ထက်မြတ်အောင်
ဒီဇင်ဘာ ၃
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမူများကြောင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ လူတစ်ရာနီးပါးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး(မှူခင်း)မှ ရဲအုပ်တင်မောင်ရွှေက မော်ကွန်းကိုပြောသည်။
အဆိုပါ အရေအတွက်သည် ၁၁ လ အတွင်း ရရှိသည့် သေဆုံးမှုစာရင်းဖြစ်သောကြောင့် တစ်လလျှင် ပျမ်းမျှ လူကိုးဦးခန့် သေဆုံးနေခြင်းဖြစ်သည်။
အမြန်လမ်းမကြီးတွင် ယခုနှစ် နိုဝင်ဘာလအထိ ယာဉ်မတော်တဆမှု ၄၈၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၆၂ ဦး၊ မ ၃၇ ဦး ၊ စုစုပေါင်း ၉၉ ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁,၀၀၀ နီးပါးအထိရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဓါတ်ပုံ – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
#mawkun #magazine #chronicle #dailynews