပေးဘူး။ အပြီးအပိုင် ပျက် သုဉ်းစေခဲ့တယ်။ သမိုင်းဝင် ဆဲဗင်း ဂျူလိုင် ၇.၇.၁၉၆၂ ကို ဖန်တီးခဲ့တယ်။

ပြီးတော့ သူမဟုတ်သလိုပဲ။  စနစ်သစ် ပညာ ရေးဆိုပြီး ချွေး သိပ်တယ်။ ၁၉၆၄ မှာ လူရည်ချွန် စီမံကိန်းတဲ့။ မောင်တင်စိုးက     “လူရည်ချွန်စီမံကိန်းသည် တိုင်းပြည်အတွက် သားကောင်းသမီး ကောင်း ရတနာများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်”လို့ အသေ အချာ ပြောနိုင်တယ်တဲ့။ “ထို လူရည်ချွန် စီမံကိန်း၏ ဉဏ်ကြီးရှင် Master Brain အား အထူးပင် ကျေးဇူးတင်ပါကြောင်း”လို့ ပြောတယ်။ လူရည်ချွန် စီမံကိန်းက ၁၉၈၈ အထိခံတယ်။ လူရည်ချွန် ၅၂၀၀ စာရင်း ပေါက်တယ်။

ဆေး/မန်းရဲ့ အငြိမ်းစားပါချုပ်၊ လက်ရှိ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ပါမောက်္ခ ဒေါက်တာသန်းဝင်းဟာ လူရည် ချွန် ငါးထပ်ကွမ်းပါ။ “…..လူရည်ချွန်စီမံကိန်းသည် လူရည်ချွန် များအပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ဖော် ဆောင်နိုင်ခဲ့သည်”လို့ မှတ်ချက်ပြုတယ်။ လူရည်ချွန်ငါးထပ်ကွမ်း ရခဲ့တဲ့ ဆရာဦးသန်းဝင်းက ဒီစာအုပ်အတွက် အမှာစာ ချီးမြှင့်ပါ တယ်။ “…..ယခုအချိန်တွင် လူရည်ချွန်များသည် နိုင်ငံ့ဝန်ထမ်း များ၊ တပ်မတော် တပ်ဖွဲ့ဝင်များ၊ သာသနာ့ဝန်ထမ်းများ၊ ကိုယ်ပိုင် လုပ်ငန်းများ စသည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အောင်မြင်စွာ ဖြတ်သန်း တာဝန်ယူနေကြပါသည်” လို့ ဆရာက ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ “…..လူရည်ချွန်     စီမံကိန်းမှ လေ့ကျင့်မျိုးစေ့ ချပေးခဲ့ပြီး တပ်မတော်အရာရှိကြီး၊ နိုင်ငံ့ကိုယ်စားပြု စစ်သံမှူး၊ နိုင်ငံခြားရေးဌာနဝန်ထမ်းအကြီး အကဲ၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ် တာဝန်မျိုးစုံကို ဖြတ်သန်းခဲ့ သော လူရည်ချွန်တစ်ဦး၏ လူမှုဆက်ဆံရေးအမြင်၊ ဘဝအတွေး အမြင်များ၊ အကြံပြုချက်များကို ယခုစာအုပ်တွင် တွေ့မြင်ဖတ် ရှုကြရပါမည်”လို့လည်း ဩန်းထားလေရဲ့။

 

(၄)

မတူညီကြသူများနှင့် အတူနေထိုင်ခြင်း စာအုပ်ကို ထုတ် ဝေတဲ့ ထုတ်ဝေသူ ဦးတင်စိုးနဲ့ စာရေးသူ မောင်တင်စိုးတို့ဟာ တစ်ယောက်တည်းပါပဲ။ စိုးမိုးအောင်မြင်စာပေဆိုတာကလည်း သူပိုင်တာပါပဲ။ စာအုပ်တိုက်ရဲ့ ဆောင်ပုဒ်ကို…

“…က်္ဘာကြီးကို ထိုးဖောက်

မိုးအောက်မြေပြင်အဆုံး …

ဝဠာတစ်ခွင်လုံးတိုင်

စိုးပိုင်မည့် အရှင်

ကြယ်စင်များ၏ သခင်

စိုးမိုးအောင်မြင်စေသတည်း”လို့ တွေ့ရတယ်။

ဒီစာအုပ်မှာ အခန်းသုံးခန်း ခွဲထားတယ်။ အခန်း ၁ မှာ စာ ၆ ပုဒ်၊ ၂ မှာ ၁၂ ပုဒ်နဲ့ ၃ မှာ ၁၅ ပုဒ်၊ ပေါင်း ဆောင်းပါး ၃၃ ပုဒ် ထည့်သွင်းထားတယ်။ သီးခြားခေါင်းစဉ်နဲ့ ခွဲခြားမထားဘူး။ လူမှု ရေးတွေ ပါတယ်။ နိုင်ငံရေးလည်း ပါတယ်။ ပြည်သူ့နီတိ ပါတယ်။ လောကနီတိလည်း ပါပါရဲ့။ ပြုပြင်ပြောင်းလဲရေးတွေ ပါတယ်။ ဖွံ့ ဖြိုးတိုးတက်ရေးတွေ ပါတယ်။ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖော်ပြတယ်။ မိတ်္တဗလဋီကာသစ်လို့လည်း ယူဆနိုင်တယ်။ ကိုယ် ချင်းစာတရား၊ အကြင်နာတရား၊ နိဝရနတရားတွေနဲ့ နေကြရ မယ့် ကိစ္စတွေလည်း ပါတယ်။ လူအချင်းချင်း လေးစားမှုနဲ့ တန်ဖိုး ထားကြရမယ့် ကိစ္စ၊ ရိုင်းပင်းကူညီဖို့ ကိစ္စ၊ လိုက်လျောညီထွေ နေ တတ်စေ အစရှိတဲ့ ကိစ္စတွေလည်း ပါတာပေါ့။ နောက်ဆုံးအခန်း။ အခန်း ၃ မှာတော့ ပွဲတက်တဲ့ ကိစ္စချည်းပါ။ Etiqutte နဲ့ စတယ်။   Dos and Donts နဲ့ ဆုံးတယ်။ Social ကိစ္စ။ ခေတ်မီယဉ်ကျေး တယ်ဆိုတဲ့ လူမှုဝန်းကျင် အသိုင်းအဝန်းက လက်ခံကျင့်သုံးနေတဲ့ ပြုမူ ပြောဆို နေထိုင် စားသောက်ခြင်းနဲ့ ဆိုင်တဲ့ နည်းလမ်း စည်း ကမ်း အမူအကျင့်တွေ…။ နိုင်ငံတကာ အဆင့်…။ သံတမန် အဆင့်…။ အခန်း ၃ က မြင့်တယ်။ သီးခြားကိစ္စပါ။ သာမန်လူတွေ ရဲ့ နေ့စဉ်ဘဝတွေနဲ့ အလှမ်းဝေးတယ်။ သူ့ကို စာတစ်အုပ် သန့် သန့် ထုတ်သင့်တယ်။ အသေးစိတ်ကဏ္ဍ တစ်ခုချင်းအတွက် အသေအချာ ရေးပြထားတာမျိုးဟာ အဖိုးတန်လှပါတယ်။ လို ချင်သူတွေအတွက် ရေကန်အသင့် ကြာအသင့်…။

 

(၅)

၂၅ နှစ်ခံတဲ့ လူရည်ချွန်စီမံကိန်းကြီး ကွယ်ပ ပြတ်တောက် သွားခဲ့တာ အနှစ် ၃၀ ရှိသွားပြီ။ လွမ်းသူ၊ တမ်းတသူတွေဟာ    ကာယကံရှင် လူရည်ချွန်တွေ ကိုယ်တိုင်ပါပဲ။

လူရည်ချွန်၊ စစ်သံမှူး၊ ကုမ်္ပဏီပိုင်ရှင်၊ စာရေးဆရာ၊ ထုတ် ဝေသူ မောင်တင်စိုး (လူရည်ချွန်-ရန်ကုန်)က “….. ယခုအခါ  လူ ရည်ချွန်စီမံကိန်းမှ ထွက်ပေါ်လာကြသော လူရည်ချွန်များသည် တိုင်းပြည်တာဝန်များကို မြင့်မားသော ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ ဖြစ်သည်သာမက “လူ ရည်ချွန် (၁၉၆၄-၈၈)အဖွဲ့”ကို တည်ထောင်၍ တိုင်းပြည်အကျိုး ပြုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စေတနာသက်သက်ဖြင့် အား ကြိုးမာန်တက် ဆောင်ရွက်လျက် ရှိကြပါသည်”လို့ သူတို့ဘဝကို သူတို့ တန်ဖိုးထား သုံးသပ်ရှုမြင်ထားပြန်တယ်။ လူရည်ချွန်စီမံ ကိန်းကို ပြန်အသက်သွင်းစေချင်တဲ့ သဘောတော့ မတွေ့ရဘူး။  လူရည်ချွန် ၅၂၀၀ ထဲက ကျန်ကောင်းကျန်ရာ လူရည်ချွန်တွေ စု ပြီး တိုင်းရေးပြည်ရွာကိစ္စတွေအပေါ် တစ်ခုခု ထိထိရောက်ရောက် လုပ်ဆောင်ပေးကြမယ်ဆိုရင်တော့ လူသာဓုခေါ် နတ်သာဓုခေါ် အနေအထားတစ်ရပ် ဖြစ်လာမှာ အသေအချာပါ။ ခုနေမှာတော့ ဒီစာအုပ်လောက်နဲ့သာ ကျေနပ်စရာ…။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."