ရေစကြိုမှာ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး စစ်သားတစ်ဦး​သေ

ရေစကြိုမှာ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး စစ်သားတစ်ဦး​သေ

ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၄ (မော်ကွန်း)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးလမ်းဆုံမှာ နိုဝင်ဘာ၂ရက်က အာဏာသိမ်းစစ်တပ်၊ တပ်သားတွေမိုင်းဆွဲခံရပြီး စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ဆီက သိရပါတယ်။

ကျောက်လှေခါးလမ်းဆုံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက အတားအဆီးတွေနဲ့နာရီဝက်ကြာစစ်ဆေးရေးပြုလုပ်ခဲ့ပြီးနောက် စစ်သားတွေရောက်လာချိန်မှာမိုင်းဆွဲတ်ိုက်ခိုက်ခဲ့တာလို့ Yesagyo Revolution Group အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဂွေးချိုကျေးရွာက စစ်သား ငါးဦးက အတားအဆီးတွေနားကိုရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးတာကြောင့်”ကျောက်လှေခါးရွာကားလမ်းဘေးက စျေးဆိုင်ကလူတွေကို ရိုက်ပြီးစစ်ဆေးတယ်၊ညနေလောက်မှလာပြီး စစ်ဆေးကြတာရွှေတွေလည်း ယူသွားကြတယ်”လို့Yesagyo Revolution Group အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ် တပ်သားတွေက စျေးဆိုင်တွေက ပြည်သူတွေကိုရိုက်နှက်စစ်ဆေးခဲ့ကြပြီး ဖမ်းဆီးတာတော့မရှိဘူးလို့ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yesagyo Revolution Group – YRG အဖွဲ့၊ Urban Underground Revolution Force – UURF ၊ Southern YSO PDF ၊ Shwe Nyar Myae PDF ၊ King Cobra PDF ၊ Zarmani Blood Guerilla Army-Myaing ၊ Royal PKU UG ၊ ညီနောင်သုံးဖော် နှင့် ဒေါင်းစစ်သည် အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ရုပ်သံမှတ်တမ်း – Yesagyo Revolution Group


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."