အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇွန် ၁၈ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်ချက်နဲ့ပတ်သက်ပြီး အဆုံးအဖြတ်ရယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခေါ်ယူကျင်းပခဲ့သည်။
အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြခဲ့ပြီး အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်မဲ ၇၇ မဲ၊ ထောက်ခံမဲ ၂၅ မဲရရှိရာ ကန့်ကွက်မဲများသဖြင့် စွပ်စွဲချက်မှာ မအောင်မြင်ကြောင်း ရွှေပြည်သာမဲဆန္ဒနယ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက မော်ကွန်းကို ပြောသည်။
ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါ ၃၂ ဦးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်ချက်ကို ပြီးခဲ့သည့် ဇွန် ၅ ရက်က လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားခြင်းဖြစ်သည်။
စွပ်စွဲပြစ်တင်ချက် ရှုံးနိမ့်သွားခြင်းနှင့်ပတ်သက်ပြီး စွပ်စွဲပြစ်တင်ချက် တင်ပြသူ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကို ဆက်သွယ်မေးမြန်းရာ ညနေ လေးနာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုသာ ဖြေဆိုသည်။
Photo Yangon Hluttaw
ရန်ကုန်လွှတ်တော်အရေးပေါ််အစည်းအဝေး ယနေ့ ကျင်းပနေစဉ်
#Dailynews