ယင်းမာပင် – ၂၀၂၂ မတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက် မီးရှိဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာက နေအိမ် ၁၆ လုံးကို မီးရှိဖျက်ဆီးခဲ့ပြီး အဆိုပါနေအိမ်တွေမှာ မွေးမြူထားတဲ့ နွား တွေ၊ဝက်တွေနဲ့ မြင်းတွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒါအပြင် ဆိုက်တွဲ တစ်စီး၊ နွားစာစင်းစက် ၊ မီးစက်၊ ဒိုင်နမို စတဲ့ပစ္စည်းတွေကိုပါ မီးရှိဖျက်ဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။
“ပျက်စီးသွားတဲ့ ပစ္စည်းက မနည်းပါဘူး။ ပဲနှမ်း သနပ်ခါး၊ဆီးသီး စတဲ့ တောင်သူ လုပ်ရစုဆောင်းထားသမျှ ရုတ်ရုတ်သဲသဲထွက်ပြေးကြရတော့ ငွေကြေးက ယူမပြေးနိုင်ဘူးလေ”လို ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဘန့်ဘွေးရွာမမှာ တပ်စွဲခဲ့ပြီး ထန်းဇင်ရွာကိုပါ ဝင်ရောက်မီးရှိဖျက်ဆီးခဲ့တဲ့အပြင် အဖိုးတန်ပစ္စည်းအချိုနှင့်ငွေကြေးတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံက ပြောပါတယ်။
ယင်းမာပင်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ နယ်ခံPDF တွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပြီး ရွာပေါင်းများစွာလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုံစာ – ဖျက်ဆီးမီးရှို့ခံထားရတဲ့ နေအိမ်များ။
ဓါတ်ပုံ-ဒေသခံ
#Dailynews

