လားရှိုးတွင် ၁၁ ရက်အတွင်း ကိုဗစ်လူနာ ၁၂၀ ကျော်ရှိလာ

လားရှိုးတွင် ၁၁ ရက်အတွင်း ကိုဗစ်လူနာ ၁၂၀ ကျော်ရှိလာ

လားရှိုး – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာ ဇွန်လ ၈ရက်နေ့ကစပြီး ဇွန်လ ၁၉ရက်နေ့အထိ ၁၁ ရက်အတွင်း ပိုးတွေ့လူနာ ၁၂၂ ဦးထိရှိလာတယ်လို့ လားရှိုးမြို့ COVID – 19 ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။

မနေ့က ပိုးတွေ့အတည်ပြုလူနာ ၁၀၃ ဦးထိတွေ့ခဲဲ့ပြီးနောက် လားရှိုးမြို့မစျေးက ကုန်စိမ်းတန်းကို ဇွန်လ ၁၈ရက်ကစပြီး ဇူလိုင်လ ၂ရက်နေ့ထိ Lock Down ချထားတယ်လို့ ဆိုပါတယ်။

“လားရှိုးမြို့က မြို့မစျေး၊ကုန်စျေးတန်းကစျေးသည်တစ်ဦးဆီကနေ ကိုဗစ်ပိုးတွေ့ခဲ့​ပြီးတော့ ၊ ဇွန်လ ၁၈ရက်နေ့မှာလည်း ရပ်ကွက်(၅)က အောင်မင်္ဂလာစျေးကစျေးသည်တစ်ဦးဆီမှာ ကိုဗစ် ပိုးတွေ့ခဲ့တယ်”လို့ သူက ဆိုပါတယ်။

ဒီကနေ့မှာတော့ ထပ်မံ ပိုးတွေ့ရှိသူ ၁၉ ယောက်ရှိလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၂၂ ဦးရှိရာမှာ ပိုးစတင်တွေ့ရှိသူတစ်ဦး သေဆုံးထားပါတယ်။

ပိုးတွေ့အတည်ပြုလူနာတွေကို လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးကအထူးကြပ်မတ်ကုသဆောင်ကိုပို့ဆောင်ထားပြီး ကိုဗစ် စစ်ဆေးရေးဂိတ် ၂ဂိတ်ဖွင့်ထားတယ်လို့ သိရပါတယ်။

မော်ကွန်းမဂ္ဂဇင်း


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."