ရန်ကုန် – ၂၀၂၃ မေ ၉ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ တရုတ်အစိုးရကို အညာမှာ အလံတွေမီးရှို့ကာဆန္ဒပြကြသလို ရန်ကုန်မှာလည်း လူငယ်တွေက ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေကို သတ်ဖြတ်၊ မီးရှို့အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်တွေဘက်က အကာအကွယ်ပေးရပ်တည်နေတာကြောင့် အခုလို တရုတ်နိုင်ငံအလံကို မီးရှို့ပြီးဆန့်ကျင်ရှုတ်ချတာလို့ စမ်းချောင်းသပိတ်ကဆိုပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ဆက်ပြီး ပူးပေါင်းနေမယ်ဆိုရင် လူထုရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ကြုံတွေ့ရမယ်လို့ဆိုပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို လူငယ်တွေကဦးဆောင်ကာ ရန်ကုန်မြို့ပြသပိတ်အင်အားစုများအနေနဲ့ လှုပ်ရှားခဲ့ကြတာပါ။
ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်
#Dailynews