ရေစကြို – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ရပ်ကျေးအုပ်ချုပ်ရေးမှုးအိမ် ဗုံးပစ်ခံရပြီး မိုင်တဲတာဝါတိုင်နှစ်တိုင် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောပါတယ်။
မနေ့က သီတင်းကျွတ်လပြည့်ညပိုင်း ရေစကြိုမြို့နယ် ၊ ရပ်သာကျေးရွာအုပ်စု၊ ရပ်သာကျွန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှုးအိမ် ဗုံးအပစ်ခံရခြင်းဖြစ်ကြောင်း၊ လူထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံများက ပြောပါတယ်။
အဲဒီည ၉ နာရီလောက်မှာတော့ ရေစကြိုမြို့နယ် မအူတောင်ရွာရှိ မိုင်တဲတာဝါတိုင်နဲ့ ရွာသစ်ရွာ ရှိ မိုင်တဲတာဝါတိုင်တို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ကြေညာပါတယ်။
မအူတောင်ရွာက မိုင်တဲတာဝါတိုင်ဟာ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်မြောက်ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ် ဖျက်ဆီးခံရပြီးလို့ ပြင်ဆင်ထားတာမကြာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှုးအိမ် ဗုံးအပစ်ခံရတဲ့ ရပ်သာကျွန်းကျေးရွာမှာတော့ စစ်ကောင်စီတပ်သားတွေ လာရောက်သောင်းကျန်းမှာစိုးရိမ်တဲ့အတွက် ရွာသူရွာသားတွေဟာ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ နယ်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တင်းမာနေပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
မီးရှိူ့ခံရတဲ့ မိုင်တဲတာဝါတိုင်
ဓါတ်ပုံ-ဒေသခံ
#Dailynews

