လားရှိုး – ၂၀၂၁ ဇွန် ၂၃ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် COVID – 19 အတည်ပြုလူနာ မြင့်တက်လျက်ရှိရာ ၂၀၉ ဦးထိရှိလာပြီဖြစ်ကြောင်း COVID – 19 ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပရဟိတအသင်းတစ်ခုထံမှ သတင်းရရှိသည်။
ဇွန် ၈ ရက်နေ့က အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိခဲ့ပြီး ယနေ့ ဇွန် ၂၃ ရက်နေ့ထိ စုစုပေါင်း အတည်ပြုလူနာ ၂၀၉ ဦးထိရှိလာခဲ့သည်။
အတည်ပြုလူနာအားလုံးကို လားရှိးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး လေးဦးသေဆုံးထားကြောင်း အဆိုပါ ပရဟိတအသင်းသားတစ်ဦးက မော်ကွန်းကို ပြောသည်။
လားရှိုးမြို့မဈေးအား Lock Down ရက်သတ္တပတ် နှစ်ပတ် ချထားပြီး ဘူတာဈေးနှင့် အောင်မင်္ဂလာဈေးတို့မှ အတည်ပြုလူနာတွေ့ရှိထားသည့်နေရာများကိုလည်း Lok Down ချထားကြောင်း သူကပြောသည်။
မနေ့က တွေ့ရှိထားသည့် အတည်ပြုလူနာတစ်ဦးသည် ယနေ့ ၎င်းနေအိမ်တွင်ပင် သေဆုံးလျက်တွေ့ရှိထားပြီး မိမိကိုယ်ကိုယ် သတ်သေထားသည့်ပုံစံတွေ့ရှိရကြောင်း အဆိုပါ ပရဟိတအသင်းသားက ပြောသည်။
#Dailynews

