မြေပုံ – ၂၀၂၄ အောက်တိုဘာ ၁၀ ( မော်ကွန်း)
ရခိုင်ပြည်နယ်က သူတို့ထိန်းချုပ်မြို့တွေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့အခါ အထိအခိုက်နည်းပါးအောင် လူစုလူဝေးမလုပ်ကြဖို့ အာရက္ခတပ်တော်(AA)က ဒီရက်ပိုင်းတွေမှာ ကြေညာသတိပေးတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်လတာအတွင်း ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်ကို အရပ်သား နှစ်ဦးနှုန်းလောက် သေဆုံးခဲ့ပြီးနောက် အခုလို မြို့ရွာတွေမှာ သတိပေးကြေညာတာတွေ AA ဘက်က လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီကြဲတဲ့ဗုံးကြောင့် တောင်ကုတ်မြို့နယ်က တန်းလွှဲရွာမမြို့မှာ လူအစုအပြုံလိုက်သေခဲ့ပါသေးတယ်။
” လူစုလူဝေးတွေမလုပ်ရဘူး။ ငါးယောက်ထက်ပိုပြီး မနေရဘူးလို့ ပါတယ်။ ပြီးတော့ သီတင်းကျွတ်မှာ ဘုန်းကြီးကျောင်းကို မသွားကြဖို့ကိုလည်း မနေ့ညက လော်စပီကာတွေနဲ့ မြို့ပတ်ပြီး လှည့်အော်ထားပါတယ်။ အဓိကတော့ လေကြောင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်တဲ့သဘောပေါ့” လို့ မြေပုံမြို့ခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်မြို့ပြီးတစ်မြို့ AA ထံကို လက်လွှတ်နေရသလို မြေပြင်စစ်ကြောင်းထိုးတာတွေ မလုပ်နိုင်တော့ဘဲ ရေယာဉ်၊ စစ်သင်္ဘောတွေအားနဲ့သာ ခုခံနေရတဲ့ စစ်ကောင်စီဟာ ပြီခဲ့တဲ့ ဩဂုတ်လကစပြီး အရပ်သားနေထိုင်ရာမြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာတာပါ။
ညပိုင်းသန်းခေါင် အများပြည်သူအိပ်ချိန်မှာ လာကြဲတဲ့ဗုံးတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား အများအပြားသေဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။
AA ဘက်က အခုလို ပြည်သူတွေကို နှိုးဆော်သလို အရပ်သားထိခိုက်သေဆုံးမှု လျော့ကျနိုင်ဖို့ အခုလို ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း နောက်ထပ် မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။
” အဲဒီကောင်တွေ(စစ်ကောင်စီ)ကို လာမပစ်နဲ့လို့ မတားနိုင်ပေမဲ့ အထိအခိုက်နည်းနိုင်သမျှ နည်းအောင်တော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အသိ၊ သတိကပ်ပြီး နေထိုင်ရမယ်။ ULA(အာရက္ခပြည်သူ့အစိုးရ)အဖွဲ့ရဲ့ သတိပေးချက်ကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
ရခိုင်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ကုန်ခဲ့တဲ့ဩဂုတ်လကနေ ဒီနေ့အထိ လေကြောင်းကနေ မြို့၊ ရွာတွေကို ဗုံးကြဲတာကြောင့် အရပ်သား ၇၆ ဦးသေဆုံးပြီး ၁၁၀ ကျော် ဒဏ်ရာရခဲ့တာကို မော်ကွန်းက သီးခြားမှတ်တမ်းတင်ထားတဲ့ စာရင်းအရသိရပြီး မြေပြင်မှာ ဒီထက်ပမာဏပိုများနိုင်ပါတယ်။
ပုံစာ- လေကြောင်းဗုံးကြဲမှုကြောင် ပျက်စီးခဲ့တဲ့ သံတွဲမြို့နယ်ခန်းမ။
ဓါတ်ပုံ- APM
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


