ရွှေဘို – ၂၀၂၁ အောက်တိုဘာ ၁၀ (မော်ကွန်း)
“လာမဝိုင်းနဲ့ သေတတ်သည်” လို့ ရေးသားထားတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီရွှေဘိုမြို့မရဲစခန်းမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၈ : ၀၀ နာရီခန့်က လာမဝိုင်းနဲ့ သေတတ်သည်” လို့ဆိုင်းဘုတ်ထောင်ထားပြီး လင့်စင်တွေ ပါဆောက်ထားတဲ့ ရွှေဘိုမြို့မရဲစခန်းကို တောင်မြောက်နှစ်ဖက်ညှပ်ပြီး ဗုံး ၁၀ လုံး ပစ်ခဲ့ကြောင်း ရွှေဘို PDFက အသိပေးပါတယ်။
စခန်းထဲမှာရှိတဲ့ စစ်သားနဲ့ရဲတွေဟာ ထွက်ပြေး ဆုတ်ခွာပြီးမှ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘို PDF က ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရရှိမှု အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြည်သူများအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများရဲ့ မြေပြင်လှုပ်ရှားမှုတွေကို တွေ့ခဲ့ရင်လည်း စူးစမ်းခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းတွေ မပြုလုပ်ကြဖို့လည်း ရွှေဘို PDFက သတိပေးထားပါတယ်။
ဓါတ်ပုံ-Rizza
#Dailynews

