ရန်ကုန် – ၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
ဒီကနေ့ရန်ကုန်မြို့မှာအချိန်အခါမဟုတ်လေပြင်းတိုက်ပြီး မ်ိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။
ဒီလိုမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရှိစျေးနဲ့လမ်းဘေးဆိုင်ခန်းတွေလည်းအပြေးလွှားပိတ်သိမ်းခဲ့ကြတာပါ။
“ဒီမိုးကတော့ပွဲဖျက်ပြီဟေ့” ဆိုပြီး မဟာဗန္ဓုလလမ်းပေါ်မှာအနှေးယာဉ်မောင်းသူတစ်ဦးကမိုးသက်လေပြင်းတွေကြားလှမ်းအော်သွားပါတယ်။
လာနီညာဖြစ်စဉ်အနည်းအငယ်ကျန်ရှိသေးတာကြောင့်အခုလိုအချိန်အခါမဟုတ်မိုးရွာသွန်းတာဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်ကရေးသားမှတ်ချက်ပြုပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေသညွှန်ကြားမှုဦးစီးဌာနကတော့ နောက်နှစ်ရက်အတွင်း ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်းအပြည့်ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရဲ့နေရာတစ်ချို့မှာဆိုလည်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကြတာတွေပါရှိတယ်လို့လူမှုကွန်ယက်စာမျက်နှာတွေပေါ်ရေးသားထားကြပါတယ်။
Photo: Mawkun and Myanmar Fire Service Department
#Dailynews

