စစ်တွေ -၂၀၂၄ သြဂုတ် ၁၃(မော်ကွန်း)
ရခိုင်က စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဓမ္မတာလာစဉ်မှာ ဖြေရှင်းကြဖို့ အခက်ကြုံနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတချို့က ပြောပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်ကို ကျပ် ၄,၀၀၀ နဲ့ ၅,၀၀၀ ကြားအထိ ရခိုင်မှာ ဈေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။
စားစရာအတွက် လိုအပ်တဲ့ရိက္ခာကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေထံက ရပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို လှူပေးမယ့် အလှူရှင်တွေ မရှိသလောက်နည်းပါးနေတာကြောင့် စစ်ရှောင်အမျိုးသမီးအများစု အခက်တွေ့နေ ကြရတာပါ။
” စားနပ်ရိက္ခာကတော့ လူဦးရေအလိုက် တွက်ချက်ပြီး ပေးပါတယ်။ အမျိုးသမီးတွေအတွက် လစဉ်သုံးအထုတ်တွေတော့ မရဘူး။ စစ်ရှောင်စခန်းက တာဝန်ရှိသူတွေကို လစဉ်သုံးထုတ်တွေ ထောက်ပံ့ပေးဖို့တစ်ဆင့်ခံ ပြောကြည့်ပေမဲ့ ဒီကာလမှာ စားနပ်ရိက္ခာရဖို့အတွက်တောင် မနည်းလုံးပန်းပြီး အလှူရှင်တွေလိုက်ရှာနေရတာ ငါ့တူမရေဆိုပြီး ပြောတယ်” လို့ စစ်တွေမြို့နယ်က စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခင်တုန်းကတော့ ရခိုင်စစ်ရှောင်တွေအတွက်လိုအပ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့တွေက ထောက်ပံ့ ကူညီပေးခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၃ နိုဝင်ဘာမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအပါအဝင် စစ်ရှောင်ကူညီသူတွေကို ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တဲ့ နောက်ပိုင်းကတည်းက စစ်ရှောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့ လစဉ်သုံးပစ္စည်းထောက်ပံ့မှုတွေ နည်းပါးလာတာ ဖြစ်ပါတယ်။
” ပြေးလာရတာ အဝတ်တောင် နှစ်ထည်ပဲပါတာ။ ဘယ်က ပိုက်ဆံနဲ့ဝယ်မလဲ။ ဒီကာလမှာ ငွေငါးထောင်ဆိုတာက လွယ်တာ မဟုတ်ဘူး။ လက်ထဲ ပိုက်ဆံနည်းနည်းပါးပါးရှိတဲ့ သူတွေကတော့ မဖြစ်မနေ ဝယ်သုံးကြတာပေါ့။ တစ်ပြားမှမရှိတဲ့ သူတွေကတော့ အဖွားတို့ခေတ်ကလိုမျိုး အဝတ်စုတ်တွေနဲ့ခံပြီး နေကြတယ်။ ဓမ္မတာလာရင် အဲဒီလို အဝတ်ဟောင်းတွေနဲ့ မသုံးရဘူး၊ ဆီးအိမ်ထဲပိုးဝင်တတ်တယ်ဆိုပြီး ကြားဖူးထားတော့ ပိုကြောက်တာပေါ့။ ကျန်းမာရေး တခုခုဖြစ်ရင် ဆေးကုစရာ နေရာလည်းမရှိသလို ပိုက်ဆံလည်းမရှိဘူးလေ” လို့ မောင်တောမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေကို ကိုယ်ထူကိုယ်ထဝယ်ယူသုံးစွဲနိုင်ဖို့လည်းခက်ခဲနေပြီး အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်တဲ့ဒုက္ခတွေကို ဖြစ်သလိုရင်ဆိုင်ဖြတ်သန်းနေရတယ်လို့လည်း စစ်ရှောင်အမျိုးသမီး တချို့က ပြောပါတယ်။
အများစုသော ရခိုင်စစ်ရှောင်တွေဟာ စစ်ရေးတင်းမားပြင်းထန်နေဆဲဖြစ်တာကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ AA ထိန်းချုပ် ဧရိယာတွေထဲမှာ ခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။
AA ရဲ့ လူသားချင်းစာနာမှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာညှိနှိုင်းရေးရုံး( Humanitarian and Development Coordination Office-HDCO) က စာရင်းတွေအရ တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားတဲ့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကနေ ဒီလထဲအထိ ရခိုင်မှာစစ်ဘေးရှောင် ၅၇၀,၀၀၀ ကျော် ရှိနေတယ်လို့ ဖော်ပြပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေကို ဆန်ထောက်ပံ့လှူဒါန်းနေတဲ့မြင်ကွင်း။
Photo – လင်းရောင်ခြည်ဖောင်ဒေးရှင်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

