ရေး – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့၊ အစင်စံပြကျေးရွာက ကြ က်ဝိုင်းကို စစ်ကောင်စီရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ရှစ်ဦးဟာ တစ်ဦး နှစ်သိန်းပေးပြီး ဒီကနေ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” တစ်ယောက် နှစ်သိန်းပေးခဲ့ရတယ်။ လူကအကုန်ပြန်လွှတ်လာပြီ။ ဆိုင်ကယ်တော့ မထုတ်ရသေးဘူး။တခြား ကြက်ဝိုင်းတွေက နေ့စဥ်လုပ်နေတာပဲ မြို့နယ်မှူးနဲ့ချိတ်ပြီးလုပ်တဲ့ ဝိုင်းတွေကျ အဖမ်းမခံရဘူး “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ရေးမြို့မှာ လောင်းကစားဝိုင်းတွေဟာ မြို့နယ်မှူးနဲ့ချိတ်ဆက်ကာ လုပ်ဆောင်နေတာတွေရှိပြိီး ကြက်ဝိုင်း၊ ငါးဂိမ်း၊ အနီထောင်ဝိုင်း၊ ဂျင်ဝိုင်း စတဲ့လောင်းကစားဝိုင်းတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတွေက အောက်တိုဘာ ၂၂ရက်နေ့က အစင်ကျေးရွာက ဒီကြ က်ဝိုင်းကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူ ရှစ်ဦးနဲ့ဆိုင်ကယ် အစီး ၃၀ ကို သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။
#Dailynews

