၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Book Review ဖြစ်ပါသည်။
သင့်နော်ရေးသည်။
(၁)
ဤယမကာလုလင်သည် ၁၉၈၅ မှ ၁၉၈၈ အထိ ထုတ်ဝေခဲ့သည့် စာမော် ကွန်းမဂ္ဂဇင်း ရှစ်အုပ်အနက် အမှတ်စဉ် ၂ မှ ၈ အထိ ဆရာမောင်သော်က ရေး သားခဲ့သောအရက်နှင့် အရက်သမား အကြောင်း အသော့အထေ့ ဆောင်းပါး ခုနစ်ပုဒ်ကို တစုတဝေးတည်း စုစည်း၍ စာအုပ်ထုတ်ဝေခြင်း ဖြစ်သည်။ လုံး ချင်းအဖြစ် ယခင်က ထုတ်ဝေဖူးခြင်း မရှိသေးပေ။
၁၆ စက်တင်ဘာ ၂၀၁၈ တိုးမြစ်စာအုပ်တိုက်၊ ရန်ကုန်။
(၂)
“စာပေအားဖြင့် လူသိရှင်ကြား အရက်သမား စာရေးဆရာ မှာ ဆရာသော်တာဆွေပင် ဖြစ်သည်။ ဆရာသော်တာဆွေ၏ အရက်ဇာတ်လမ်းပုံပြင်များမှာ ရယ်လည်း ရယ်ရသည်။ သနား ဖွယ်လည်းကောင်းသည်။ အရက်ကို ရွံရှာမုန်းတီးလာသည်။ အား ကျဖွယ်လည်း ကောင်းသည်။ အရက်ကို သူ့လို သောက်၍ သူ့လို မူးချင်လာသည်”
(၃)
“ဤဆောင်းပါးများကို ဘာကြောင့် ရေးနေသနည်းဟု မေး ရန် ရှိပါသည်။
အရက်သည် မည်သည့်နည်းနှင့်မျှ မကောင်းပါဟု သက် သေထူလိုခြင်းကြောင့် ရေးနေပါသည်။
အရက်သည် မကောင်းဟု သိပါလျက်နှင့် အရက်သောက် သုံးနေကြသူများ အရက်ဖြတ်ကြမည် ထင်ပါသလား။ ဝေးသေး။ ကျွန်တော်သာမက ကျွန်တော့်ထက် များစွာဉာဏ်ကြီးသော ဉာဏ်ကြီးရှင်များအဆက်ဆက်၊ အဆုံးပြောရသော် ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် တားမြစ်တော်မူခဲ့ပါလျက် သောက်သူများက သောက် မြဲ သောက်နေကြမည်သာ ဖြစ်သည်။ ဤသို့ သောက်မည့် အတူ တူ တတ်နိုင်သမျှ အန္တရာယ်ကင်းစွာ ဘေးမသီရန်မခ သောက် နိုင်ကြပါစေဟု ရည်ရွယ်ရေးနေခြင်း ဖြစ်ပါသည်။ အရက်ဖြတ်ရန် တရားဟောနေခြင်း မဟုတ်သလို အရက်သောက်ရန် တိုက်တွန်း နေခြင်းလည်း မဟုတ်”
(၄)
“အရက်သောက်လျှင် ညနေ စိတ်အား လူအား ရှိချိန် ရေ မိုးသန့်စင်ပြီး အဝတ်အစား လဲလှယ်ပြီးမှ နေရာထိုင်ခင်းသန့်သန့်၊ ဖန်ဘူး၊ ဖန်ခွက်သန့်သန့်နှင့်သာ အရက်သောက်လိုသည်။ ချွေး စော်ညှီစော်နံသော၊ ကိုယ်နံ့မသန့်မပြန့်နှင့် မည်သည့်အခါမျှ မသောက်လို။ အရက်ကို ဤမျှ လေးစားသည်။ နေရာပေးသည်။ သို့မှသာ သူကလည်း ကိုယ့်ကို လေးစားမည် ဖြစ်သည်”
(၅)
“….. အရက်ကို ကျွန်တော် အထင်ကြီးသည်။ မည်သည့် အခါမျှ သူ့ကို မစော်ကားရဲ၊ အထင်မသေးရဲပါ။ အရက်ကို အထင် သေးသောနေ့သည် အရက်ကျေးကျွန် ဖြစ်မည့်နေ့ပင်တည်း။ အရက်ကောင်းတစ်ခွက်ကို သောက်တိုင်း သောက်တိုင်း အား… တယ်ကောင်းပါကလား ဟူသော အသိနှင့်အတူ ဒီကောင်ဟာ ငါ့ ကို ကောင်းကောင်း ဒုက်္ခပေးနိုင်ပါကလား ၊ သူ့ကို ငါစွဲအောင် စွဲ လမ်းစေနိုင်တဲ့ သတ္တိရှိပါလား ဟူသော အသိစိတ်တို့သည် တစ် ပြိုင်တည်း ဖြစ်ပေါ်လာရပါသည်။ ကြိုက်စိတ်နှင့် ကြောက်စိတ်တို့ တစ်ပြိုင်တည်း ဆိုက်ရပါသည်။ သို့ကြောင့် သောက်တိုင်း သောက်တိုင်း ကြောက်ပါသည်။ အရက်စွဲသွားမှာကို ကြောက်ပါ သည်။ ဤကဲ့သို့ ရိုသေလေးစားစွာ ကြောက်ကြောက်နှင့်သောက် ပါမှ တန်ကာကျပါသည်။ သို့ကြောင့် အရက်ကို မည်သည့်အခါမျှ အထင်မသေးရဲ၊ မသေးဝံ့ကြောင်းပါ။
(၆)
“….. အရက်က ပေးသည့် သတ္တိသည် အတုအယောင် သတ္တိ။ အရက်က ပေးသည့် ကျန်းမာရေးသည် အတုအယောင် ကျန်းမာရေး။ အရက်က ပေးသည့် ပျော်ရွှင်မှုသည် ယာယီ ပျော် ရွှင်မှု။ အရက်က ပေးသည့် မိတ်ဆွေသည် မိတ်ဆွေစစ် မိတ်ဆွေ မှန် မဟုတ်ဟု ကျွန်တော် အခိုင်အမာ ဆိုပါသည်။
အရက်သည် အပျော်အပါးကြိုက်သူများအတွက် ယာယီ အားဖြင့် နာရီပိုင်းမျှသာ ခံသော ပျော်ရွှင်မှု ဖြစ်သည်။ သတ္တိနည်း ၍ ဘဝကို ရင်မဆိုင်ဝံ့သူများအတွက် ပုန်းလျှိုးခိုအောင်းရာ ဖြစ် သည်။ ပျော်ရွှင်မှုကို ယာယီရယူလို၍ အရက်သောက်သည်ဆို လျှင် လက်ခံနိုင်ကောင်း လက်ခံနိုင်မည် ဖြစ်သော်လည်း ဘ၀ တွင် တွေ့ကြုံရမြဲဖြစ်သော အခက်အခဲများ၊ ပြဿနာများကို သတ္တိရှိရှိ မဖြေရှင်းနိုင်သောကြောင့် ပြဿနာတက်၍ သောက်ရ ပါသည်ဟူသော အရက်သောက်သုံးမှုကိုမူ လုံး၀ လက်မခံနိုင်ပေ။ အရက်သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်း မရှိ။ အရက် သောက်ခြင်းအတွက် ပြဿနာများ ရှင်းမသွားသည့်ပြင် ဆင့်ကဲ ပြဿနာ တက်လေ့ရှိသည်”
(၇)
အဲဒါတွေကတော့ မောင်သော်ကရဲ့ အာဘော်တွေပါပဲ။ ဆရာဟာ ရေတပ်ထဲကို တပ်သားဘဝက စဝင်ခဲ့ပြီး အာမီရမ်နဲ့ ကြီးပြင်းလာခဲ့ရာမှာ အရက်အကြောင်း ကောင်းကောင်းသိသူ တစ်ယောက် ဖြစ်လာခဲ့တယ်။ စာရေးဆရာနဲ့ အရက်။ အရက်နဲ့ စာရေးဆရာ အတွဲအဖက်ဟာ လူသိထင်ရှားတဲ့ အတွဲအဖက်ပါပဲ။ အရက်ရည်ဝနေတဲ့ စာရေးဆရာတွေ ရှိသလို လျှာဖျားပေါ် တစ် စက်မှ ယောင်လို့တောင် မတင်ဖူးကြသူတွေလည်း တပုံတပင် ပေါ့။ စင်စစ်မှာ စာရေးဆရာလောကတစ်ခုတည်း မဟုတ်ဘူးလို့ ပြောနိုင်တယ်။ အနုပညာနဲ့ ဆက်စပ်သူအားလုံးလို့ ပြောနိုင်ပါ တယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေအားလုံး အကျုံးဝင်တယ်။
(၈)
အရက်ကို လောကီ၊ လောကုတ် နှစ်ဌာနစလုံးက တားမြစ် ပေမယ့် လူတွေက ဘာမှ မဖြစ်သလိုပါပဲ။ ဘာသာရေးရော လူမှု ရေးပါ မငဲ့ဘူး။ ခုကာလမှာတော့ အရက်က လွှမ်းမိုးနေပြီးသား ဖြစ်နေတယ်။ စာထဲပေထဲမှာ အရက်ကို ရှောင်ကြဉ်စရာအဖြစ် ရေးဖွဲ့ကြတာ များတယ်။ အခု ဆရာမောင်သော်ကရဲ့ ယမကာ လုလင်ကတော့ အဲဒီထက်ပိုပြီး ခွဲခြမ်းစိတ်ဖြာပြပါတယ်။ အကျိုး နဲ့ အကြောင်း၊ အဖြစ်နဲ့ သနစ်။ ကိုယ့်ဘာသာ လိုက်နာခြင်း၊ မလိုက်နာခြင်းက တစ်ကိစ်္စပေါ့။ ငယ်သူတွေသာမက အလုပ်သင် အရက်ဆရာတွေရော ဝါရင့် အရက်ချိုးကပ်ပြီး ရာဝင်အိုးထဲ ဇောက်ထိုးဆင်းနေကြသူတွေပါ မဖတ်မဖြစ် ဖတ်ကြရမယ့် စာ တစ်အုပ်ပါ။
(၉)
ပထမအကြိမ်။ ၂၀၁၈ အောက်တိုဘာ။ ကာဗာ ဇော်မောင်။ ၇၇ မျက်နှာ။ ၁၁.၅ x ၁၈.၂ စင်တီ။ ဃှုဏ ၈၀၈.၈၄။ အုပ်ရေ ၁,၀၀၀။ တန်ဖိုး ကျပ် ၂,၀၀၀။
အထူးခြားဆုံးမှာ စာအုပ်အတွက် ထုတ်ဝေသူက အက်္ခရာ စဉ်အဩန်း (index) ထည့်ပေးထားခြင်းပင် ဖြစ်၏။