ရာစုနှစ်တစ်ခုကျော်ပြီ ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် ရတနာဘုံမြင့်ကျောင်းတော်

ရာစုနှစ်တစ်ခုကျော်ပြီ ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် ရတနာဘုံမြင့်ကျောင်းတော်

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Legacy ဖြစ်ပါသည်။

ထွန်းဝင်းငြိမ်းရေးသည်။

                                    မုတ္တမကနေ မော်လမြိုင်ဘက်ကို သံလွင်တံတားက ကူးလာတဲ့အခါ သံလွင်ရဲ့ရေပြင်ထက်မှာ ရွှေရောင် တွေ ပြိုးပြိုးပြက်ပြက်နဲ့ အလွန်လှပ တဲ့ရှုခင်းကို တွေ့ရပါတယ်။ တောင် တန်းတစ်ခုကို မြို့ ကပတ်ပတ်လည် ဝန်းရံထားတဲ့ မြင်ကွင်းဟာ သာယာ ကြည်နူးဖွယ်ရာ ခံစားမှုကို ဖြစ်ပေါ် စေပါတယ်။ ကျယ်ပြန့်ကြည်လင်တဲ့ သံလွင်မြစ်ရေပြင်၊ စိမ်းမြတဲ့ တောင် တန်း၊ တောင်တန်းပေါ်က ရွှေရောင် တဝင်းဝင်းနဲ့ သပ္ပာယ်တင့်တယ်လှတဲ့ ဘုရားစေတီတွေ၊ အထပ်ထပ်သော ပြာသာဒ်ဘုံပျံဘုံဆင့်တွေက တစ်ခါ တွေ့ ဖူးရုံနဲ့ တစ်သက် မမေ့နိုင်စရာပါ။ အဲဒီမြင်ကွင်းတွေကို မြင်ရတာနဲ့ ဒီ မြို့ဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်း ကားရာ မြို့ကြီးတစ်မြို့ ဖြစ်တယ် ဆို တာ အဝေးကနေပဲ အကဲဖြတ်နိုင် ပါတယ်။

                               အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆) မှာ မြန်မာ တို့ အရေးနိမ့်တဲ့အခါရန္တပိုစာချုပ်အရ ရခိုင်နဲ့ တနင်္သာရီနယ်တွေ ကို အင်္ဂလိပ်ထံ ပေးအပ်လိုက်ရပါတယ်။ ဒါကြောင့် အင်္ဂလိပ်စစ် တပ်တွေ မော်လမြိုင်ကို ဝင်လာချိန်မှာ မော်လမြိုင်ဟာ တံငါ သည်တွေရဲ့  ရွာကလေးမျှသာ ဖြစ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ၁၈၂၆ မှ ၁၈၂၈ အထိ တနင်္သာရီတိုင်းရဲ့ ဌာနချုပ်က ကျိုက္ခမီမြို့ ဖြစ်ပါတယ်။ ၁၈၂၉ မှာ ဌာနချုပ်ကို ကျိုက္ခမီကနေ မော်လမြိုင်ကို ပြောင်းရွှေ့ ခဲ့ တယ်။ အင်္ဂလိပ်တွေ တည်တဲ့မြို့ ဖြစ်ပေမယ့် နိုင်ငံခြားယဉ်ကျေး မှုတွေ လွှမ်းမိုးခြင်း မခံရအောင် မော်လမြိုင်မြို့ တည်စက နေ ထိုင်ခဲ့ကြတဲ့ မြို့မိ မြို့ဖတွေရဲ့  အလေးဂရုပြု ဆောင်ရွက်ကြပုံ အစုစုဟာ မြို့မှာ တည်ထားတဲ့ သမိုင်းဝင် သာသနိကအဆောက် အအုံတွေကို တွေ့ရခြင်းအားဖြင့် လေးလေးစားစား အသိအမှတ် ပြုစရာ ဖြစ်ပါတယ်။

                                      ယဉ်ကျေးမှုရဲ့ သဘာဝဆိုတာ ကျယ်ဝန်းနက်ရှိုင်းပြီး ယဉ် ကျေးမှုရဲ့ အရှိန်သြဇာကလည်း သိမ်သိမ်မွေ့မွေ့နဲ့ တန်ဖိုးကြီးမား လှပါတယ်။ သူတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးတဲ့အခါ ကိုယ်ပိုင်ယဉ် ကျေးမှုတွေ တိမ်ကောမှေးမှိန် ပျောက်ကွယ်သွားတတ်ပါတယ်။ ယဉ်ကျေးမှုနဲ့အတူ ဇာတိမာန် တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုး သားရေး အစဉ်အလာကောင်းတွေပါ ပျောက်ကွယ်သွားတတ် တာ လူ့အဖွဲ့အစည်းအသီးသီးရဲ့ သမိုင်းမှာ သာဓကပေါင်းများစွာ ရှိခဲ့ပါတယ်။ မော်လမြိုင်မြို့ဟာ အမျိုးသားယဉ်ကျေးမှုကို ခိုင်ခိုင် မာမာ တည်ဆောက်နိုင်ခဲ့တယ်ဆိုတာ လက်ရှိ တင်ကျန်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

photo-Tun Win Nyein
ခြင်္သေ့ရုပ်ခံသီဟသနပလ္လင်

                                     မော်လမြိုင်မြို့ရဲ့ အထင်ကရ အမျိုးသားယဉ်ကျေးမှု အမွေ အနှစ်တွေထဲက မော်လမြိုင်တောင်တန်းပေါ်မှာ ရှိတဲ့ ရတနာဘုံ မြင့်ကျောင်းတိုက်ဟာ ထင်ရှားပါတယ်။ ကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဒကာမကြီးက မော်လမြိုင်သူ ဒေါ်ရွှေ ပွင့်ပါ။ သီပေါမင်း ပါတော်မူပြီးခါစ ၁၈၈၆ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ ကျောင်းတော်ကြီးကို ဆောက်လုပ်ပြီးစီးပါတယ်။ ကျောင်းအမကြီး ဒေါ်ရွှေပွင့်က ရတနာဘုံမြင့်ကျောင်းကြီးကို မန္တလေးကနေ မော်လမြိုင်ကို ကြွလာပြီး သီတင်းသုံးတဲ့ ဝဇီရာ ရာမဆရာတော်ကို လှူဒါန်းခဲ့ပါတယ်။ ဝဇီရာ ရာမ ဆရာတော် ဟာ သင်္ဂဇာဆရာတော်ကြီးက မင်းတုန်းမင်းလက်ထက် သုဓမ်္မာ သာသနာပြု ဆရာတော်ရှစ်ပါးမှာ တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ မိဖုရား ၄၆ ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ သီရိသုပဘာရတနာဒေဝီဘွဲ့ ရရှိသူ စိန်တုံးမိဖုရားဟာ သင်္ဂဇာ ဆရာတော်ကြီးနဲ့ ဝဇီရာ ရာမ ဆရာတော် နှစ်ပါးစလုံး စာပေပို့ချ သီတင်းသုံးတော်မူခဲ့တဲ့ မန္တလေးမြို့ အရှေ့မြောက်စွန်က စိန်တုံး တိုက်လို့ ခေါ်ကြတဲ့ ဝဇီရာ ရာမ ကျောင်းတိုက်ကြီးကို လှူဒါန်းခဲ့ သူ ကျောင်းအမကြီး ဖြစ်ပါတယ်။

                                    မင်းတုန်းမင်းကြီး နတ်ရွာစံတဲ့အခါ သီပေါမင်းသား နန်း မတက်ခင် နန်းတွင်းအရေးတော်ပုံကြီး ဖြစ်ခါနီးမှာ သင်္ဂဇာဆရာ တော်ကြီးက အောက်ပြည်အောက်ရွာကို သာသနာပြု ကြွတော် မူပါတယ်။ ရန်ကုန်၊ ပုသိမ်၊ မုတ်္တမ၊ ရခိုင်၊ တောင်ငူ၊ ရွှေကျင်၊ ဗုဒ္ဓ ဂယာ စတဲ့ နေရာဒေသတွေမှာ လှည့်လည်သာသနာပြုရင်း နောက်ဆုံးမှာ မြို့သူမြို့သားတွေရဲ့ ပင့်ဖိတ်လျှောက်ထားမှုအရ မော်လမြိုင်မြို့မှာ သီတင်သုံးတော်မူခဲ့ပါတယ်။ သီပေါမင်း ပါ တော်မူပြီးစမှာ စိန်တုံးမိဖုရားကြီးဟာ နယ်ချဲ့လက်ပါးစေတွေရဲ့ ရန်ကို ရှောင်ကွင်းတဲ့အနေနဲ့ ဝဇီရာ ရာမ ဆရာတော်ကြီးကို အား ကိုးအားထားပြုကာ အပျိုတော်တစ်ဦးနဲ့အတူ အောက်ပြည် အောက်ရွာကို တိမ်းရှောင်လာခဲ့ရပါတယ်။ ရန်ကုန်ရောက်တဲ့ အခါ သင်္ဂဇာဆရာတော်ဘုရားကြီး မော်လမြိုင်မှာ သီတင်းသုံး နေကြောင်း သတင်းရတာနဲ့ မော်လမြိုင်ကို ခရီးဆက်ကြပါတယ်။ မော်လမြိုင်မှာ ဝဇီရာ ရာမ ဆရာတော်က သူ့ရဲ့ ဆရာရင်း သင်္ဂဇာ ဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့ မန်ကျည်းတောကျောင်း တိုက်မှာ သီတင်းသုံးပါတယ်။ မိဖုရားကြီးက သာယာကုန်းရပ်မှာ ရှိတဲ့ အိမ်တစ်ဆောင်မှာ နေထိုင်ပါတယ်။ မိဖုရားကြီးဟာ သင်္ဂဇာ နဲ့ ဝဇီရာ ရာမ ဆရာတော်ဘုရားကြီးတွေကို အကြောင်းပြုပြီး ရတနာဘုံမြင့်ကျောင်းအမကြီး ဒေါ်ရွှေပွင့်နဲ့ ဓမ္မမိတ်ဆွေ ဖြစ်လာ ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

photo-Tun Win Nyein
ကျောင်းတိုက်ကြီးသို့တက်သော အုတ်လှေကား

                                               ကျောင်းအမကြီး ဒေါ်ရွှေပွင့်က အောက်ပြည်အောက်ရွာသူ ဆိုတော့ ထီးနန်းနဲ့ အကျွမ်းဝင်သူ မဟုတ်တဲ့အတွက် မန္တလေးမြို့ တော်မှာ ဝဇီရာ ရာမကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်း ခဲ့ဖူးတဲ့ စိန်တုံးမိဖုရားကြီးဆီကနေ ရတနာဘုံမြင့်ကျောင်းအတွင်း ပိုင်း ပြင်ဆင်ဆောက်လုပ်ဖွယ်ရာတွေကို အကြံဉာဏ်နဲ့ လမ်းညွှန် မှု ခံယူခဲ့ပါတယ်။ ဒါကြောင့်မို့ မြို့လူထုက စိန်တုံးမိဖုရားကြီး ကျောင်းတိုက်လို့ ခပ်လွယ်လွယ် ခေါ်လိုက်ကြတာလည်း ရှိပါ တယ်။ ရတနာဘုံမြင့်ကျောင်းတိုက်ကြီးရဲ့ အတွင်းပိုင်းက ထီးဟန် နန်းဟန်နဲ့ အမျိုးသားယဉ်ကျေးမှု အနုလက်ရာတွေကို ထူးထူး ခြားခြား ပေါ်လွင်အောင် ဆောက်လုပ်ထားတာကို တွေ့ရပါတယ်။ ကျောင်းတိုက်ကြီးအလျားက ပေ ၁၃၀ လောက်ရှိပြီး သွပ်မိုး၊ အုတ်လှေကား၊ သစ်သား အခိုင်အခံ့တိုင်ကြီးတွေ၊ တန်းတွေ၊ ယက်မတွေနဲ့ ဆောက်လုပ်ထားပါတယ်။ ရတနာဘုံမြင့်ကျောင်း တိုက်ကြီးမှာ တံခါးပေါက် နှစ်ဆယ့်ရှစ်ပေါက်နဲ့ ပြတင်းပေါက် လေးဆယ် ရှိပါတယ်။ တံခါးပေါက်တိုင်းမှာ ပန်းပုရုပ်ကြွတွေနဲ့ တန်ဆာဆင်ထားတာကို တွေ့ရပါတယ်။ ကျောင်းမကြီးကို တက် ဖို့ လှေကား သုံးခု ရှိပါတယ်။ ပထမလှေကားက လူအများတက်ဖို့ ဖြစ်ပါသတဲ့။ ဒုတိယလှေကားက မင်းစိုးရာဇာတွေ တက်ဖို့ပါ။ တတိယလှေကားက ဆရာတော်တွေ ကြွမြန်းတက်လှမ်းဖို့ ဖြစ် တယ်လို့ ဆိုပါတယ်။ ပထမနဲ့ ဒုတိယလှေကားတွေမှာ အမိုးပြာ သာဒ်တွေ ရှိပြီး တတိယလှေကားမှာ အမိုးပြာသာဒ် မရှိပါဘူး။ လှေကားလက်ရန်းကို အုတ်နဲ့ ပြုလုပ်ထားတာပါ။ ကျောင်းတိုင် ကြီးတွေက အုတ်တိုင်ကြီးတွေ ဖြစ်ကြပြီး စဉ့်ကိုင်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းရဲ့ အပြင်ဘက်မှာ ရှိတဲ့ တိုင်တွေရဲ့ ထိပ်မှာ တစ်တိုင်နဲ့ တစ်တိုင် သွယ်တန်းထားတဲ့ ကနုတ်ပန်းတွေကြားမှာ ဇာတ်တော်လာ ပန်းပုရုပ်ကြွတွေက အသက်ဝင်လှပါတယ်။

                                        ထူးခြားတင့်တယ်ပြီး ကြည်နူးဖွယ်ကောင်းတာကတော့ ရတနာဘုံမြင့်ကျောင်းရဲ့ ဘုရားခန်း ဖြစ်ပါတယ်။ ဘုရားဆောင် ကို အတွင်းခန်းမှာ သီးခြားတည်ဆောက်ထားတာ တွေ့ရပါတယ်။ ဘုရားခန်းက နှစ်ဆင့်ပါ။ ဘုရားဆောင်ရဲ့ အဝင်၀ မျက်နှာကြက် မှာ ခန်းဆီးသဖွယ် သစ်သားကို ထွင်းထုထားတဲ့ ကနုတ်ပန်းတွေ ကြားက ပန်းပုလက်ရာတွေကို တွေ့နိုင်ပါတယ်။ ဝိဓူရဇာတ်တော် ထဲက ဝိဓူရအမတ်နဲ့ ပု်္ဏကဘီလူးတို့ နဂါးပြည်အပြန် ခရီးလမ်း ကို သရုပ်ဖော် ထုလုပ်ထားပုံက အသက်ရှူမှားချင်စရာပါ။ သစ် ပင်၊ နွယ်ပင်တွေအပြင် တောနေတိရစ္ဆာန်တွေ ဖြစ်ကြတဲ့ မျောက်၊ သမင်၊ ကျေးငှက်နဲ့ မြွေတွေ ပျော်မြူးနေကြပုံ၊ မျောက်သားငယ် က မျောက်မိခင်ကြီးထံက ငှက်ပျောသီး လုစားနေကြပုံတွေကို တောတွင်းသဘာ၀ ပေါ်လွင်အောင် လက်စွမ်းပြထားတာပါ။

                                     အဝင်၀ လက်ဝဲဘက်မှာတော့ ဝိဓူရအမတ်ကို ပု်္ဏက ဘီ လူးက မြင်းမြီးမှာ ချည်ပြီး တောင်စဉ်ခုနစ်ထပ် ဆွဲသွားပုံ၊ လက် ယာဘက်မှာတော့ ဝိဓူရအမတ်က ပု်္ဏကဘီလူးကို တရားဟော နေပုံ၊ အလယ်တည့်တည့် အပေါ်ထိပ်မှာ ပု်္ဏကဘီလူးက ဝိဓူရ အမတ်ကို တွန်းချတဲ့ ဟန်မှာ တောင်အောက်က ရုက်္ခစိုးက ဖမ်း ဖို့ဟန်ပြင်နေတဲ့ပုံ စတဲ့ ရုပ်လုံးကြွပန်းပုလက်ရာတွေနဲ့ တန်ဆာ ဆင်ထားတာကို တွေ့ရပါတယ်။ မျက်နှာကြက်က မြင့်ပြီး တံခါး ပေါက်တွေ အများကြီး ဖောက်ထားတာကြောင့်  အလင်းရောင် လုံလုံလောက်လောက် ရပြီး လေဝင်လေထွက် ကောင်းမွန်နေတာ ကို သတိထားမိပါတယ်။ တိတ်ဆိတ်နေတဲ့ ဝန်းကျင်နဲ့ ရွှေပိန်းချ ဂ်္ထဝင်လက်ရာတွေက ရာဇဝင်မှန်နန်းထဲကို ပြန်ဆွဲခေါ်သွားသလို ခံစားလာရပါတယ်။ ပထမဘုရားခန်းမှာ ဘေးတံခါးမကြီးသုံးခုနဲ့ နံရံမှာ ဗီရိုငယ်ခြောက်ခုကို တွေ့ရပါတယ်။ အဲဒီ ဗီရိုငယ်တွေမှာ ပေစာထုပ်တွေနဲ့ မိဖုရားကြီးရဲ့ အသုံးအဆောင်ပစ်္စည်းတချို့ကို ထည့်သွင်းထားပါတယ်။ မျက်နှာကြက်က မှန်စီရွှေချပါ။ ရုပ်ပွား တော်က မနုသီဟရုပ်ခံ ပလ်္လင်တော်ပေါ်မှာ မဟာပံသုကို သစ်္စာ ပြုနေဟန် ပုံတော် ဖြစ်ပါတယ်။ ဒီဘက်ခေတ်တွေမှာ တွေ့ဖို့ ခက် ခဲတဲ့ အစိမ်း၊ အပြာ၊ အဖြူ၊ ရွဲလုံးကြီးတွေကိုလည်း တွေ့ရပါတယ်။ ဘုရားရုပ်တုတော်ရှေ့မှာ ရုပ်ပွားတော်ငယ်တွေ ထွင်းထုထားတဲ့ ဆင်စွယ်တစ်စုံကို ကပ်လှူထားပါတယ်။

                                      ပထမဘုရားခန်းမှာ ကြည်ညိုဝတ်ဖြည့်ပြီးရင် ရုပ်ပွားတော် ပလ္လင်ရဲ့  နောက်ဘက် ဟင်္သာပြဒါး သုတ်ထားတဲ့ လှေကားငယ် သုံးဆင့်ကို တက်လိုက်တဲ့အခါ ဒုတိယအတွင်းဘုရားခန်းကို ကြည်နူးသဒ္ဓါယိုဖိတ်စွာနဲ့ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယဘုရားခန်းတွေရဲ့ အကျယ်အဝန်းတွေက အနံ ၁၀ ပေ၊ အလျား ပေ ၂၀ စီ အတူတူလောက်ပဲ ရှိကြပါတယ်။ ဒုတိယ ဘုရားခန်းအဝင်ဝမှာ ခိုင်ခံ့တဲ့ တံခါးမကြီးတစ်ခု ရှိပါတယ်။ တံခါး ရွက်တွေမှာတော့ စတုမဟာရာဇ်နတ်မင်းကြီး နှစ်ပါးက ရွှေစာ အုပ်ကို ဖွင့်ပြီး မှတ်တမ်းကောက်ယူနေတဲ့ ပုံကို ပန်းပုရုပ်လုံးရုပ် ကြွ လက်ရာနဲ့ အချိုးအစားကျနစွာ ဆင်သထားတာပါ။

                                ဒုတိယဘုရားခန်းမှာတော့ တိုင်နဲ့ နံရံတွေ ရွှေပိန်းချထား တာကို တွေ့ရပါတယ်။ အပေါ်မျက်နှာကြက်မှာတော့ မှန်စီရွှေချ ထားပါတယ်။ ဘုရားဆောင်ရဲ့ နံရံအောက် အခင်းသစ်သားပန်း ပွင့်တွေပေါ်မှာ မှန်တွေ ခင်းထားတာက အတော် ထူးခြားပါတယ်။ ခြင်္သေ့ရုပ်ခံ ပလ္လင်ထက်မှာ မဇ္ဈိမပဋိပဒါ ပြဆိုဟောကြားနေဟန် ကြေးဆင်းတုတော်တစ်ဆူ ရှိပါတယ်။ ဆင်းတုတော်ရဲ့ နောက် တည့်တည့်မှာ တံခါးတစ်ပေါက်၊ လက်ဝဲဘက်နဲ့ လက်ယာဘက်မှာ တံခါးတစ်ပေါက်စီ စုစုပေါင်း တံခါးသုံးပေါက် ရှိပါတယ်။ တံခါး ပေါက်သုံးပေါက်က အဆင်းအတက်လှေကားရဲ့ ဝဲယာမှာ နယား ရုပ်နှစ်ကောင်စီ ရံထားပါတယ်။ ဒုတိယဘုရားဆောင်ရဲ့ လက်ဝဲ ဘက်မှာ ဇေတဝန်ဆောင် ရှိတယ်။ ဇေတဝန်ဆောင်ကိုတော့ သံတိုင်ကြီးတွေနဲ့ ကာရံထားတာကို တွေ့ရပါတယ်။

photo-Tun Win Nyein
ဘုရားခန်းအတွင်းပိုင်း

                                         ဘုရားဆောင်ရဲ့ မျက်နှာချင်းဆိုင်မှာ သီဟာသနပလ္လင် ရှိပါ တယ်။ သီဟာသနပလ္လင်က ယမနေသားနဲ့ ထုလုပ်ထားတဲ့ ခြင်္သေ့ ရုပ်ခံပလ္လင် ဖြစ်ပါတယ်။ ပလ္လင်ရဲ့ နောက်နံရံမှာ မြတ်စွာဘုရား ပါရမီတော် ဖြည့်ခဲ့ရတဲ့ ဖြစ်တော်စဉ် ၁၀၈ ဘဝကို ရုပ်ကြွတွေနဲ့ အကွက်ဖော်ထားပါတယ်။ ပလ္လင်နောက်ခံတံကဲကြီးမှာ အနုစိတ် လက်ရာတွေ ထွင်းထုခြယ်မှုန်းထားတာက အံ့မခန်းပါ။ နှစ်ထပ် ပန်း၊ သုံးထပ်ပန်း၊ ဖောင်းကြွလက်ရာတွေကြားမှာ နတ်သားတွေ နေရာထားသိုပုံက သေသပ်လှပလွန်းပါတယ်။ ရတနာဘုံမြင့် ကျောင်း အတွင်းပိုင်းကို ရောက်လာသူတစ်ဦးအဖို့ ရွှေနန်းတော် ကြီးထဲကို ရောက်နေရသလို၊ အနုပညာပန်းပုလက်ရာတွေ ထား ရှိတဲ့ ပြတိုက်ကြီးတစ်ခုထဲကို ဝင်ရောက်လာရသလို ခံစားရတယ် ဆိုရင်ဖြင့် တကယ့်ပကတိ အရှိတရားတစ်ခုကို တွေ့ရှိခဲ့ပြီဆိုတာ ကျွန်တော်တို့ ဝန်ခံကြရပါလိမ့်မယ်။

photo-Tun Win Nyein
ဘုရားခန်းတံခါးရွက်မှ သူငယ်တော်အရုပ်များ

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."