ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း)
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မာကလာခြံရွာ၊ မြေစွန်းတော်ရွာတွေကို အာဏာသိမ်းစစ်တပ်ကဒီကနေ့မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အင်အား ၈၀ ခန့်ရှိပြီး မြောင်နယ်နဲ့ ရေစကြိုနယ်ဘက်နှစ်ဖက်ညှပ်ပြီးစစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ခုစစ်ကြောင်းက မြေစွန်းတော်မှာ ရှိနေသေးတော့ ဘယ်သူမှ ရွာထဲကိုမသွားရသေးဘူး၊သွားမကြည့်ရသေးဘူး၊မနက်ဖြန်မှ နေအိမ်ဘယ်လောက်လောင်တယ်ဆိုတာကိုအခြေနေသွားကြည့်ရမှာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မနေ့ ညနေပိုင်းကစတင်ပြီး ဆင်ခြေယာကျေးရွာကိုမီးရှို့ပြီးနောက်ဒီကနေ့မနက်ပိုင်းမှာ မာကလာခြံရွာနဲ့မြေစွန်းတော်ရွာကိုမီးရှို့ခဲ့တာလို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထပ်မံထိုးလာတာကြောင့်မြောင်နယ်နဲ့ရေစကြိုနယ်အစပ်ကဒေသခံရွာသားတွေထွက်ပြေးနေရတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ မာကလာခြံရွာ
ဓါတ်ပုံ – Supplied
#Dailynews

