ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (A.A) ဘယ်လဲ

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (A.A) ဘယ်လဲ

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Analysis ဖြစ်ပါသည်။

သန်းစိုးနိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတပ်မတော်နဲ့ ရခိုင်လက် နက်ကိုင်အဖွဲ့  (AA) တို့အကြား စစ်ရေးပဋိပက္ခ နေ့ တိုင်းလို ဖြစ်ပွားနေချိန် ၂၀၁၉ နှစ်ဦးပိုင်းကစပြီး မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ (ARSA)နဲ့ မြန်မာ လုံခြုံရေး အဖွဲ့များရဲ့တိုက်ပွဲတွေကလည်း ကြိုကြား ဖြစ်ပွားလျက်ရှိပါတယ်။ ဇန်နဝါရီ ၁၇ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်မိုင်တိုင် ၄၁ အနီးမှာ တစ်ကြိမ်၊ ဇန်နဝါရီ ၁၆ ရက်က မောင်တော မြို့နယ်၊ ဝက်ကျိန်းကျေးရွာနား မှာ တစ်ကြိမ်နဲ့ ဇန်န ဝါရီ ၂၄ ရက်က နယ်စပ်အနီးမှာ တစ်ကြိမ် ထပ်မံ တိုက်ခိုက် ခံခဲ့ရပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၄ ရက် နံနက် နှစ်နာရီခန့်ကလည်း မောင်တောမြောက်ပိုင်း ကာလ ဒေးဖက်ရွာအနီးမှာ နယ်ခြားစောင့် လှုပ်ရှားစစ်ကြောင်းနဲ့ ARSA အဖွဲ့တို့ မနက်မိုးလင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ် လို့ သိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ တပ်မတော် က သုံးသပ်ခဲ့ပါတယ်။

 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဝက်ကျိန်းကျေးရွာအနီး တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နှစ်မိနစ်ခန့် ကြာမြင့်မယ့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တက် လာပြီး ပျံ့နှံ့သွားခဲ့ပါတယ်။ ARSA အမှတ်တံဆိပ်ပါတဲ့ ဒီ ရုပ်သံ ဖိုင်ထဲမှာ အနက်ရောင်မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင် ပြောက်ကျားဝတ်စုံနဲ့ လူအချို့က ရဲကားကို ချုံခိုပစ်ခတ်နေကြတာ ကို တွေ့ရပါတယ်။ ARSA အဖွဲ့ကတော့ ဒီ ဖြစ်စဉ်မှာ ၎င်းင်းတို့ ပါဝင်ပတ်သက်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အရင်ကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုရှိရင် ARSA အဖွဲ့ကTwitter မှာ တင်ခဲ့ကြလေ့ရှိပါတယ်။ အခု နှစ် ဆန်းပိုင်းအထိ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေကိုTwitter မှာ မတင်တော့တာ နှစ်ဝက်လောက် ရှိခဲ့ပါပြီ။ ဒါပေမဲ့ ဇန်နဝါရီ ၂၆ ရက်ကစပြီး ARSA အဖွဲ့ရဲ့ Twitter Account ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ သူတို့အဖွဲ့ လှုပ်ရှားမှုဆိုင် ရာ အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး ကျွမ်း ကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တ်နာ (Bertil  Litner) ကတော့ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ကို ARSA နဲ့ ဆက်စပ်နေတဲ့ ဘယ်ဝက်ဘ်ဆိုက်မှာမှ မတွေ့ရကြောင်း၊ သို့သော် ၂၀၁၈ ဇန်နဝါရီ ၅ ရက်က တိုက်ခိုက်မှုကို သူတို့လုပ်ရပ်ဖြစ်တယ်လို့ ဝန်ခံပါကြောင်း၊ ဒါကြောင့် ဒီနှစ်ထဲမှာ မောင်တောမြောက်ပိုင်း ပစ်ခတ်မှုတွေဟာ ARSA အဖွဲ့လက်ချက်လို့ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။

သို့သော် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် နယ်စပ်ခြံစည်းရိုးတစ်ဖက်ကနေ ပစ်ခတ်နေတာ ဖြစ်ကြောင်း၊ နယ်မြေအနေအထားနဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအရ ကြည့်ရင် ARSA အဖွဲ့ရဲ့ လုပ် ရပ်တွေသာ ဖြစ်နိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြု  ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းမှာ အမှတ် ၂ နယ်ခြားစောင့်ကွပ်ကဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါ လာတဲ့ မော်တော်ယာဉ်ကို ဝက်ကျိန်းကျေးရွာ တံတားအနီးမှာ ARSA အဖွဲ့ဝင် ၁၀ ဦးခန့်က ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ် ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၁-၄၂ အကြား ဆင်ပြန်တောင်အနီးမှာ ကင်းလှည့်နေ တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခြံစည်းရိုးအပြင်က ပစ်ခတ်တိုက် ခတ်ရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ARSA အဖွဲ့လို့ ဖော်ပြခဲ့ခြင်း မရှိဘဲ သတင်းစိစစ်ဆဲ လို့သာ ဖော်ပြခဲ့ပါတယ်။ အလားတူ ဇန်နဝါရီ ၂၄ ရက် နံနက် စောစောပိုင်းက နယ်စပ်မိုင်တိုင် ၄၁ ရဲကင်းစခန်းကို မီတာနှစ်ရာ ခန့်အကွာ တစ်ဖက်နိုင်ငံအတွင်း ဗုံးပစ်လောင်ချာ ဗုံးသီးလေး လုံး၊ လက်နက်ငယ် အချက်နှစ်ရာခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကိုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ARSA အဖွဲ့ရဲ့ လုပ်ရပ်လို့ သုံးသပ်ခဲ့ပါတယ်။

အရင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ရခိုင်မြောက်ဦးမှာ ARSA အဖွဲ့ကိုသာ ပစ်မှတ်ထား ရင်ဆိုင်ခဲ့ကြ ရပေမယ့် ယခုအခါ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကိုပါ ရင်ဆိုင် နေရတဲ့ အခြေအနေမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်လာတိုင်း ဘယ် အဖွဲ့နဲ့လည်းဆိုတာ ခွဲခြားစိစစ်နေကြရပါတယ်။ ဒါ့အပြင် AA အဖွဲ့နဲ့ ARSA အဖွဲ့တို့ဟာ ရခိုင်ပြည်မြောက် ပိုင်းမှာ အပြန်အလှန် နားလည်မှုယူပြီး လှုပ်ရှားနေကြတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက သုံးသပ်ခဲ့ပါတယ်။ ARSA အကြမ်းဖက်အဖွဲ့က မေယုတောင်တန်း အနောက်ဘက်ခြမ်းကို လည်းကောင်း၊ AA အဖွဲ့က မေယုတောင်တန်း အရှေ့ဘက်ခြမ်း ကို လည်းကောင်း နှစ်ဖက်ညှိနှိုင်းကာ နယ်မြေပိုင်းခြားနေခြင်း ဖြစ်နိုင်တယ်လို့ ၎င်းင်းက ကောက်ချက်ချခဲ့ပါတယ်။ ဘာတေး လစ်တ်နာကတော့ “AA နဲ့ ARSA အဖွဲ့က တာဝန်ရှိသူတွေ နယ် စပ်တစ်နေရာရာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်တစ်နေရာရာမှာ တွေ့ ဆုံတယ်လို့ အခိုင်အမာ မပြောနိုင်ပေမယ့် သူတို့ ဘေးချင်း ကပ်နေရာတွေမှာ လှုပ်ရှားနေတာတွေကိုတော့ ငြင်းလို့မရဘူး” လို့ မှတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ AA နဲ့ ARSA တို့ ပူးပေါင်းလှုပ် ရှားနေကြတယ်ဆိုတဲ့ အချက်ကိုတော့ သူက ယုံကြည် လက်ခံ ထားခြင်း မရှိပါဘူး။ ရခိုင်အမျိုးသားရေးအုပ်စုတွေဟာ ARSA လို့ ဘင်္ဂါလီအုပ်စုတွေနဲ့ ပူးပေါင်းလှုပ်ရှားဖို့ ဘာနိုင်ငံရေးအခြေခံ အကြောင်းအချက်မျှမရှိဘူးလို့ လစ်တ်နာက ကောက်ချက်ချပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၇ သြဂုတ် ၂၅ ရက် နောက်ပိုင်း မောင်တောဒေသထဲမှာ တစ်နှစ်ခန့် ပစ်ခတ်တိုက် ခိုက်လှုပ်ရှားမှု မရှိခဲ့ဘဲ ၂၀၁၈ နှစ်ကုန်ပိုင်းရောက်မှ လုံခြုံရေး တပ်ဖွဲ့များနဲ့ ကြိုကြား ထိတွေ့ မှု ရှိလာခဲ့ကြောင်း MIPS အမှု ဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ခဲ့ပါတယ်။ ယခင်က ARSA အဖွဲ့ကိုသာ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေ အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေရာကနေ ယခုအခါ AA အဖွဲ့ ကိုပါ စောင့်ကြည့်လှုပ်ရှား တိုက်ခိုက်နေရတဲ့အတွက် ARSA အဖွဲ့အနေနဲ့ စစ်ရေးအရ အခွင့်သာမှုတွေ ပိုမို ရရှိလာနိုင်တယ်လို့ ၎င်းင်းက သုံးသပ် အကဲဖြတ်ခဲ့ပါတယ်။ AA နဲ့ ARSA အဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ အတိအကျ မပြောနိုင်ပေမယ့် ဖြစ်ပွား ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လေ့လာကြည့်ရင် AA အဖွဲ့ဟာ မောင် တောနယ်မှာ လှုပ်ရှားလေ့မရှိဘဲ ARSA အဖွဲ့ကသာ အဓိက လှုပ်ရှားခဲ့တယ်။ ဒီလို နယ်မြေကန့်သတ်မှုရှိစွာ လှုပ်ရှားကြတယ် ဆိုတာကိုက ထူးခြားချက်တစ်ခုပဲ။ တစ်စုံတစ်ရာ နားလည် သဘောပေါက်မှု ရှိထား၊ ရယူထားကြတယ်လို့ ကောက်ချက်ချနိုင် ပါလိမ့်မယ်။

ယခုလို ၂၀၁၇ သြဂုတ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို တပ်မတော်က တုံ့ပြန်မှုပြုရာမှ ဘင်္ဂါလီ ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင် ရောက်သွားပြီးနောက် ကုလသမဂ်္ဂနဲ့ ဥရောပနိုင်ငံတွေ၊ မွတ်စလင်နိုင်ငံတွေရဲ့ မြန်မာ နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေကြောင်းအရ အရေး ယူနိုင်ရေး ဖိအားပေးမှုတွေ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအနေအထားအောက်မှာ ၂၀၁၈ တစ်နှစ်လုံး နီးပါး ARSA အဖွဲ့ ရဲ့ အကြမ်းဖက်လှုပ်ရှားမှု ငြိမ်သက်နေစဉ် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝကတစ်ဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေထဲ ဝင်ရောက်လာခဲ့ပါ တယ်။ ဒါ ကြောင့် ရခိုင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတစ်ရပ် ပေါ်လာတိုင်း ARSA လား၊ AA လား ဆိုတာ  ခွဲခြားစစ်လာ ကြရပါတယ်။ သဘောတရားအရ ရခိုင်အမျိုးသားရေး အင်အား စုတွေနဲ့ ဘင်္ဂါလီတွေအကြား ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်တာ မှန်ပေမယ့် လက်တွေ့လှုပ်ရှားမှုအတွင်းမှာ မပြေးသော်လည်း ကန်ရာရှိနေတဲ့ ကိစ်္စတွေကြောင့် ရခိုင်ပြည်နယ်အရေးဟာ ပိုမိုရှုပ်ထွေးလာခဲ့ရပါတယ်။

တစ်ခါ ၂၀၁၉ ဖေဖော်ဝါရီ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပိုင် Sangbad Sangstha သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ ၂၀၁၇ က မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုများနဲ့ ပတ်သက်ပြီး အကြို စုံစမ်း စစ်ဆေးမှုပြုရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC) က အဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို စေလွှတ်မယ်လို့ သိရ ပါတယ်။ဒီလိုဖြစ်ရတာ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံ ဘေးဆွယ်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ရှိတ်ဟာဆီနာနဲ့ ICC တရားစွဲဆိုရေး အကြီးအကဲ ဖာတူး ဘင်ဆူဒါတို့ ညှိနှိုင်းဆွေးနွေးကြရာက ထွက်ပေါ်လာတဲ့ ဆုံးဖြတ် ချက် ဖြစ်ပါတယ်။ ှုဃဃ အဖွဲ့ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တတ်နိုင် သမျှ ထောက်ပံ့ကူညီမှုတွေ အပြည့်အစုံပေးသွားမယ်လို့ အာမခံလိုက်ပါပြီ။ မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်ရေးအတွက် ကတော့ “ဘူးလေးရာ ဖရုံဆင့်” တဲ့ ကိန်းဆိုက်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာ အာဏာပိုင်မှု တည်တံ့ ခိုင်မြဲအောင် ကြိုးပမ်းထိန်း သိမ်းနေရချိန် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးပမ်းနေရချိန် ဖြစ် ပါတယ်။

ဒီလိုအချိန်မျိုးမှာ အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေနဲ့ အချုပ်အခြာ အာဏာပိုင်မှု ပြိုကွဲစေမယ့် ရခိုင် သမ္မတနိုင်ငံ ထူထောင်ရေး လမ်းကြောင်းကို လျှောက်မှာလား၊ မြောက်ပိုင်းက ညီနောင်တပ်ဖွဲ့တွေနဲ့အတူ တန်းတူရေး၊ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာလားဆို တာ ရှင်းလင်းအောင် အဖြေပေးရပါလိမ့်မယ်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."