ရန်ကုန်
၂၀၂၀ ဇန်နဝါရီ ၂၃
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများမဖြစ်ပွားစေရေး အကာအကွယ်များပေးနိုင်ရေး မြန်မာကလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယနေ့အမိန့်ချမှတ်လိုက်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ(မြန်မာအစိုးရအခေါ် ဘင်္ဂါလီ)များအား လူမျိုးတုံးသတ်ဖြတ်မှုများရှိနေသည်ဟု OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးတွင်တိုင်ကြားမှုကို ပြီးခဲ့သည့်လက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လျှောက်လဲချက်ပေးပြီး ယခုအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်များမှာ ရိုဟင်ရာဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်စေရန်၊ သက်သေအထောက်အထားများကို ထိန်းသိမ်းရန်၊ တရားရုံးက အမိန့်ချမှတ်သည့် နေ့ကစ၍ လေးလအတွင်း ဆောင်ရွက်ချက်များကို အစီရင်ခံစာ တင်သွင်းရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် စသည့်ဆုံးဖြတ်ချက်များလည်းပါဝင်သည်။
၂၀၁၆-၁၇ တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရိုဟင်ဂျာများ ထောင်နှင့်ချီသေဆုံးကာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများကို ကိုးကားကာ ဂမ်ဘီယာနိုင်ငံက စွပ်စွဲခဲ့သည်။
၎င်းအစီရင်ခံစာများသည် ခိုင်လုံမှုအားနည်းသည်ဟု ဖိလစ်ပိုင်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာအနှစ်ချုပ်တွင် ဖော်ပြထားသည်။
Photo – Myanmar State Counsellor Office
#dailynews